ပိဏ္ဍုက္ခေပကသိက္ခာပုဒ်
ပုံပန်းသွင်ပြင်
(ဒုတိယသေခိယသိက္ခာပုဒ်၊ သက္ကစ္စဝဂ် မှ ပြန်ညွှန်းထားသည်)
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ပိဏ္ဍုက္ခေပကသိက္ခာပုဒ် (ကဗဠဝဂ်)
ဆွမ်းကို မြှောက်၍ စားခြင်း
[ပြင်ဆင်ရန်]ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားသောအခါ ဆွမ်းလုပ်ကို ပါးစပ်နားကပ်၍ မသွင်းဘဲ မြှောက်၍ (ပစ်၍) မြှောက်၍ စားခြင်း ပါးစပ်ထဲသို့ သွင်းကြကုန်၏၊ ထိုအပြုအမူကား အလွန် ရိုင်းစိုင်းသော အပြုအမူတည်း၊ ထို့ကြောင့်, လူတို့ ကဲ့ရဲ့ကြရကား...[၁]
“န ပိဏ္ဍုက္ခေပကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
မြန်မာပြန်
[ပြင်ဆင်ရန်]“ဆွမ်းလုပ်ကို မြှောက်၍ မစားအံ့”ဟု အလေ့အကျင့်ကို ပြုရမည်။
မှတ်ချက်
[ပြင်ဆင်ရန်]“ပိဏ္ဍ = ထမင်းခဲကို + ဥက္ခေပကံ− မြှောက်၍”ဟု သဒ္ဒါနက် ထွက်သောကြောင့် ဆွမ်းလုပ်တခုလုံးသာမက, ဆွမ်းခဲတစ်ခဲကိုမျှလည်း-မြှောက်၍ ပစ်၍ ပါးစပ်ထဲ မသွင်းရ၊ ပါးစပ်အနားကပ်၍ တေ့၍ သွင်းရသည်၊ သို့သော် မုံ့စသော ခဲဘွယ်နှင့် သစ်သီးကြီးငယ်ကိုကား ပါးစပ်နားမတေ့မိခင် မြှောက်၍ သွင်းသော်လည်း အာပတ်မသင့်ဟု ခွင့်ပြုတော်မူသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး။