သမ္ဗာဓလောမသိက္ခာပဒ

ဝီကီပီးဒီးယား မှ
(ဒုတိယသိက္ခာပုဒ်၊ လသုဏဝဂ် မှ ပြန်ညွှန်းထားသည်)

အမှု—အင်္ဂါဇာတ်အမွေးတို့ကိုနုတ်(ရိတ်)မှု။

အမှုသည်—ဆဗ္ဗဂ္ဂီဘိက္ခုနီများ။ [၁]

ဆဗ္ဗဂ္ဂီမများ[ပြင်ဆင်ရန်]

ဆဗ္ဗဂ္ဂီရဟန်းတို့၏ ဩဝါဒခံသော ဘိက္ခုနီများကိုလည်း “ဆဗ္ဗဂ္ဂိယာ”ဟုခေါ်၏၊ ထိုဘိက္ခုနီတို့သည် အင်္ဂါဇာတ် မွေးတို့ကို ဖယ်ကြ, နုတ်ကြ, ရိတ်ကြပြီးလျှင် အစီရဝတီမြစ်၌ ရေလဲမပါဘဲ ပြည့်တန်ဆာမတို့နှင့် ရောနှော၍ ရေချိုးကြကုန်၏၊ ထိုအခါပြည့်တန်ဆာမတို့သည် ဘိက္ခုနီတွေကလဲ ကာမဂုဏ်ခံစားသော လူဝတ်ကြောင် မိန်းမများလို အမွေးအမျှင်ကို နှုတ်ကြ, ရိတ်ကြရသတဲ့လား” ဟု ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယာ ပန ဘိက္ခုနီ သမ္ဗာဓေ လောမံ သံဟရာပေယျ, ပါစိတ္တိယံ။

မြန်မာပြန်[ပြင်ဆင်ရန်]

အကြင်ဘိက္ခုနီသည် ကျဉ်းမြောင်းသော (ကြိုင်းကြား, အင်္ဂါဇာတ်)အရပ်၌-အမွေးအမျှင်ကို ပယ်ရှားအံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။

မှတ်ချက်[ပြင်ဆင်ရန်]

ကတ်ကျေး, မွေးညှပ်, သင်တုန်းတို့တွင် ဘာနှင့်မျှ မပယ်ရှားရ၊ ဘိက္ခုတို့ပယ်ရှားလျှင် ဒုက္ကဋ်ဟု ခုဒ္ဒကဝတ္ထုခန္ဓက၌ မိန့်၏။ အနာရောဂါရှိ၍ ဆေးမစွဲလျှင် ပယ်ရှားကောင်း၏။

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး