အာသန္ဒိပရိဘုဉ္ဇနသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ
(ဒုတိယသိက္ခာပုဒ်၊ စိတ္တာဂါရဝဂ် မှ ပြန်ညွှန်းထားသည်)

အမှု—အလွန်မြင့်သော ညောင်စောင်းအင်းပျဉ်ခုတင်, ထိုင်ခုံ များနှင့် ခြင်္သေ့ရုပ် ကျားရုပ်စသော ရဲရင့်သောသားကောင် အရုပ်များပါသော ပလ္လင်ကို သုံးစွဲကြမှု။

အမှုသည်—ဘိက္ခုနီအများ။ [၁]

ထိုသို့သုံးစွဲကြသဖြင့် လူတို့ကဲ့ရဲ့သောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယာ ပန ဘိက္ခုနီ အာသန္ဒိံ ဝါ ပလ္လင်္ကံ ဝါ ပရိဘုဉ္ဇေယျ, ပါစိတ္တိယံ။

မြန်မာပြန်[ပြင်ဆင်ရန်]

တတောင့်ထွာ ပမာဏထက်ပိုသောခြေရှိ၍ အလွန်မြင့်သော ညောင်စောင်းအင်းပျဉ် ခုတင် ထိုင်ခုံကိုလည်းကောင်း, ခြင်္သေ့ သစ်ကျားအရုပ်များဖြင့် ခမ်းနား ဆန်းကြယ်သော ပလ္လင်ကိုလည်းကောင်း, သုံးစွဲသောဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။

မှတ်ချက်[ပြင်ဆင်ရန်]

ဘိက္ခုတို့လည်း ထိုနေရာများကို မသုံးစွဲရ၊ သုံးစွဲလျှင်ဒုက္ကဋ်အာပတ် သင့်၏၊ သုံးစွဲလိုလျှင် တတောင့်ထွာထက် မလွန်အောင် ခြေထောက်ကို ဖြတ်၍လည်းကောင်း, ပလ္လင်၌ ခြင်္သေ့, သစ်ကျား အရုပ်များကို ဖျက်၍လည်းကောင်း, သုံးစွဲကောင်း၏။ အာသန္ဒီ၏ ပုံစံကိုကင်္ခါအဋ္ဌကထာ၌ “၄-ထောင့်” ဟု ပါရှိသော်လည်း ဤပါဠိတော်၏အဖွင့်၌ “အတိက္ကန္တ ပမာဏာ-(တတောင့်ထွာထက်) လွန်သော ပမာဏရှိသောနေရာ”ဟု သာမည ဖွင့်သောကြောင့် ခုတင်ထိုင်ခုံအားလုံးကိုပင် ပြလိုက်သည်။ “ပလ္လင်္ကော နာမ အာဟရိမေဟိ (တပ်အပ်ကုန် သိအပ်ကုန်သော) ဝါဠေဟိ-သားရဲ, သားကောင် (ခြင်္သေ့, သစ်ကျား)တို့ဖြင့် ကတော” ဟု ဖွင့်၏။ ဤသိက္ခာပုဒ်သည် ဘိက္ခုနီတို့သုံးစွဲမှုကြောင့် ပညတ်အပ်သော သိက္ခာပုဒ်တည်း၊ ပမာဏာတိက္ကန္တ -ညောင်စောင်းစသည်ကို ပြုလုပ်လျှင်ကား ပါစိတ်အာပတ်ဟု ဘိက္ခုရတနဝဂ်၌ ပညတ်တော်မူခဲ့ပြီ။

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး