ပါယန္တီသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ
(ဒုတိယသိက္ခာပုဒ်၊ ဂဗ္ဘနီဝဂ် မှ ပြန်ညွှန်းထားသည်)

အမှု—နို့တိုက်နေရသော မိန်းမကို ရဟန်းပြုပေးမှု။

အမှုသည်—ဘိက္ခုနီအများ[၁]

ထိုကဲ့သို့ ပြုပေးမှုကြောင့် (ရှေ့သိက္ခာပုဒ်ကဲ့သို့) ဆွမ်းကိုလည်း ဂရုစိုက်၍ လောင်းကြ, ကဲ့ရဲ့၍လည်း ကဲ့ရဲ့ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယာ ပန ဘိက္ခုနီ ပါယန္တိံ ဝုဋ္ဌာပေယျ, ပါစိတ္တိယံ။

မြန်မာပြန်[ပြင်ဆင်ရန်]

နို့တိုက်ပဲ (နို့တိုက်နေရသေးသော) မိန်းမကို ရဟန်း ပြုပေးသော ဥပဇ္ဈာယ်ဆရာမမှာ ပါစိတ်အာပတ်သင့်၏၊ [အခြား သူများကား ရှေ့သိက္ခာပုဒ်အတိုင်း ဒုက္ကဋ်အာပတ်သင့်၏၊ “နို့တိုက် သောမိန်းမ”ဟူရာ၌ မိခင်အရင်းဖြစ်စေ နို့ထိန်းဖြစ်စေ ၂-မျိုးလုံး ပါဝင်၏။]

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး