ဧကဝဿသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ
(တေရသမသိက္ခာပုဒ်၊ ကုမာရီဘူတဝဂ် မှ ပြန်ညွှန်းထားသည်)

အမှု—တနှစ်တည်း၌ ၂-ပါး ရဟန်းပြုပေးမှု။

အမှုသည်—ဘိက္ခုနီအများ။[၁]

နှစ်စဉ် ၁-ပါးကျ ပြုမပေးရသဖြင့် တစ်နှစ်ခြားပြီးလျှင် နောက်တနှစ်၌ သိက္ခမာန် ၂-ပါးကို ဆရာလုပ်နိုင်သူတို့က ဥပဇ္ဈာယ်လုပ်၍ ရဟန်းပြုပေးကြလေရာ ရှေ့သိက္ခာပုဒ်လာ ဝတ္ထုအတိုင်း နေရာကျောင်း မလောက်သောကြောင့် လူတို့က စ၍ ကဲ့ရဲ့ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယာ ပန ဘိက္ခုနီ ဧကံ ဝဿံ ဒွေ ဝုဋ္ဌာပေယျ, ပါစိတ္တိယံ။

မြန်မာပြန်[ပြင်ဆင်ရန်]

တနှစ်ထည်း၌ သိက္ခမာန် ၂-ပါးကို ရဟန်းပြုပေးသော ဥပဇ္ဈာယ်ဆရာမမှာ ပါစိတ်အာပတ်သင့်၏။ [ဤသိက္ခာပုဒ် ၂-ပါး အလိုအားဖြင့် ၂-နှစ်မှ တစ်ပါးသာရဟန်းပြုပေးကောင်းတော့သည်။]

ကုမာရီဘူတဝဂ်ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး