အဇ္ဈောကာသသလ္လပနသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ
(တတိယသိက္ခာပုဒ်၊ အန္ဓကာရဝဂ် မှ ပြန်ညွှန်းထားသည်)

အမှု—လွင်ပြင်၌ နေမှု။

အမှုသည်—ဘိက္ခုနီတစ်ယောက်။ [၁]

လွင်ပြင်၌ နေမှု[ပြင်ဆင်ရန်]

ဘဒ္ဒါကာပိလာနီ၏ တပည့်မဖြစ်သော ထိုဘိက္ခုနီသည်ပင်(ရှေ့သိက္ခာပုဒ်များကို ရှောင်ရှား၍)ထိုယောက်ျား နှင့်အတူ လွင်တီးခေါင်၌ (အကွယ် အကာမရှိသော လွင်ပြင်၌) တစ်ယောက်ချင်းနေမှုကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယာ ပန ဘိက္ခုနီ အဇ္ဈောကာသေ ပုရိသေန သဒ္ဓိံ ဧကေနေကာ သန္တိဋ္ဌေယျ ဝါ သလ္လပေယျ ဝါ, ပါစိတ္တိယံ။

မြန်မာပြန်[ပြင်ဆင်ရန်]

အကြင်ဘိက္ခုနီသည် လွင်တီးခေါင်၌ ယောက်ျားနှင့်အတူ တစ်ယောက်ချင်း ရပ်တည်မူလည်း ရပ်တည်အံ့, စကားပြောမူလည်း စကားပြောအံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး