သုတ္တကန္တနသိက္ခာပုဒ်
(တတိယသိက္ခာပုဒ်၊ စိတ္တာဂါရဝဂ် မှ ပြန်ညွှန်းထားသည်)
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
အမှု—ဗိုင်းငင် = ချည်ငင်မှု။
အမှုသည်—ဆဗ္ဗဂ္ဂီဘိက္ခုနီများ။ [၁]
“ဘိက္ခုနီတွေ့နှယ် ကာမစည်းစိမ်ခံစားသော အိမ်ထောင်သည် မိန်းမများလို ဗိုင်းငင်ကြရသလား” ဟု လူတို့ကဲ့ရဲ့မှုကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်[ပြင်ဆင်ရန်]
ယာ ပန ဘိက္ခုနီ သုတ္တံ ကန္တေယျ, ပါစိတ္တိယံ။
မြန်မာပြန်[ပြင်ဆင်ရန်]
ချည်ငင်သော ဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏၊ ချည်မငင်မီ ဝါကိုရွေးချယ်သည်မှစ၍ လုံ့လစိုက်တိုင်း ဒုက္ကဋ်အာပတ် သင့်၏၊ ငင်သည့်အခါ ဝင်ရိုး၌တစ်ပတ်ရတိုင်း, တစ်ပတ်ရတိုင်း ပါစိတ် တချက်တချက်သင့်၏။
ကိုးကား[ပြင်ဆင်ရန်]
- ↑ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး။