အဘိက္ခုကာဝါသသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ
(ဆဋ္ဌမသိက္ခာပုဒ်၊ အာရာမဝဂ် မှ ပြန်ညွှန်းထားသည်)

အမှု—အနီးအပါးဝယ် ရဟန်းယောက်ျား မရှိသောကျောင်း၌ ဝါကပ်လှူ (ဝါတွင်းနေမှု။)

အမှုသည်—ဘိက္ခုနီအများ။ [၁]

ဘိက္ခုနီ အများ[ပြင်ဆင်ရန်]

များစွာသော ဘိက္ခုနီတို့သည် သာဝတ္ထိမြို့နယ် ရွာငယ်တစ်ခု၌ ဝါကပ်၍ (ဝါတွင်း ၃ လ ပြီး၍) ဝါကျွတ်သောအခါ သာဝတ္ထိသို့ သွားကြလေသည်၊ သာဝတ္ထိ၌ ရှိနှင့်သော ဘိက္ခုနီတို့သည် ရောက်လာသော ဘိက္ခုနီတို့ကို “ဘယ်မှာ ဝါကပ်ခဲ့ကြသလဲ, အဆုံးအမ ဩဝါဒကော ပြည့်စုံရဲ့လား”ဟု မေးကြလေသည်၊ ထိုအခါ မည်သည့် ရွာငယ်မှာ ဝါကပ်ခဲ့ကြောင်း ပြောပြီးလျှင် “ဩဝါဒပြည့်စုံဖို့တော့ ဘယ်မှာ ဖြစ်နိုင်မည်လဲ၊ အဲဒီရွာငယ်မှာ ဩဝါဒပေးမည့် ရဟန်းယောက်ျားမှ မရှိဘဲဟု ပြန်ပြောလေရာ, ဘိက္ခုမရှိသောနေရာမှာ ဝါကပ်ခြင်းကို ကဲ့ရဲ့ ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယာ ပန ဘိက္ခုနီ အဘိက္ခုကေ အာဝါသေ ဝဿံ ဝသေယျ, ပါစိတ္တိယံ။

မြန်မာပြန်[ပြင်ဆင်ရန်]

အနီးအပါးဝယ် ရဟန်းယောက်ျားမရှိသော ကျောင်း၌ မိုးလပတ်လုံး နေသော (ဝါကပ်သော) ဘိက္ခုနီမှာ ပါစိတ် အာပတ်သင့်၏။

မှတ်ချက်[ပြင်ဆင်ရန်]

ဘိက္ခုနီတို့သည် အဋ္ဌမ-နဝမသိက္ခာပုဒ်တို့၌ ပြလတံ့အတိုင်း ဩဝါဒ ပေးနိုင်မည့် ဘိက္ခု အထံသို့ မပြတ်သွား၍ တရားနာဖို့ တာဝန်ရှိ၏၊ ထိုသို့ သွားဖို့ရန်လည်း ယူဇနာဝက်အတွင်း ဘေးရန် အန္တရာယ် ကင်းသော အရပ်ဝယ် ရဟန်းရှိမှ နေ့ချင်းပြန် သွားနိုင်မည်၊ (ဒါတောင် ယူဇနာတွက်ပုံက “၆ တိုင်နှင့် တာလေးရာ”ဆိုလျှင် “၃ တိုင်နှင့် တာနှစ်ရာ” ဝေးသောကြောင့် မိန်းမသားတို့ နေ့ချင်းပြန်သွားဖို့ ခဲယဉ်းသေး၏၊ ယူဇနာတွက်ပုံက ယခုမြန်မာတွက်ပုံထက် နီးမှသာ ဖြစ်နိုင်မည်၊) ထို့ကြောင့် ဘိက္ခုနီ နေမည့်ကျောင်းမှ တယူဇနာဝက်အတွင်း ဘေးကင်းသောအရပ်၌ ရဟန်းမရှိခြင်းကို ရဟန်းမရှိသော ကျောင်း”ဟုဆိုသည်။ ထိုကျောင်းမျိုး၌ ဘိက္ခုနီတို့ ဝါမကပ်ရ။

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး