ဥပတိဋ္ဌနသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ
(ဆဋ္ဌမသိက္ခာပုဒ်၊ လသုဏဝဂ် မှ ပြန်ညွှန်းထားသည်)

အမှု—ဆွမ်းစားသောရဟန်းအနီး၌ သောက်ရေ-ယပ်ခတ်မှုဖြင့် ပြုစုခြင်း။

အမှုသည်—အမတ်ကတော်ဟောင်း ဘိက္ခုနီ။ [၁]

အမတ်နှင့် ကတော်ဟောင်း[ပြင်ဆင်ရန်]

သာဝတ္ထိမြို့၌ အမတ်ကြီးတစ်ယောက်သည် ရဟန်းပြုလုပ် သွားသဖြင့် အမတ်ကတော်လည်း ဘိက္ခုနီပြုလုပ် သွားလေသည်၊ တစ်နေ့သ၌ အမတ်ဟောင်း ရဟန်းသည် အမတ်ကတော်ဟောင်း ဘိက္ခုနီထံမှာ ဆွမ်းစားနေစဉ် ကတော်ဟောင်း ဘိက္ခုနီသည် လက်တဘက်ဖြင့် သောက်ရေခွက်ကိုကိုင်၍ လက်တဘက်ဖြင့် ယပ်ခတ်ပေးနေ၏၊ ထိုသို့ ပြုစုနေရင်း(ရှေးဟောင်းနှောင်း ဖြစ်တွေကို တွေးမိကာ) “ဟိုတုန်းကလဲ အရှင်ဘုရား ထမင်းစားနေပလားဆို ဒီလိုဘဲ ပြုစုခဲ့ရတယ်နော်”ဟုပြောလေရာ, “ဟင်းဟင်းမတော်ဘူး, ဒီလိုစကားတွေ မပြောနှင့်” ဟု တားမြစ်ငေါက်ငမ်း လေသော်...အောင်မ, ဟိုတုန်း ကတော့ငါ့ကို ဟိုလိုပြု ဒီလိုပြုနှင့် ပြုချင်တိုင်းပြုခဲ့ပြီးတော့, အခုမှဒီစကား ကလေးကိုမခံနိုင်ဘူးလား” ဟု ပြောပြောဆိုဆို ကိုင်ထားသောရေခွက်ကို ထိပ်ပေါ်ပစ်ချ၍ ယပ်တောင်နှင့် ရိုက်လေတော့သတည်း၊ ထိုသို့ဖြစ်ပုံကို အခြားဘိက္ခုနီတို့က ကဲ့ရဲ့ကြ၍ ဘုရားရှင်သိတော်မူသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယာ ပန ဘိက္ခုနီ ဘိက္ခုဿ ဘုဉ္ဇန္တဿ ပါနီယေန ဝါ ဝိဓူပနေန ဝါ ဥပတိဋ္ဌေယျ, ပါစိတ္တိယံ။

မြန်မာပြန်[ပြင်ဆင်ရန်]

အကြင်ဘိက္ခုနီသည် ဆွမ်းစားနေသောရဟန်း၏ အနီး၌ သောက်ရေဖြင့် သော်လည်းကောင်း, ယပ်ဖြင့်သော်လည်းကောင်း, တည်နေ့အံ့၊ (သောက်ရေ ယပ်ခတ်မှုဖြင့် ပြုစုလုပ်ကျွေးအံ့၊) ထိုဘိက္ခုနီမှာ ပါစိတ်အာပတ် သင့်၏။

မှတ်ချက်[ပြင်ဆင်ရန်]

ဤသိက္ခာပုဒ်၏ ဝတ္ထုကြောင်း၌ ရိုက်နှက်မှုပါသော်လည်း ရိုက်နှက်မှုသည် ဤသိက္ခာပုဒ်နှင့် မဆိုင်၊ ရေ-ယက်တက်ရည်-နွားနို့ စသော အရည်ဖြင့်လည်းကောင်း, ယပ်ဖြင့်လည်းကောင်း, ပြုစုမှုသာဆိုင်၏။ ဘိက္ခုနီက ဘိက္ခုကို ပုတ်ခတ်ရိုက်နှက်လျှင် ဒုက္ကဋ်အာပတ်သင့်၏။ (ဘိက္ခုနီခန္ဓက)။

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး