ပဌမသံဃိကစေတာပနသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ
(ဆဋ္ဌမသိက္ခာပုဒ်၊ ပတ္တဝဂ် မှ ပြန်ညွှန်းထားသည်)

အမှု—သင်္ကန်းကို ရည်ညွှန်း၍ လှူအပ်သော သံဃိကဥစ္စာဖြင့် ဆေးကိုလဲလှယ်စေ။

အမှုသည်—ဘိက္ခုနီအများ။ [၁]

ဥပါသကာများ[ပြင်ဆင်ရန်]

သာဝတ္ထိမြို့၌ ဥပါသကာတို့သည် ဘိက္ခုနီသံဃာအား သင်္ကန်းလှူဖို့ရာ (တတ်နိုင်သမျှ လူကြဖို့ ပြောဆို၍) စုဆောင်းပြီးလျှင် ထိုရသမျှပစ္စည်းကို အထည်သည်တစ်ဦး၏အိမ်၌ ဘိက္ခုနီ သံဃာကတောင်းလျှင် လှူဖို့ရန်အပ်နှံ၍ ဘိက္ခုနီသံဃာအားလည်း အလိုရှိသောအခါ သင်္ကန်းကို အလှူခံဖို့ရန် လျှောက်ထားကြလေသည်။

ဘိက္ခုနီတို့သည် သင်္ကန်းလှူဖို့ ရည်မှန်းအပ်သော ထိုပရိက္ခရာဖြင့် ဆေးကို အလဲခိုင်း၍ သုံးစွဲလိုက်ကြလေရာ, အလှူရှင် ဥပါသကာတို့ ကြားသဖြင့် “သင်္ကန်းဖို့ ရည်မှန်းထားသော ပရိက္ခရာဖြင့် ဆေးကို လဲစေ၍ သုံးစွဲကြတာ ကောင်းသလား” ဟု ပြောဆို ပြစ်တင်ကြသောကြောင့် ဤသိက္ခာဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယာ ပန ဘိက္ခုနီ အညဒတ္ထိကေန ပရိက္ခာရေန အညုဒ္ဒိသိကေန သံဃိကေန အညံ စေတာပေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ။

မြန်မာပြန်[ပြင်ဆင်ရန်]

အကြင် ဘိက္ခုနီသည် အခြားပစ္စည်းအတွက် လှူအပ် အခြားပစ္စည်းကို ရည်ညွှန်း၍လှူအပ်သော သံဃိကပရိက္ခရာဖြင့် အလှူရှင် ရည်ညွှန်းအပ်သော ပစ္စည်းမှ အခြားပစ္စည်း တစ်မျိုးကို လဲစေအံ့ (လဲပေးဖို့ရန် ခိုင်းအံ့)၊ ထိုဘိက္ခုနီအား နိဿဂ္ဂိပါစိတ် အာပတ်သင့်၏။

မှတ်ချက်[ပြင်ဆင်ရန်]

အလှူရှင်တို့ ရည်ရွယ်တိုင်း လဲစေ၍ အပိုကို အခြားပစ္စည်းနှင့်လဲ၍ သုံးစွဲလျှင် လည်းကောင်း, အလှူရှင်များကို ကျေနပ်အောင် ပြောပြီးမှဖြစ်စေ, စစ်ဘေး သူခိုး ဓားပြ သူပုန်ဘေး ကြုံရာကာလ၌ဖြစ်စေ အခြားပစ္စည်းကို လဲစေလျှင်လည်းကောင်း, အနာပတ္တိ။


ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး