စိုင်ပြင်ရွာ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
စိုင်ပြင်မြို့
မြို့
စိုင်ပြင်မြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
စိုင်ပြင်မြို့
စိုင်ပြင်မြို့
စိုင်ပြင်ရွာတည်နေရာ
ကိုဩဒိနိတ်: 22°33′30″N 95°14′21″E / 22.5584602355957°N 95.2390289306641°E / 22.5584602355957; 95.2390289306641ကိုဩဒိနိတ်: 22°33′30″N 95°14′21″E / 22.5584602355957°N 95.2390289306641°E / 22.5584602355957; 95.2390289306641
နိုင်ငံ  မြန်မာ
တိုင်းဒေသကြီး စစ်ကိုင်းတိုင်းဒေသကြီး
ခရိုင် ရွှေဘိုခရိုင်
မြို့နယ် ဒီပဲယင်းမြို့နယ်
အချိန်ဇုန် မြန်မာစံတော်ချိန် (UTC+6:30)

စိုင်ပြင်ရွာသည် စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်တွင် တည်ရှိသည်။ လယ်တီဆရာတော်ဘုရားကြီး မွေးဖွားခဲ့သည့် ဒေသ ဖြစ်သည်။ စိုင်ပြင်ရွာကို 2018 ခုနှစ်မှစ၍ စိုင်ပြင်မြို့အဖြစ်သို့တိုးမြှင့်သတ်မှတ်ခဲ့သည်။[ကိုးကားချက်လိုသည်] ယခုအခါ စိုင်ပြင်မြို့ကို ရပ်ကွက်ကြီး ၅ ခုခွဲထားပြီး အိမ်ထောင်စု ၂၅၀၀ ခန့်မှီတင်းနေထိုင်ကြသည်။ ၁၆ ကုတင်ဆန့်တိုက်နယ်ဆေးရုံရှိပြီး ဆရာဝန်တစ်ယောက်၊ သူနာပြုနှင့် သူနာပြုအကူတို့ဖြင့် အနီးအနားကျေးရွာမှ လူနာများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည်။ဘုန်းတော်ကြီးကျောင်း ၁၁ ကျောင်းရှိပြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၃ ကျောင်းရှိသည်။အခြေခံပညာအထက်တန်းကျောင်းတစ်ကျောင်းနှင့် မူလတန်းကျောင်းတစ်ကျောင်းရှိသည်။ အဓိကစီးပွားရေးမှာ ကူးသန်းရောင်းဝယ်ရေးဖြစ်သည်။အနီးအနားရွာများမှ ထွက်ရှိသော စပါး၊ပဲ၊နှမ်းများမှာ စိုင်ပြင်၏ ရောင်းကုန် ဝယ်ကုန်များဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

2017 August 18 ပြည်သူ့လွှတ်တော် အစည်းအဝေးအရ စိုင်ပြင်ရွာကို မြို့အဖြစ်သို့ တိုးမြှင့်သတ်မှတ်ခဲ့သည်။