ဩဒနပ္ပဋိစ္ဆာဒနသိက္ခာပုဒ်
ပုံပန်းသွင်ပြင်
(စတုတ္ထသေခိယသိက္ခာပုဒ်၊ ခမ္ဘကတဝဂ် မှ ပြန်ညွှန်းထားသည်)
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ဩဒနပ္ပဋိစ္ဆာဒနသိက္ခာပုဒ် (သက္ကစ္စဝဂ်)
ဟင်းကို ဆွမ်းဖြင့် ဖုံးမှု
[ပြင်ဆင်ရန်]ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းခံသောအခါ (ဤသို့ဖုံးထားလျှင် မရသေးဘူးထင်၍ နောက်ထပ် လောင်းကြလိမ့်မည်ဟု မရိုးသားသော စိတ်ကူးဖြင့်) များများအလိုရှိ၍ ပဲဟင်း-ဟင်းလျာတို့ကို ဆွမ်းဖြင့် ဖုံးထားကြကုန်၏၊ (ဤသို့ ပြုလုပ်မှုကား သက်သက်အောက်တန်းစားတို့၏ အပြုအမူသာဖြစ်၏၊ ထို့ကြောင့်) ထိုအပြုအမူကို သိရှိသော လူတို့က ကဲ့ရဲ့ကြသဖြင့်—[၁]
“န သူပံဝါ ဗျဉ္ဇနံဝါ ဩဒနေန ပဋိစ္ဆာဒေဿာမိ ဘိယျောကမျတံ ဥပါဒါယာတိ သိက္ခာကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
မြန်မာပြန်
[ပြင်ဆင်ရန်]“ပဲဟင်းကို၎င်း ပဲဟင်းမှတပါး အခြားဟင်းလျာကို၎င်း အများကို အလိုရှိသည်ဖြစ်၍ ဆွမ်းဖြင့် မဖုံးအံ့”ဟု အလေ့အကျင့်ကို ပြုရမည်၊ [အများကို အလိုရှိ၍ မဟုတ်ဘဲ အခြားအကြောင်းကြောင့် ဖုံးရာ၌၎င်း, လူတို့ကိုယ်တိုင်က နွားသားဟင်းစသည်ကို လူသိမှာ စိုး၍ ဆွမ်းဖြင့် ဖုံးပြီးလှူလိုက်ရာ၌၎င်း-အာပတ်မသင့်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး။