သသိတ္ထကသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ
(စတုတ္ထသေခိယသိက္ခာပုဒ်၊ ကဗဠဝဂ် မှ ပြန်ညွှန်းထားသည်)

သသိတ္ထကသိက္ခာပုဒ် (သုရုသုရုဝဂ်)

ဆွမ်းလုံးနှင့်ဆေးရေကို မြို့ရွာတွင်း၌ သွန်မှု[ပြင်ဆင်ရန်]

ရဟန်းတို့သည် ထိုကောကနပြာသာဒ်၌ပင် ဆွမ်းစားပြီးနောက် “ဆွမ်းလုံးနှင့် တကွသော သပိတ် ဆေးရေကို မြို့ရွာတွင်း၌ သွန်ပစ်ကြကုန်၏၊ (ထိုသို့ သွန်ပစ်ခြင်းကြောင့် သွန်ရာဌာနသည် စက်ဆုပ်စရာ ဖြစ်နေ၏၊ တနည်းအားဖြင့် လူတို့သည် အသက်သခင်ဖြစ်သော ဆွမ်းလုံးကို မနင်းလိုကြ၊)ထို့ကြောင့် လူတို့ကဲ့ရဲ့ရကား—[၁]

“န သသိတ္ထကံ ပတ္တဓောဝနံ အန္တရဃရေ ဆဋ္ဋေဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန်[ပြင်ဆင်ရန်]

“ဆွမ်းလုံးနှင့်တကွဖြစ်သော (ဆွမ်းလုံးပါသော)သပိတ် (စားခွက်)ဆေးရေကို မြို့ရွာအတွင်း၌ မသွန်အံ့”ဟု အလေ့အကျင့်ကို ပြုရမည်၊ [ဆွမ်းလုံးတို့ကို သီးခြား ဆယ်ထုတ်ပြီးမှ ရေချည်းသွန်လျှင်၎င်း, ဆွမ်းလုံးများကို အလုံးပျက်အောင် ချေပြီးမှ သွန်လျှင်၎င်း, ရွာတွင်း ဖြစ်စေကာမူ လက်ဆေးခံစသည်၌ ဆွမ်းလုံးပါသောရေကို သွန်လျှင်၎င်း အာပတ်မသင့်၊ မြို့ရွာပြင်ဘက်သို့ ယူခဲ့ပြီးမှ သွန်ရာ၌လည်း အနာပတ္တိပင်။

ဤတွင် ဆွမ်းစားမှုနှင့်ဆိုင်သော သိက္ခာပုဒ်များ ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး