ဒုတိယိကဥယျောဇနသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ
(စတုတ္ထသိက္ခာပုဒ်၊ အန္ဓကာရဝဂ် မှ ပြန်ညွှန်းထားသည်)

အမှု—ရထားလမ်းစသည်၌ ယောက်ျားနှင့်အတူ တစ်ယောက်ချင်း နေမှု။

အမှုသည်—ထုလ္လနန္ဒာ။ [၁]

ထုလ္လနန္ဒာ၏ နေပုံ[ပြင်ဆင်ရန်]

ထုလ္လနန္ဒာသည်(မြင်းရထား, မော်တော်ကားစသည်တို့ သွားနိုင်ရာ) ရထားလမ်း၌လည်းကောင်း, (အခြားလမ်းသို့ ထုတ်ချင်းမပေါက်ဘဲ ဝင်သောနေရာမှပင် ပြန်၍ထွက်ရသော) လမ်းတို့၌လည်းကောင်း, လမ်းဆုံ လမ်းခွ၌လည်းကောင်း, ယောက်ျားနှင့်အတူ တစ်ယောက်ချင်းအနီး၌လည်း ရပ်၏, အနီး၌လည်း စကားပြော၏၊ နားအနီး ကပ်၍လည်း တိုးတိုးပြော၏၊ အဖေါ်ပါလာလျှင်လည်း ပြောချင်တာပြော ရအောင် ပြန်၍ လွှတ်၏၊ ထိုပြုလုပ်ပုံတွေကို အခြားဘိက္ခုနီတို့ ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယာ ပန ဘိက္ခုနီ ရထိကာယ ဝါ ဗျူဟေ ဝါ သိင်္ဃာဋကေ ဝါ ပုရိသေန သဒ္ဓိံ ဧကေနေကာ သန္တိဋ္ဌေယျ ဝါ သလ္လပေယျ ဝါ နိကဏ္ဏိကံ ဝါ ဇပ္ပေယျ ဒုတိယိကံ ဝါ ဘိက္ခုနိံ ဥယျောဇေယျ, ပါစိတ္တိယံ။

မြန်မာပြန်[ပြင်ဆင်ရန်]

အကြင်ဘိက္ခုနီသည် ရထားသွားလောက် ထုတ်ချင်း ပေါက်လမ်း၌သော်လည်းကောင်း, ထုတ်ချင်းမပေါက်သောလမ်း၌သော်လည်းကောင်း, လမ်းဆုံ လမ်းခွ၌သော်လည်းကောင်း, ယောက်ျားနှင့်အတူ တစ်ယောက်ချင်း ရပ်တည်မူလည်း ရပ်တည်အံ့, စကားပြောမူလည်း စကားပြောအံ့, နားရင်း၌မူလည်း ပြောဆိုအံ့, အဖေါ်ဖြစ်သော ရဟန်းမကိုမူလည်း ပြန်လွှတ်အံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး