ဥပါလိသိမ်

ဝီကီပီးဒီးယား မှ
ဥပါလိသိမ်
ဥပါလိသိမ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဥပါလိသိမ်
မြန်မာနိုင်ငံ အတွင်း တည်နေရာပြ မြေပုံ
အချက်အလက်များ
ကိုဩဒိနိတ်21°10′47″N 94°52′35″E / 21.179674°N 94.876330°E / 21.179674; 94.876330ကိုဩဒိနိတ်: 21°10′47″N 94°52′35″E / 21.179674°N 94.876330°E / 21.179674; 94.876330
ဘာသာရေး နှီးနွယ်မှုဗုဒ္ဓဘာသာ
Sectထေရဝါဒ ဗုဒ္ဓဘာသာ
မျူနယ်စီပယ်ပုဂံ
တိုင်းမန္တလေးတိုင်းဒေသကြီး
နိုင်ငံမြန်မာနိုင်ငံ
ဗိသုကာ
တည်ထောင်သူအနော်ရထာ
ပြီးစီး၁၂၀၀ ပြည့်နှစ်ခန့်

ဥပါလိသိမ်သည် ရဟန်းများ သိမ်ဝင်ရာ သိမ် အဆောက်အဦ ဖြစ်ပြီး ပုဂံခေတ်က ရှိခဲ့သော အုတ်ခုံ အဟောင်းပေါ်တွင် အေဒီ(၁၇၉၃)က သိမ် အဆောက်အဦအသစ် ထပ်မံဆောက်လုပ်ထားခြင်း ဖြစ်သည်။ ဥပလိသိမ် ၏ အနောက်ဘက်မုခ် မြောက်နံရံရှိ မင်စာတွင် အနော်ရထာ မင်းကြီး နှင့် ဥပါလိမထေရ် တို့က သိမ်သမုတ်ကြောင်း ရှိသဖြင့် ဥပါလိသိမ်ဟု ခေါ်တွင်ခဲ့ခြင်း ဖြစ်သည်။ ယနေ့ အချိန်တွင် ပုဂံခေတ်ကသိမ် များထဲမှ ဥပါလိသိမ် သာ ကျန်ရစ်ပြီး ကျန်သိမ်များအားလုံး ပျောက်ကွယ် သွားကြပြီဖြစ်သည်။

(မူကွဲ - နားတောင်းများမင်း နှင့် ကျစွာမင်းတို့လက်ထက် ပုဂံ၌ သီတင်းသုံးခဲ့သော ဥပါလိမထေရက သိမ်သမုတ်ခဲ့လေ၍ ဥပါလိသိမ်ဟု ခေါ်တွင်ခြင်းဖြစ်သည်ဟု ဆိုကြသည်။[၁] )

တည်နေရာ[ပြင်ဆင်ရန်]

ဥပါလိသိမ်သည် ပုဂံ - ညောင်ဦးကားလမ်းမ ဘေးတွင်ရှိသည်။ ပုဂံမှ ညောင်ဦးသို့ လာလျှင် ထီးလိုမင်းလို ဘုရားမရောက်ခင် ဝဲဘက်တွင်တည်ရှိပြီ၊ ညောင်ဦးမှ ပုဂံသို့လာ လျှင် ထီးလိုမင်းလို ဘုရားအလွန် ညာဘက် တွင်ရှိသည်။ သာသနိက အဆောက်အအုံအမှတ်မှာ ၂၁၂၁/၁၄၁၆ ဖြစ်သည်။

ဗိသုကာ လက်ရာများ[ပြင်ဆင်ရန်]

ပုံသဏ္ဌာန်[ပြင်ဆင်ရန်]

ပုံသဏ္ဌာန်မှာ လေးထောင့် ရှည်လျားလျား ပုံသဏ္ဌာန်ရှိသည်။ အမိုးတွင် စိန်တန်းနှစ်ဆင့် သွယ်တန်းနေလျက် ထိုအလယ်တွင် စေတီငယ်တစ်ဆူဖြင့် တန်ဆာဆင်ထားလေသည်။ ခန်းမအတွင်း အနောက်ဘက်ပိုင်း အစွန်၌ အုတ်ပုလ္လင်တံကဲနှင့် ဆင်းဆုတော်တစ်ဆူ စံပယ်တော်မူသည်။ ထိုအဆောက်အုံကို နှောင်းခေတ်များတွင် ပြုပြင်မွမ်းမံခဲ့လေသည်။

အတွင်းနံရံ[ပြင်ဆင်ရန်]

အတွင်းခန်းမနံရံ၌ ပန်းချီဆေးရေးပုံများရှိသည်။ ပန်းချီဆေးရေးပုံများမှာ နှစ်ကျိပ်ရှစ်ဆူ ဘုရားများ၊ တောထွက်ခန်းနှင့် အခြားဗုဒ္ဒဝင်ဇာတ်လမ်းများ၊ လှပသော ကနုတ်ပန်း၊ ခြူးပန်း၊ ခြူးနွယ်များကို ရေးဆွဲထားသည်။ ဥပါလိသိမ် အတွင်းတွင် ကုန်းဘောင်ခေတ် နံရံဆေးရေး ပန်းချီများ ဖြစ်သည့် နှစ်ကျိတ် ရှစ်ဆူ ဘုရားများ၊ ဗုဒ္ဓ တောထွက်ခန်း၊ ဆံတော်ပယ်ခန်း စသည့် ဗုဒ္ဓဝင် ဇာတ်ကွက်များ၊ ကနုတ်ပန်း နှင့် ခြူးပန်း ခြူးနွယ်များ၊ နံရံအောက် ဘက်တန်း များတွင် မြတ်စွာဘုရား ဝါဆိုစဉ်များ ရှိသည်။

ဥပါလိသိမ် အပြင်ဘက်ရှိ ကုန်းဘောင်ခေတ် အင်္ဂတေ ပန်းတော့ လက်ရာများကို လေ့လာနိုင် သည်။

(၈) ဇူလိုင် (၁၉၇၅) ငလျင်ဒဏ် ကြောင့် ဥပါလိသိမ် အမိုးအက်ကွဲကာ အတွင်းဘက်သို့ အိကျ ခဲ့သည့် အတွက် အတွင်း နံရံမှ ခရစ်(၁၈) ရာစု နံရံဆေးရေး ပန်းချီများနှင့် မင်စာများ ပျက်စီး ဆုံးရှုံးသွားခဲ့ရသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ဦးကျော်အောင်(စာတည်းမှူး)၊ တက္ကသိုလ် ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေးဌာန၊အဆင့်မြင့်ပညာဦးစီးဌာန - ပုဂံစေတီပုထိုးများ