ရွှေအိမ်သည်

ဝီကီပီးဒီးယား မှ
(ရွှေအိမ်စည် မှ ပြန်ညွှန်းထားသည်)
ရွှေအိမ်သည်
မွေးဖွား၁၀၇၀ ဆယ်စုနှစ် အစောပိုင်း
ပုဂံ
ကွယ်လွန်မသိရှိရ
ပုဂံ
အိမ်ထောင်ဖက်စောယွန်း
သားသမီးများစိုးဆိုင်
အလောင်းစည်သူ
စံအိမ်ပုဂံ
ခမည်းတော်ကျန်စစ်သား
မယ်တော်အပယ်ရတနာ
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

ရွှေအိမ်သည် (ရွှေအိမ်စည် ဟုလည်း သိကြ) သည် ပုဂံခေတ်မှ နန်းတွင်း မင်းသမီးတစ်ပါး ဖြစ်သည်။ ကျန်စစ်သားနှင့် အပယ်ရတနာတို့၏ တစ်ဦးတည်းသော သမီးတော် ဖြစ်ပြီး အလောင်းစည်သူ၏ မိခင်ဖြစ်သည်။[၁][၂]:156

ပညာတက်၍ ဉာဏ်ရည်ထက်မြက်ကာ ခမည်းတော် ကျန်စစ်သားစကားကို တသွေမတိမ်း နာ‌ခံသော သမီးတော် ရွှေအိမ်စည်ကို ကျန်စစ်သားမင်းကြီးက ပုဂံဆိပ်ကမ်း အကောက်ခွန်များကို ကြီးကြပ်ရသော ရာထူးတာဝန် ထမ်းရွက်စေပြီး တြေလောကစူဠာမဏိဒေဝီ ဘွဲ့ ‌ေးသနား‌တော် မူသည်။ [၃][၄]

ရွှေအိမ်သည်မင်းသမီးသည် ပဋိက္ခရား အမည်ရှိသော နိုင်ငံခြားသား မင်းသားတစ်ဦးနှင့် ချစ်ကြိုက်ခဲ့သည်ဟု ရာဇဝင်တွင် ဆိုကြသည်။[၅] ၁၀၈၄ ခုနှစ်တွင် ကျန်စစ်သား နန်းတက်ပြီးနောက် ပုဂံပြည်သို့ အလည်လာရောက်သော မင်းသားတစ်ပါးနှင့် ချစ်ကြိုက်ခဲ့သော်လည်း ဖခင် ကျန်စစ်သား သဘောမတူခဲ့သည့်အတွက် လက်မဆက်ဖြစ်ဘဲ စောလူးမင်း၏ သားတော် စောယွန်းမင်းသားနှင့် လက်ဆက်ပေးခဲ့ရာ ခမည်းတော် စကား မြေဝယ်မကျ နာခံသူ ရွှေအိမ်စည်ကလည်း လက်ခံကာ လက်ထပ်ခဲ့သည်ဟု ယူဆကြသည်။[၁][၆]

စောယွန်းနှင့် သားနှစ်ဦး ထွန်းကားခဲ့ပြီး စိုးဆိုင်နှင့် စည်သူ တို့ဖြစ်ကြသည်။

ရွှေအိမ်စည် နှစ်ဦး[ပြင်ဆင်ရန်]

သမိုင်းတွင် ရွှေအိမ်စည် အမည်တူ မင်းသမီးနှစ်ဦးရှိရာ ပထမတဦးမှာ ယခု မင်းသမီးဖြစ်သည်။

ဒုတိယတဦးမှာ နရပတိစည်သူ နှှှှင့် မိဘုရား စောစနေတို့၏ သမီးတော်၊ ပုသိမ်မြို့စား နာဂသမန်း နှင့်အကြောင်းပါသူဖြစ်သည်။ [၇]

မှတ်စု[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Harvey 1925: 39
  2. Coedès၊ George (1968)။ Walter F. Vella (ed.)။ The Indianized States of Southeast Asia။ trans.Susan Brown Cowing။ University of Hawaii Press။ ISBN 978-0-8248-0368-1
  3. ရွှေအိမ်စည်ရှာပုံတော်၊ ဟယ်ရီလွင် [၁]
  4. မှန်နန်းရာဇဝင်တော်ကြီး
  5. Harvey 1925: 39, 329
  6. Hmannan Vol. 1 2003: 279–280
  7. ရွှေအိမ်စည်ရှာပုံတော်၊ ဟယ်ရီလွင် [၂]

ကိုးကား[ပြင်ဆင်ရန်]

  • Harvey၊ G. E. (1925)။ History of Burma: From the Earliest Times to 10 March 1824။ London: Frank Cass & Co. Ltd။
  • Royal Historical Commission of Burma (1832)။ Hmannan Yazawin (Burmeseဘာသာစကားဖြင့်)။ 1–3 (2003 ed.)။ Yangon: Ministry of Information, Myanmar။CS1 maint: အသိအမှတ်မပြုသော ဘာသာစကား (link)