ရသေ့ကြောင်

ဝီကီပီးဒီးယား မှ

ရသေ့ကြောင်(၁၅၂-၁၆၇)[ပြင်ဆင်ရန်]

သက္ကရာဇ် ၇၄-ခုနှစ်၌ သမုဒ္ဒရာဇ်မင်း လွန်သောအခါတွင် ပျူစောထီးက ကျေးဇူးရှင် ဆရာရသေ့ကို ပင့်ဖိတ်၍ ပုဂံတွင် မင်းပြုစေခြင်းအားဖြင့် ရသေ့ကြောင်မင်း ဖြစ်လာသည်။ ရာဇဝင်အရ လူပြောများသည်မှာ ရသေ့ကြောင်မင်းသည် ပျူစောထီးမင်း၏ ငယ်ဆရာရသေ့ဖြစ်ပြီး၊ ပျူစောထီး ပုဂံမြို့ကို ရန်အပေါင်းမှကင်းစင်စေပြီးနောက်တွင် သမုဒ္ဒရာဇ်မင်း၏ သမီးတော် သီရိစန္ဒာဒေဝီနှင့် လက်ဆက်ကာ အိမ်ရှေ့အရာကို ရခဲ့သည်။ မင်းစည်းစိမ် ၁၅-နှစ်တွင် နတ်ရွာစံတော်မူလေသည်။ ထို့နောက် သက္ကရာဇ် ၈၉-ခုနှစ်တွင် ပျူစောထီး နန်းတက်၏။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. အရိယဝံသ၊ အာဒိစ္စရံသီ မုံရွေးဇေတဝန် ဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူအပ်သော စေတိယကထာ မည်သော ရာဇဝင်ချုပ် (၂၀၀၃) သီတဂူကမ္ဘာ့ဗုဒ္ဓသက္ကသိုလ် သုတေသနနှင့် ကျမ်းပြုဌာနက စီစဉ်ပုံနှိပ်ထုတ်ဝေသည်။