ပျဉ်ပြားမင်း

ဝီကီပီးဒီးယား မှ

ပျဉ်ပြားမင်းသည် စတုတ္ထပုဂံကို တည်ထောင်သော မင်းဖြစ်သည်။ [၁] ပုဂံမင်းဆက် (၃၃) ဆက်မြောက် ခဲလူးမင်း ပြီးနောက် တက်သောမင်းဖြစ်သည်။ ပျဉ်ဖျား(ပြား) (ခေါ်) ပျဉ်ပြားမင်းသည် (ခရစ်-၈၄၉) ကောဇာသက္ကရာဇ် ၂၁၁-ခုတွင် ပုဂံမြို့ကို တည်ထောင်တော် မူသည်။ ပျဉ်ပြားမင်းသည် စောခင်နစ်မင်းနှင့် မိဖုရားတို့၏ သားဖြစ်ပြီး ခရစ်နှစ် ၈၁၆ ခုနှစ်ခန့်တွင် ဖွားမြင်သည်ဟု မှန်းဆရသည်။ [၂]


ကိုးကား[ပြင်ဆင်ရန်]

  1. မှန်နန်းရာဇဝင်တော်ကြီး တတိယတွဲ၊ စာမျက်နှာ(၂၁၉)
  2. တင်နိုင်တိုး၏ ပုဂံမင်းဆက်ရာဇဝင်သစ်
  • မှတ်ချက်။ ။ သက္ကရာဇ်များကို ဦးကုလားရေးသော ရာဇဝင်ချုပ်စာအုပ်မှ အမှန်ယူ ရေးသားပါသည်။