သီဟသူ (ပုဂံ)

ဝီကီပီးဒီးယား မှ
သီဟသူ
အိမ်ရှေ့မင်းသား
နန်းသက်c. မေ ၁၂၅၁ – မေ ၁၂၅၆
ရှေ့မင်းဆက်ဥဇနာ
ဆက်ခံသူဥဇနာ
မွေးဖွား၁၂၃၀ ဆယ်စုနှစ်
ပုဂံ
ကွယ်လွန်၁၂၅၆
ပုဂံ?
စံအိမ်ပုဂံ
ခမည်းတော်ဥဇနာ
မယ်တော်သုံးလူလ
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

သီဟသူ (မင်းရင် ဟုလည်း သိကြ;[၁] ၁၂၃၀ ဆယ်စုနှစ်–၁၂၅၆) သည် ပုဂံခေတ်တွင် ၁၂၅၁ ခုနှစ်မှ ၁၂၅၆ ခုနှစ်အထိ အိမ်ရှေ့မင်းသား အဖြစ် ခန့်အပ်ခံရသူ ဖြစ်သည်။ ဥဇနာမင်း၏ သားတော် နှစ်ပါးအနက် အကြီးဆုံး သားတော် ဖြစ်သည်။ အမတ်ကြီးရာဇသင်္ကြံအား မိမိကြွလာသည်ကို မြင်လျက်နှင့် အင်္ကျီလက်ကို မသိမ်းရာသလောဟု အင်္ကျီလက်ပေါ်သို့ ကွမ်းသွေး ထွေးချခဲ့ဖူးသဖြင့် မင်းသားအား မာနကြီးသူ၊ ကြမ်းကြုတ်သူအဖြစ် ယူဆကြသည်။ ၁၂၅၆ ခုနှစ် မေလတွင် ဥဇနာမင်း ကွယ်လွန်သောအခါ ရာဇသင်္ကြံသည် အခြားမှူးမတ်များနှင့် တိုင်ပင်၍ သားတော်အကြီး သီဟသူ အစား သားတော်အငယ်နရသီဟပတေ့အား ဘုရင်အဖြစ် တင်မြှောက်ခဲ့သည်။[၂] နောက်ပိုင်းတွင် သီဟသူမင်းသားအား ဖမ်းဆီးကာ[၂] ကွပ်မျက်ခဲ့သည်ဟု ယူဆကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Than Tun 1964: 134
  2. ၂.၀ ၂.၁ Hmannan Vol. 1 2003: 337–338

ကျမ်းပြုစာရင်း[ပြင်ဆင်ရန်]

  • တော်ဝင်မြန်မာနိုင်ငံသမိုင်းကော်မရှင် (1832)။ မှန်နန်း ရာဇဝင် (Burmeseဘာသာစကားဖြင့်)။ 1–3 (2003 ed.)။ Yangon: Ministry of Information, Myanmar။CS1 maint: အသိအမှတ်မပြုသော ဘာသာစကား (link)
  • ဒေါက်တာသန်းထွန်း (1964)။ Studies in Burmese History (Burmeseဘာသာစကားဖြင့်)။ 1။ Yangon: Maha Dagon။CS1 maint: အသိအမှတ်မပြုသော ဘာသာစကား (link)