စောလူးမင်းကျောက်စာ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
စောလူးမင်းကျောက်စာ

ဘာသာစကား ခြောက်မျိုးဖြင့် ရေးထိုးထားသည့် ပုဂံခေတ် စောလူးမင်း ကျောက်စာအား မြစ်သားမြို့၌ တွေ့ရှိခဲ့ပြီး မြန်မာ့သမိုင်းတွင် သက္ကရာဇ်ရေးထိုး မှတ်တမ်းတင်ထားသည့် ကျောက်စာများအနက် အစောဆုံး ကျောက်စာတစ်ချပ်ဖြစ်သည်။ ပုဂံခေတ်တွင် ရေးထိုးခဲ့သည့် ကျောက်စာများတွင် ရာဇကုမာကျောက်စာ (မြစေတီ)မှာ မြန်မာသက္ကရာဇ် ၄၇၅ ခုနှစ်တွင် ရေးထိုးခဲ့သောကြောင့် ယင်းကျောက်စာထက် ယခုတွေ့ရှိထားသည့် စောလူးမင်းကျောက်စာ (၄၁၅ ခုနှစ်)မှာ နှစ်ပေါင်း ၆၀ ခန့် စောခဲ့သည်ဟု ပညာရှင်များက ပြောဆိုခဲ့သည်။[၁][၂]

ပုဂံခေတ် စောလူးမင်း၏ ဘာသာစကား ခြောက်မျိုးဖြင့် ရေးထိုး ထားသည့် ကျောက်စာကို မြစ်သားမြို့ ပေတောကျောင်းတိုက် အတွင်းမှ နိုဝင်ဘာ ၁၇ ရက်က စတင်တွေ့ရှိခဲ့ပြီး တွေ့ရှိ ချိန်၌ ကျောက်စာချပ် သုံးချပ်ကို တွေ့ရှိခဲ့ကာ နိုဝင်ဘာ ၂၇ ရက်တွင် နောက်ဆုံးကျန် ရှိနေသ ည့် ကျောက်စာချပ်အား ထပ်မံတွေ့ရှိခဲ့သည်။ ကျောက်စာတွင် စာကြောင်းအနည်းစုကိုသာ ရှင်းရှင်းလင်းလင်းဖတ်နိုင်ပြီး အချို့မှာဖတ်မရအောင် ပျက်စီးနေသည်။[၃] စောလူးမင်း ရေးထိုးစိုက်ထူခဲ့သည့် ကျောက်စာသည် ဘာသာစကား ခြောက်မျိုးဖြင့် နှစ်ဖက်ရေးထိုးထားသည်ကို တွေ့ရှိရသည်။ အဆိုပါ ကျောက်စာ၌ ပါဠိဘာသာဖြင့် အများဆုံး ရေးထိုးထားရာဘက်တွင် မြန်မာဘာသာဖြင့် ရှစ်ကြောင်း၊ ပျူပါဠိဖြင့် ၁၄ ကြောင်းနှင့် ပျူစာစစ် စစ် ခုနစ်ကြောင်း စာကြောင်းရေ စုစုပေါင်း ၂၉ ကြောင်း ပါရှိသည်။ မွန်စာ အများဆုံးဖြင့် ရေး ထိုးထားရာဘက်၌ ပါဠိဘာသာဖြင့် ရှစ်ကြောင်း၊ မွန်ဘာသာဖြင့် ၁၅ ကြောင်း၊ ကျွမ်း (သို့မဟုတ်) ယွန်းဘာသာဖြင့် လေးကြောင်းဖြင့် စာကြောင်းရေ စုစုပေါင်း ၂၇ ကြောင်း ပါဝင်ကြောင်း သိရသည်။[၁]

ကျောက်စာတိုင်၏ အပိုင်းအစများကို စပ်ဆက်ကြည့်သောအခါ အမြင့် ၄ ပေ ၃ လက်မ၊ အကျယ် ၂ ပေခွဲရှိပြီး၊ အထူ ၅ လက်မခန့် ရှိသည်။ ကျောက်စာသည် မျက်နှာပြင် နှစ်ဖက်စလုံးတွင် ရေးထိုးထားသော ကျောက်စာဖြစ်သည်။[၃]

မြန်မာနိုင်ငံတွင် ရှာဖွေတွေ့ရှိထားသည့် ကျောက်စာများ အနက်မှ ဘာသာစ ကား ခြောက်မျိုးဖြင့် ရေး ထိုးထားသောကြောင့် ဘာသာအများဆုံး ပါရှိသည့် ကျောက်စာတစ်ချပ် ဖြစ်သည်။ ယင်းကျောက်စာ ကို စောလူးမင်းမှ မြန်မာသက္ကရာဇ် ၄၁၅ ခုနှစ်တွင် ရေးထိုးခဲ့ပြီး ကျောက်စာ၌ စောလူးမင်းသည် မိမိကိုယ်အတိုင်းအတာ ပမာဏရှိသော ဆင်းတုတော် တစ်ဆူကို ဘုရား၌ လှူသည်။ ရွှေဆင်းတု နှစ်ဆူကို ဌာပနာသည်။ ကျွန် ၁၀၀၊ နွားအရှဉ်း ၁၀၊ လယ် ၁၀၀ ပယ်နှင့် စပါးတင်း ၁၀၀၀ ကို ရေစက်သွန်းချ လှူဒါန်းသည်" ဟု မွန်ကဗျည်းကျောက်စာ ပညာရှင် ဦးနိုင်ဘရှင်၏ ဘာသာပြန်ဆို ထားချက်အရ သိရသည်။

၁၁ ရာစု ခေတ်ဦးဖြစ်သည့် စောလူးမင်း၏ ကျောက်စာတွင် ကျိန်စာ၊ ဆုတောင်းစာများ ပါဝင်ပြီး ပျူပါဠိဘာ သာဖြင့် ရေးထိုးထားရာဘက်၌ ဆင်းတုတော်သုံးဆူပါ လှူဒါန်းခဲ့ကြောင်း ရေး ထိုးထား သ ည်။ နောက်ထပ်တွေ့ရှိရသည့် ဘာသာစကား တစ်မျိုးမှာ မြန်မာဘာသာစကား (သို့မဟုတ်) ပါဠိ ဘာသာစကား တစ်မျိုးဖြစ်သည့် ဒေဝနာဂရီဘာ သာစကားဖြင့် ရေးထိုးထားသည်ဟု ယူဆရသည်။

ကျောက်စာတွင် စောလူးမင်း၏ ဘွဲ့တော်ကို ဖတ်ရှုနိုင်ခဲ့ပြီး စောလူးမင်း မိဖုရား၏ ရေးထိုး ထားသော ကျောက်စာ တစ်ချပ် ဖြစ်သည်။[၄]

မူလသတင်းထုတ်ပြန်ချက်များတွင် ဘာသာငါးမျိုးဖြင့် ရေးထိုးထားသည်ဟု ဖော်ပြခဲ့ကြသော်လည်း အထောက်အထား ခိုင်လုံမှု မရှိသေးကြောင်း၊ စောလူးမင်း၏ အမည်နာမကိုသာ ဖော်ထုတ်နိုင်ခဲ့​ြီး မြစေတီကျောက်စာ (ရာဇကုမာရ်ကျောက်စာ) ထက် စော၊ မစော ရေးထိုးထားသည့် သက္ကရာဇ်ကိုလည်း အသေးစိတ် ပြန်လည်စစ်ဆေးနေကြောင်း မန္တလေးတိုင်း ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနက ပြောကြားထားသည်။[၅]

ယခုတွေ့ရှိထားသည့် ၁၁ ရာစု ခေတ်ဦးတွင် ရေးထိုးခဲ့သည့် စောလူးမင်း ကျောက်စာအား ယင်းကျောက် စာ တွေ့ရှိခဲ့သည့် မြစ်သားမြို့ရှိ ပေတောကျောင်းတိုက် အတွင်း၌ ပြန်လည်စိုက်ထူ ထားရှိသွား မည်ဖြစ်ကြောင်း သိရသည်။

ကိုးကား[ပြင်​ဆင်​ရန်​]

  1. ၁.၀ ၁.၁ သံလွင်: သက္ကရာဇ်ရေးထိုး မှတ်တမ်းတင်ထားသော အစောဆုံး ကျောက်စာအဖြစ် ဘာသာစကား ခြောက်မျိုးဖြင့် ရေးထိုးထားသည့် ပုဂံခေတ် စောလူးမင်း၏ကျောက်စာ မြစ်သားမြို့၌ တွေ့ရှိ
  2. စောလူးမင်း ကျောက်စာ ပေတော ပရဟိတ ကျောင်းအတွင်းတွေ့ - BBC Burmese - မြန်မာ့ရေးရာ
  3. ၃.၀ ၃.၁ စောလူးမင်း ကျောက်စာ သမိုင်းကွက်လပ်ကို ဖြည့်ပေးနိုင်မလား | ဧရာဝတီ
  4. The MYAWADY Daily: စောလူးမင်းမိဖုရား သီရိစန္ဒာဝဋံသကာဒေဝီ ၏ ကျောက်စာရှင်းတမ်း
  5. စောလူးမင်းကျောက်စာ စာတမ်းဖတ်ကြားလိုသူများ ယဉ်ကျေးမှုဝန်ကြီးဌာနသို့ ဆက်သွယ်နိုင် | Printing & Publishing Enterprise