သိုက်တိုင်မင်း

ဝီကီပီးဒီးယား မှ

သိုက်တိုင်မင်း(၅၁၆-၅၂၃)[ပြင်ဆင်ရန်]

သက္ကရာဇ် ၄၃၈-ခု၊ သားတော် သိုက်တိုင် နန်းတက်သည်။ သီရိပစ္စယာမြို့ကို ပစ်၍ ရွာစိုက်တွင် တမ္ပဝတီမြို့ သမုတ်၍ မြို့တည်သည်။ မြို့တော်ပြောင်းရွှေ့ရခြင်းအကြောင်းရင်းကား မသိရချေ။ သို့သော်သက္ကရာဇ် ၆၅၂ ထိုး တရုတ်ပြန်ဘုရားမင်စာ၌ “ငါ့ကောင်းမှုကို ဖျက်သသူကား ညောင်ဦးကသည် သီရိပစ္စယာတိုင်အောင် ကမ်းပြိုသကဲ့သို့ စီးပွားချမ်းသာယုတ်စေသော်”ဟုကျိန်ဆိုထားသည်ကို ထောက်လျှင် ထိုခေတ်ကတည်းကပင် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုသည် ဆိုးဝါးခဲ့ဟန်တူသည်။ မြစ်ကမ်းပါးပြိုကျမှုဒဏ်ကိုကာကွယ်ရန် ပိုမိုလုံခြုံစိတ်ချရသော ကုန်းတွင်းပိုင်းသို့ပြောင်းရွေ့နန်းစိုက်ခဲ့ဟန်တူသည်။


မင်းစည်းစိမ် (၇)နှစ်တွင် အနိစ္စရောက်တော်မူသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. အရိယဝံသ၊ အာဒိစ္စရံသီ မုံရွေးဇေတဝန် ဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူအပ်သော စေတိယကထာ မည်သော ရာဇဝင်ချုပ် (၂၀၀၃) သီတဂူကမ္ဘာ့ဗုဒ္ဓသက္ကသိုလ် သုတေသနနှင့် ကျမ်းပြုဌာနက စီစဉ်ပုံနှိပ်ထုတ်ဝေသည်။