သေဉ်လည်ကြောင်

ဝီကီပီးဒီးယား မှ

သေဉ်လည်ကြောင်(၃၄၄-၃၈၇)[ပြင်ဆင်ရန်]

သက္ကရာဇ် ၂၆၆-ခု၊ သားတော် သေဉ်လည်ကြောင် နန်းတက်သည်။ ထိုမင်းလက်ထက် ယုန်လွှတ်ကျွန်းအရပ်မှ ရွာ(၉)ရွာကို ဖျက်၍ လောကနန္ဒာအရပ်သို့ပြောင်းရွေ့နန်းစိုက်လေသည်။ ထိုမင်းလက်ထက် မြို့တော်သည် ဘုန်းကျက်သရေ လျှံဝေတောက်ညီးသဖြင့် “သီရိပစ္စယာ”ဟုအမည်တွင်လေသည်။ မဟာဂီရိ မောင်နှမကိုလည်း ပုပ္ပါးမှာထားသည်။ ဂူတစ်လုံး တည်သည်။ သေဉ်လည်ဂူ တွင်၏။ သေဉ်လည်ကြောင်မင်း မင်းစည်းစိမ် (၄၂)နှစ်အရှိတွင် သထုံပြည်က ဆင်ဖြူတစ်စီးကို လက်ဆောင်ပြု၍ ရှင်ဗုဒ္ဓဃောသနှင့် သံဃာတော်များ ပိဋကတ်ရေးကူးမည်ဟု သီဟိုဠ်ကျွန်းသို့ ကူးသောနှစ်တည်းဟု ရှေးရာဇဝင်များတွင် ရှိသည်။ သေဉ်လည်ကြောင်မင်း မင်းစည်းစိမ် (၄၂)နှစ်တွင် ပြန်၍တွက်သော် သာသနာတော် (၉၃၀)သာ အတွက်ရသည်။ (၉၃၀)တွင် ကူးသည်ဟု စာဟောင်းများမှာ ရှိပေသည်။ သီဟိုဠ်ကျွန်း ဝကစက္က ကာလန္တေတို့ လာစဉ်က ပါသည့်စာမှာ (၉၅၆)ခုတွင် ရှင်ဗုဒ္ဓဃောယ ကူးရောက်လာသည်ဟူ၍ ပါလာသည်။ မင်းစည်းစိမ် (၄၃)နှစ်တွင် အနိစ္စရောက်တော်မူသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. အရိယဝံသ၊ အာဒိစ္စရံသီ မုံရွေးဇေတဝန် ဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူအပ်သော စေတိယကထာ မည်သော ရာဇဝင်ချုပ် (၂၀၀၃) သီတဂူကမ္ဘာ့ဗုဒ္ဓသက္ကသိုလ် သုတေသနနှင့် ကျမ်းပြုဌာနက စီစဉ်ပုံနှိပ်ထုတ်ဝေသည်။