စောမွန်နစ်

ဝီကီပီးဒီးယား မှ

ပုဂံမင်းဆက်၏ နောက်ဆုံးဘုရင်ဖြစ်သူ စောမွန်နစ်သည် ဖခင်စောနစ်၏ အရိုက်အရာကို ဆက်ခံ၍ ခရစ်နှစ် (၁၃၂၅)နန်းတက်သည်။ ဘွဲ့အမည်မှာ သီရိတြိဘဝနာဒိတျာ သုဓမ္မရာဇာ ဖြစ်ပြီး အချို့ကျောက်စာများတွင် အစောနုထာမင်းကြီး ဟုဖော်ပြသည်ကိုတွေ့ရသည်။ ထိုအချိန်တွင် ပုဂံဩဇာမှာ နေဝင်ချိန်ရောက်နေပြီဖြစ်ပြီး ပင်းယနှင့် စစ်ကိုင်းမြို့များတွင် သီဟသူအဆက်အနွယ်များက အပြိုင်အဆိုင်ထီးပြိုင်ပြုနေချိန်ဖြစ်သည်။ နန်းသက်နောက်ဆုံးကာလများတွင်လည်း သတိုးမင်းဖျားက အင်းဝမြို့တည်၍ အင်းဝခေတ်ကို တည်ထောင်သည်ကို ထောက်ခြင်းအားဖြင့် ပုဂံမင်း စောမွန်နစ်၏ အနေအထားကို မှန်းဆနိုင်သည်။ စောမွန်နစ် ကွယ်လွန်ချိန်တွင် အင်းဝတွင် မင်းကြီးစွာစော်ကဲ ပင် နန်းတက်နေပြီဖြစ်သည်။