ဓမ္မရံကြီးဘုရား

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဓမ္မရံကြီးဘုရား(ဓာတ်ပုံ-ညီမင်းစံ)

ဓမ္မရံကြီးဘုရား(ဘုရားအမှတ်-၇၇၁)[ပြင်​ဆင်​ရန်​]

ဓမ္မရံကြီးဘုရားသည် ကွမ်းတောင်ပေါက် လိုဏ်တစ်ဆင့်ဂူ ဘုရားကြီးဖြစ်ပြီး အေဒီ (၁၁၆၅)တွင် နရသူမင်း (ခ) ကုလားကျမင်း အေဒီ (၁၁၆၃-၁၁၆၅) တည်ခဲ့သည်။ ထု-ဓမ္မရံ၊ ဉာဏ်-သဗ္ဗညု၊ အနု-အာနန္ဒာ၊ တန်ခိုး- ရွှေစည်းခုံ ဟူသော အဆိုအရ ဓမ္မရံ ဘုရားကြီးသည် ဓမ္မရံကြီးဘုရားသည် ပုဂံဒေသတွင် ထုထည် အကြီးဆုံး ရှေးဟောင်းဘုရားတစ်ဆူ ဖြစ်သည်။

ဓမ္မရံကြီးဟူသော အမည်သည် ဓမ္မရံသီ (တရားတော်၏ ထွန်းပရာ) ဟူ၍ အဓိပ္ပာယ်ရသည်။ ဓမ္မရံကြီးဘုရားဟာ အမည်တွင် သည်မှာ နရပတိစည်သူ (စည်သူ-၂) လက်ထက် ဓမ္မရံကြီးအမည်ရှိ မထေရ် ထိုဘုရားတံတိုင်း ဝင်းအတွင်း အနောက်ဘက် ထောင့်ရှိ အုတ်ကျောင်းတွင် သီတင်းသုံး ခဲ့သည့်အတွက် ထိုမထေရ်ကို အကြောင်းပြု၍ ဓမ္မရံသီဘုရား ဟု ခေါ်ခဲ့ကြရာမှ ကာလကြာသော် ဓမ္မရံကြီး ဟု ပြောင်းလဲအမည် တွင်ခဲ့သည်ဟု ဆိုသည်။ နရသူမင်းသည် ဖခင် အလောင်းစည်သူမင်းအား သတ်မိသည့်အတွက် နောင်တရပြီး ထိုမကောင်းမှု ပြေပျောက် စေရန်ကြီးစွာသော ကောင်းမှုပြုလုပ်ရန် ရည်ရွယ်၍ ဓမ္မရံကြီး ဘုရားကို တည်ခဲ့ခြင်း ဖြစ်သည်။

ဓမ္မရံကြီးဘုရားတွင် အုတ်စီအုတ်နင်း ကောင်းမွန်မှုတို့ကို လေ့လာနိုင်သည်။ ဘုရားအတွင်း အုတ်နံရံတွင် ဓားစီခုတ် (အုတ်များကို သရွတ်နှင့် မစိမီ ဓားဖြင့် ရွှေခုတ်ခြင်း) အုတ်စီပုံများ၊ အမိုးခုံးများတွင် သဲကျောက်များ ညှပ်စီ၍ စီထားပုံများ၊ ဘုရား၏ နံရံထောင့်များတွင် ကျင်တွယ်ပုံ ထောင့်ချုပ် ကျောက်တုံးများ၊ နံရံနှစ်ခုတွဲ ဆက်နေစေရန် ထောင့်ချုပ် ပေါင်းကူးများကို လေ့လာနိုင်သည်။ (ထိုသို့ ပြုလုပ် တည်ဆောက် ထားသောကြောင့် ငလျင်ဒဏ် အကြိမ်ကြိမ် ခံရသော်လည်း ထိခိုက် ပျက်စီးမှု နည်းပါးခဲ့သည်။

ဓမ္မရံကြီး ဘုရားအုတ်စီလက်ရာ ကောင်းမွန်သည့်အတွက် အုတ်တစ်ချပ် နှင့် တစ်ချပ်အကြား အပ်ထိုး၍ မရနိုင်အောင် စေ့စပ်သေချာသည်ဟု ပြောစမှတ် ပြုကြသည်။ ဘုရားတည်ရာတွင် နရသူမင်း ကိုယ်တိုင် ကြီးကြပ် စစ်ဆေးပြီး အလုပ်တာဝန် ပေါ့လျော့လျှင် အပြစ်ပေးသည့် အတွက် ပန်းရံ ဗိသုကာ တို့သည် စေ့စပ်သေချာအောင် လုပ်ဆောင်နေရ၍ ဘုရားတည်၍ မပြီးနိုင်ဟု အဆိုရှိသည်။

ဓမ္မရံကြီး ဘုရားအလယ်မဏ္ဍိုင် ပတ်လည်၌ စင်္ကြပတ်လမ်း နှစ်ထပ်ရှိသော်လည်း အတွင်းစင်္ကြ ပတ်လမ်း တစ်ခုလုံး နှင့် အပြင်စင်္ကြပတ်လမ်း အတွင်းမှ အတွင်း စင်္ကြသို့ ဝင်ပေါက် အားလုံးကို အုတ်ဖြင့် အသေပိတ်ဆို့ထားသည်။

ထုထည် အင်မတန်ကြီးတဲ့ ဓမ္မရံကြီးဘုရားကတော့ နှစ်တွေကြာရှည်ခဲ့တဲ့ တိုင်အောင် အထက်စေတီနဲ့ အထွတ်ပဲ ပျက်စီးပါတယ်။ Paul Strachan ရေးတဲ့ Pagan, Art and Architecture of old Burma စာအုပ်မှာ ၁၈၅၅ ခုနှစ်တုန်းက Colesworthy Grant ဆွဲထားတဲ့ ဓမ္မရံကြီးဘုရားရဲ့ ပုံတခုကို ထင်ထင်ရှားရှား တွေ့ရတယ်။ အဲဒီပုံမှာ တွေ့ရတာက တစိတ်တပိုင်း ကျန်သေးတဲ့ ကွန်းတောင်အထက်က အထွတ်ပါ။ ထူးခြားတာကတော့၊ အဲဒီပုံမှာ ကွန်းတောင်အထက်က အထွတ်စေတီ မပါဘဲ အထွတ်ငယ်ငယ် တခုသာ တွေ့ရတယ်။ နောက်ပိုင်းခေတ်မှာမှ ရိုက်ထားတဲ့ ဓာတ်ပုံတွေမှာတော့ မတွေ့နိုင်တော့ပါ။ ပြိုကျသွားခဲ့ပါပြီ။

ဘုရားတည်နေတုန်းမှာ အကွပ်အညှပ် ပြင်းထန်တာကြောင့် စေ့စပ်သေချာလွန်လွန်းလို့ မပြီးနိုင်ဘူးလို့ ဖတ်ဖူးပါတယ်။ ကောင်းမှုရှင် နရသူမင်း နန်းကျတဲ့အချိန်မှာ အပြီးမသတ်နိုင်တော့ဘဲ၊ ဆက်မလုပ်ဖြစ်တာကြောင့် ထုထည်နဲ့မလိုက်ဖက်အောင် သေးငယ်တဲ့ အထွတ်သာ ရှိခဲ့တာလဲ ဖြစ်နိုင်တယ်။ ဒီနေ့ မြင်ကြရတဲ့ အတိုင်းပါပဲ။ ထုထည် ကြီးမားပြီး မြင့်မားတာကြောင့်ပဲလား၊ ဒါမှမဟုတ် ရာဇဝင်မှာ နာမည် မပြောင်မြောက်တဲ့အပြင် ဖခင် အလောင်းစည်သူမင်းကြီး နဲ့ အကို မင်းရှင်စော ကို သတ်ခဲ့လို့ ထီးနန်းရခဲ့ပြီးမှ ‘ကုလားကျမင်း’လို့ နာမည် တွင်ခဲ့ပြန်တဲ့ နရသူမင်းရဲ့ ကောင်းမှုကို မပြင်ဆင်ချင်တဲ့ ဆန္ဒကြောင့်လား၊ ဘာကြောင့်လဲမသိ၊ ပြုပြင်မယ့် ကုသိုလ်ရှင် မရှိသေးဘဲ အခုခေတ်မှာ လုပ်လေ့လုပ်ထ ရှိတဲ့ ကွန်းတောင်ရဲ့ အထက်ဆုံးမှာ ပုံစံ ဆင်တူ စေတီ သေးသေး ရှည်ရှည်မျိုး ထပ်ထည့်တာ မတွေ့ရပါ။ ထူးထူးခြားခြား ကံကောင်း ထောက်မလို့ ရှေးဟောင်း လက်ရာ အတိုင်း ကျန်နေတယ်။ ဂူဘုရားကြီးတွေထဲမှာ ဒီဓမ္မရံကြီးဘုရား တဆူပဲ ကင်းလွတ်ခွင့် ရနေပါသေးတယ်။

ကိုးကား[ပြင်​ဆင်​ရန်​]