ထွန်ချစ်မင်း

ဝီကီပီးဒီးယား မှ

ထွန်ချစ်မင်း (၅၉၈ - ၅၃၅) သည် တတိယပုဂံမင်းဆက်တွင် အုပ်စိုးသော မင်းတပါးဖြစ်သည်။ [၁]

နန်းစံကာလ (၅၂၀ - ၅၃၅)[ပြင်ဆင်ရန်]

ခမည်းတော် ထွန်ပစ်မင်းလွန်သည့် ကောဇာသက္ကရာဇ် ၅၂၀ ပြည့်တွင် နန်းတက်သည်။ တူရွင်းတိုင် အနောက်တောင်ဘက် ထနောင်းပုတ်တွင် နန်းဆောက်၍ နေသည်။

ကောင်းမှုတော်များ[ပြင်ဆင်ရန်]

ဘုရား ၉ ဆူ၊ ဂူ ၉ လုံး တည်သည်။ [၂]

ဘဝနိဂုံး[ပြင်ဆင်ရန်]

အသက် ၃၇ နှစ်၊ မင်းစည်းစိမ် ၁၅ နှစ်တွင် အနိစ္စရောက်သည်။

မှတ်ချက်[ပြင်ဆင်ရန်]

မွေးနှစ်လွန်နှစ်များမှာ မှန်နန်းလာ ဇာတာနှစ်တို့ကို ပေါင်းနှုတ်ထားခြင်းဖြစ်သည်။ သက္ကရာဇ်များသည် ပုပ္ပါးစောရဟန်း သက္ကရာဇ်မဖြိုမီနှစ်များ ဖြစ်၏။ လက်ရှိ မြန်မာပြည်၌သုံးနေသည့် ကောဇာသက္ကရာဇ် မဟုတ်။

ကိုးကား[ပြင်ဆင်ရန်]

  1. မှန်နန်း မဟာရာဇဝင်တော်
  2. အရိယဝံသ၊ အာဒိစ္စရံသီ မုံရွေးဇေတဝန် ဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူအပ်သော စေတိယကထာ မည်သော ရာဇဝင်ချုပ် (၂၀၀၃) သီတဂူကမ္ဘာ့ဗုဒ္ဓသက္ကသိုလ် သုတေသနနှင့် ကျမ်းပြုဌာနက စီစဉ်ပုံနှိပ်ထုတ်ဝေသည်။