စလေငခွေး

ဝီကီပီးဒီးယား မှ

စလေငခွေး ပုဂံမင်းဆက် (၃၅) ဆက်မြောက် တန်နက်မင်း ထီးနန်းစိုးစံချိန် ၂၈ နှစ် ရှိသောအခါတွင် မြင်းခံငခွေး ခေါ် စလေငခွေး က တန်နက်မင်း ကို မြင်းချေးကန်သို့ တွန်းချလုပ်ကြံပြီး နန်းတက်ခဲ့သည်။

  • (သာမန်လှေထိုးသား ငခွေး၏ ထိုးဝါးတွင် မနောလင်ပန်း(ရွှေလင်ပန်း)များ ငြိတွယ်ပါလာဖူးသည်ဆိုသည်။ ငါ၏ဘုန်းကံ အမှန်ကောင်းမွန်နေပါက ဤမျှဖြင့် မတင်းတိမ်နိုင်ဟု တွေးမိကာ ရေ၌ပြန်လည် စွန့်လွှတ်ခဲ့သည်ဟု ပြောစမှတ်ပြုကြသည်။)

စလေငခွေးသည် မင်းဖြစ်သောအခါ သူမုန်းသောလူများကို ရေကန်ထဲသို့ချ၍ ဆင်ပေါ်မှနေပြီး လှံနှင့်ထိုးသတ်သည်။ သတ်ဖန်များလျှင် ပြည်သူလူထုက မခံနိုင်၍ စလေငခွေးမင်းအား ဆင်နှင့်တကွ ရွှံ့နွံဗွက်အိုင်ထဲသို့ ပို့၍ ရွှံ့လုံးများ၊ ကျောက်ခဲများဖြင့် ပစ်ပေါက်၍ အသက်ကုန်စေသည်။ [၁]

စလေငခွေးမင်း ကံကုန်သောအခါ သူ၏ သားတော် သိန်းခိုမင်း ထီးနန်းဆက်ခံသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. သုခမိန် ရေး နဝရတ်ကိုးသွယ် မိုးဂျာနယ်(၂၀၀၈)
  • မှတ်ချက်။ ။ သက္ကရာဇ်များကို ဦးကုလားရေးသော ရာဇဝင်ချုပ်စာအုပ်မှ အမှန်ယူ ရေးသားပါသည်။