ခန္တီးခရိုင်

ဝီကီပီးဒီးယား မှ
၀၁:၁၆၊ ၂၉ ဒီဇင်ဘာ ၂၀၂၀ နေ့က InternetArchiveBot (ဆွေးနွေး | ပံ့ပိုး) (ရင်းမြစ် 1 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.7) တည်းဖြတ်သည့်မူ
ခန္တီးခရိုင်
ခန္တီးခရိုင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ခန္တီးခရိုင်
ခန္တီးခရိုင်
ကိုဩဒိနိတ်: 26°00′N 95°41′E / 26.000°N 95.683°E / 26.000; 95.683ကိုဩဒိနိတ်: 26°00′N 95°41′E / 26.000°N 95.683°E / 26.000; 95.683
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးစစ်ကိုင်းတိုင်းဒေသကြီး
မြို့နယ်ပေါင်း
မြို့တော်ခန္တီးမြို့
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

နာဂတောင်တန်းခရိုင်ကို ၁၉၆၅ ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်နေ့ မှစ၍ ခန္တီးခရိုင်ဟု အမည်ပြောင်းလိုက်သည်။ ခန္တီးခရိုင်သည် မြန်မာပြည်အထက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း (၃၈) မြို့နယ်၌ တစ်မြို့နယ်အပါအဝင်ဖြစ်၍ အကျယ်အဝန်းမှာ စတုရန်းမိုင် (၁၂၆၆၀) ရှိသည်။ ခန္တီးခရိုင်၏ ခရိုင်ရုံးစိုက်ရာမြို့မှာ ခန္တီးမြို့ (ဇဂင်လိန်း ခန္တီးမြို့) ဖြစ်သည်။ ယခင်က ခန္တီးခရိုင်တွင် ဟုမ္မလင်းခရိုင်ခွဲနှင့် လဟယ် (အမ့်ပေါ်) ခရိုင်ခွဲ ဟူ၍ ခရိုင်ခွဲနှစ်ခု ပါဝင်ကြပြီးလျှင် ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ လေရှီး မြို့နယ်၊ လဟယ်( အမ့်ပေါ်) မြို့နယ်နှင့် နန်းယွန်းမြို့နယ် ဟူ၍ မြို့နယ်ငါးနယ် ပါဝင်သည်။ ခန္တီးခရိုင်၏ လူဦးရေမှာ ၂၀၁၄ ပြည့်နှစ် သန်းခေါင်စာရင်းအရ ၄၂၃,၂၈၃ ဦး[၁] ဖြစ်၏။ ယခုအခါ လေရှီးမြို့နယ်လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့နယ်တို့မှာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပါဝင်သည်။

ကိုးကား

  1. Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၂၅၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီးJanuary 23, 2015 တွင် ပြန်စစ်ပြီး