ကန့်ဘလူခရိုင်
ကန့်ဘလူခရိုင် | |
---|---|
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | စစ်ကိုင်းတိုင်းဒေသကြီး |
မြို့နယ်ပေါင်း | ၄ |
မြို့တော် | ကန့်ဘလူမြို့ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6:30) |
ကန့်ဘလူခရိုင် သည် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်တစ်ခု ဖြစ်သည်။ မြို့နယ် ၄ ခုပါဝင်ကာ ခရိုင်ရုံးစိုက်ရာမြို့မှာ ကန့်ဘလူမြို့ ဖြစ်သည်။[၁] ယခင်က ရွှေဘိုခရိုင်တွင် ပါဝင်သော ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ တန့်ဆည်မြို့နယ် နှင့် ရေဦးမြို့နယ်တို့ကို ခွဲထုတ်ကာ ကန့်ဘလူခရိုင်အဖြစ် အသစ်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
မြို့နယ်များ
ကန့်ဘလူခရိုင်တွင် ပါဝင်သည့် မြို့နယ်များမှာ အောက်ပါအတိုင်းဖြစ်သည်။
- ကန့်ဘလူမြို့နယ်
- ကျွန်းလှမြို့နယ်
- ရေဦးမြို့နယ်
- တန့်ဆည်မြို့နယ်
ကိုးကား
- ↑ "Sagaing Region District Map" Archived 2 February 2017 at the Wayback Machine. Myanmar Information Management Unit (MIMU)