မာတိကာသို့ ခုန်သွားရန်

သက္ကမဘာသာစကား

ဝီကီပီးဒီးယား မှ
၁၈:၅၅၊ ၂၉ ဒီဇင်ဘာ ၂၀၂၀ နေ့က InternetArchiveBot (ဆွေးနွေး | ပံ့ပိုး) (ရင်းမြစ် 1 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.7) တည်းဖြတ်သည့်မူ
သက္ကမ
Changmha, ဒိုင်းနက်
𑄌𑄋𑄴𑄟𑄳𑄦 𑄞𑄌𑄴
ဒေသခံဘင်္ဂလားဒေ့ရှ်နိုင်ငံအိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံ
ဒေသစစ်တကောင်းတောင်တန်းဒေသမီဇိုရမ်ပြည်နယ်အာရန်နာချယ်ဒေသပြည်နယ်တြိပူရပြည်နယ်
လူမျိုးစုသက္ကမဒိုင်းနက်
ဒေသခံ ပြောဆိုသူများ
၃၃၀၀၀၀ ဘင်္ဂလား (၂၀၀၇)[]
မြန်မာနိုင်ငံ
သက္ကမအက္ခရာဘင်္ဂါလီအက္ခရာ[]
ဘာသာစကားကုဒ်များ
ISO 639-3ccp[]
Glottologchak1266[]
IETFccp

သက္ကမဘာသာစကား (/ˈɑːkmə/; autonym: 𑄌𑄋𑄴𑄟𑄳𑄦 𑄞𑄌𑄴) သက်လူမျိုး နှင့် ဒိုင်းနက်လူမျိုး များ ပြောဆိုသည့် အင်ဒို-အာရိယာန် ဘာသာစကား တစ်ခုဖြစ်သည်။ ၎င်းနှင့် အနီးစပ်သော ထင်ရှားသည့် ဘာသာစကားများမှာ အာသံဘာသာစကား၊ Hajong ဘာသာစကား၊ ဘင်ဂါလီဘာသာစကားစစ်တကောင်းဘာသာစကား၊ မဏိပူရ၏ Bishnupriya Manipuri ဘာသာစကား၊ Tanchangya ဘာသာစကား နှင့် Sylheti ဘာသာစကားတို့ ဖြစ်သည်။ သက္ကမဘာသာစကားကို ဘင်းဂလားဒေ့ရှ် အရှေ့တောင်ပိုင်း၊ စစ်တကောင်း ကုန်းမြင့်ဒေသတွင်နေထိုင်သည့် လူဦးရေ ၃၁၀ ၀၀၀ ခန့်ကလည်းကောင်း၊ အိန္ဒိယ နိုင်ငံ၊ အာသံနယ်နှင့် တြိပူရနယ်တွင် လူဦးရေ ၃၀၀၀၀၀ ခန့်ကလည်းကောင်း၊ မီဇိုရမ်နယ်တွင် လူဦးရေ ၄၀၀၀၀ ကျော်ခန့်ကလည်းကောင်း ပြောဆိုသုံးစွဲကြသည်။ သက္ကမဘာသာစကားကို ရေးသားရန်အတွက် သက္ကမအက္ခရာ ကို အသုံးပြုသည်။ သို့သော် သက္ကမဘာသာစကားဖြင့် ရေးသားထားသော စာပေများမှာ နည်းပါးသည်။

သက်လူမျိုးများ အဓိကနေထိုင်သည့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံလုံးတွင် သက္ကမဘာသာစကားကို တရားဝင် ရုံးသုံးဘာသာစကားအဖြစ် ပြဋ္ဌာန်းထားခြင်း မရှိပါ။

၂၀၁၁ ခုနှစ်အထိ သက္ကမဘာသာစကားဖြင့် ထုတ်လွှင့်သော ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များ မရှိပါ။ သို့သော် အင်တာနက် လူမှုမီဒီယာများနှင့် YouTube တို့တွင် အသုံးပြုမှုများ ရှိသည်။

မှတ်စု

  1. Error: Unable to display the reference properly. See the documentation for details.
  2. [] သက္ကမ at Ethnologue (18th ed., 2015)
  3. Chakma။ Ethnologue။ 12 March 2018 တွင် ပြန်စစ်ပြီး။
  4. Nordhoff၊ Sebastian; Hammarström၊ Harald; Forkel၊ Robert; Haspelmath၊ Martin, eds. (2013)။ "Chakma"Glottolog။ Leipzig: Max Planck Institute for Evolutionary Anthropology။

ပြင်ပလင့်ခ်များ


တမ်းပလိတ်:ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဘာသာစကားများ တမ်းပလိတ်:အိန္ဒိယနိုင်ငံ၏ ဘာသာစကားများ