မာတိကာသို့ ခုန်သွားရန်

နတ်မောက်မြို့

ဝီကီပီးဒီးယား မှ
၁၇:၅၂၊ ၁၂ ဇွန် ၂၀၂၀ နေ့က Ninjastrikers (ဆွေးနွေး | ပံ့ပိုး) (Reverted good faith edits by Winn Han Oo (talk): Please do not copy and paste everything from source. (TW)) တည်းဖြတ်သည့်မူ
(ကွဲပြားမှု) ← မူဟောင်း | နောက်ဆုံး မူ (ကွဲပြားမှု) | ပိုသစ်သော တည်းဖြတ်မူ → (ကွဲပြားမှု)
နတ်မောက်မြို့
မြန်မာနိုင်ငံရှိ မြို့များ
Skyline of နတ်မောက်မြို့
နတ်မောက်မြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
နတ်မောက်မြို့
နတ်မောက်မြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 20°21′N 95°24′E / 20.350°N 95.400°E / 20.350; 95.400
နိုင်ငံအမည် မြန်မာ
တိုင်းဒေသကြီးမကွေး
ခရိုင်မကွေး
မြို့နယ်နတ်မောက်မြို့နယ်
လတ္တီကျု(၂၀)ဒီဂရီ၊ (၂၁)မိနစ်
လောင်ဂျီကျု(၉၅)ဒီဂရီ၊ (၂၄)မိနစ်
မြို့နယ်ရုံးစိုက်ရာမြို့နတ်မောက်မြို့
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)

နတ်မောက်မြို့ သည် မကွေးတိုင်းဒေသကြီးမကွေးခရိုင်နတ်မောက်မြို့နယ်၏ ရုံးစိုက်မြို့ ဖြစ်သည်။ မကွေးမြို့မှ (၃၆)မိုင် ကွာဝေးသည်။ ပျဉ်းမနား - ကျောက်ပန်းတောင်း မီးရထားလမ်းပေါ်တွင် တည်ရှိ၍ ပျဉ်းမနားမှ (၉၂)မိုင်ဝေးသည်။ ဧရာဝတီမြစ်ရိုးတွင် တည်ရှိသော မကွေးမြို့၊ အောင်လံမြို့များနှင့်လည်း ကားလမ်း အဆက်အသွယ်ရှိ၏။ နတ်မောက်မြို့နယ်မှ အဓိက ထွက်သော အသီးအနှံများမှာ နှမ်းမြေပဲပြောင်း တို့ဖြစ်သည်။ ဆန်စပါးကို ယင်းချောင်းတစ်လျှောက်တွင် ဆည်မြောင်းများဖြင့် စိုက်ပျိုးကြသည်။ နတ်မောက်မြို့ပေါ်ရှိ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၁၄,၇၃၇ ယောက် ဖြစ်လေသည်။[]

နတ်မောက်မြို့သည် မြန်မာစာပေလောကတွင် ထင်ရှားကျော်ကြားသော စုံနံ့သာမြိုင်ရှာပုံတော်ကြီး သီချင်း ကို ရေးသားပြုစုသူ ဦးကြော့ နှင့် မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း တို့၏ ဇာတိမြို့ ဖြစ်သည်။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ ပြည်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ၊ အတွဲ(၂)၊ ပြည်သူ့အင်အားဦးစီးဌာန၊ May 2015၊ p. ၅၆
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၆)၊ စာမျက်နှာ (၁၃၂)။