ရတနာပုံ တိရစ္ဆာန်ဥယျာဉ်

ဝီကီပီးဒီးယား မှ
(ရတနာပုံ တိရိစ္ဆာန်ဥယျာဉ် မှ ပြန်ညွှန်းထားသည်)

ရတနာပုံ တိရစ္ဆာန်ဥယျာဉ်သည် မန္တလေးတိုင်းဒေသကြီးမန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေး တောင်ခြေနှင့် မန္တလေး နန်းတွင်း မြောက်ဘက်တွင် တည်ရှိသည်။ မြောက်ဘက်တွင် မန္တလေးတောင် အားကစားကွင်း၊ တောင်ဘက်တွင် (၁၂)လမ်း (ကျုံးလမ်း)နှင့် နန်းမြို့တွင်း၊ အရှေ့ဘက်တွင် မန္တလေးတောင်အဝင်လမ်းနှင့် အနောက်ဘက်တွင် မတ္တရာ၊ မိုးကုတ်လမ်းတို့ ရှိသည်။

ရတနာပုံ တိရစ္ဆာန်ဥယျာဉ်

သမိုင်း[ပြင်ဆင်ရန်]

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် နိုင်ငံတော် အကြီးအကဲများ၏ လမ်းညွှန်မှာကြားချက်အရ အထက်မြန်မာပြည် ကိုယ်စားပြု တိရစ္ဆာန်ဥယျာဉ်တစ်ခု တည်ထောင်ရန် အတွက် မန္တလေးမြို့တွင် ဌာနဆိုင်ရာများ ၊ မြို့နယ်များမှ အဖွဲ့အစည်းများ စုပေါင်းတည်ဆောက်ရေး ကော်မတီအား ၁၉၈၉ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။ ယင်းဗဟိုကော်မတီမှ အောက်ပါ ကော်မတီများ ဖွဲ့စည်း၍ လုပ်ငန်းဆောင်ရွက်ခဲ့သည်

  1. ဘဏ္ဍာရေး၊ မြေသိမ်းဆည်းရေးကော်မတီ
  2. ဆောက်လုပ်ရေးလုပ်ငန်းကော်မတီ
  3. မြေပြုပြင်ရေးကော်မတီ
  4. အရိပ်ရပင်နှင့် ပန်းအလှပင်များစိုက်ပျိုးရေးလုပ်ငန်းကော်မတီ
  5. လျှပ်စစ်မီးဆိုင်ရာလုပ်ငန်းကော်မတီ

တိရစ္ဆာန်ဥယျာဉ်တည်ဆောက်ရန် မြေနေရာကို မန္တလေးတောင်ခြေ ရာပြည့်ကွင်း မြေနေရာကို ဗဟိုကော်မတီမှ ရွေးချယ်သတ်မှတ်ခဲ့သည်။ ဥယျာဉ်တည်ဆောက်ရေးအတွက် ပန္နက်ရိုက်ခြင်း၊ မြေညှိခြင်း၊ရေနှုတ်မြောင်းတူးခြင်း လုပ်ငန်းများကို ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ ၁၈ရက်နေ့ နံနက်ပိုင်းမှ စတင်၍ လူလုပ်အား စက်ယန္တရားများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ တိရစ္ဆာန်လှောင်အိမ်များ ဆောက်လုပ်ပြီးစီးသည့် ၁၉၈၉ ခုနှစ် မတ်လ ဒုတိယအပတ်မှစ၍ တိရစ္ဆာန်များ ပြသနိုင်ရန် ရွေ့ပြောင်း ထိန်းသိမ်းထားရှိပြီး (၁၉၈၉) ခုနှစ် ၊ ဧပြီလ (၈) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၈၉ ခုနှစ် ဧပြီလ (၈)ရက်နေ့မှ ၁၉၉၁ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်တွင် တည်ရှိ၍ မြောက်ဘက်တွင် မန္တလေးတောင်၊ အားကစားကွင်း တောင်ဘက်တွင် (၁၂)လမ်း ( ကျုံးလမ်း ) နှင့် နန်းမြို့တွင်း ၊ အရှေ့ဘက်တွင် မန္တလေးတောင်အဝင်လမ်းနှင့် အနောက်ဘက်တွင် မတ္တရာမိုးကုတ်လမ်း တို့ရှိသည်။

တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ)တွင်

  • နို့တိုက်သတ္တဝါ (၃၂) မျိုး - ကောင်ရေ (၁၈၂)ကောင်
  • ကျေးငှက် (၄၈) မျိုး - ကောင်ရေ (၁၇၄) ကောင်
  • တွားသွားသတ္တဝါ (၁၅) မျိုး - ကောင်ရေ (၂၅၂)ကောင်
  • စုစုပေါင်း (၉၄) မျိုး - ကောင်ရေ (၆၀၈)ကောင် တို့အား မွေးမြူထိန်းသိမ်းစောင့်ရှောက်ပြသလျက်ရှိသည်။

(၁၉၈၉)ခုနှစ်၊ ဧပြီလ (၈)ရက်တွင် စတင်ဖွင့်လှစ်ခဲ့သော တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ)သည် ဧရိယာ အကျယ်အဝန်း (၅၃ ဒသမ ၂၁)ဧက ကျယ်ဝန်းကာ သစ်ပင်၊ ပန်းမန်များ ပေါများခြင်း၊ တိရစ္ဆာန် အမျိုးပေါင်း စုံလင်စွာ ထားရှိပေးခြင်း၊ မန်းတောင်ရိပ်ခိုသော အေးချမ်းသည့် နေရာတွင် တည်ရှိခြင်းကြောင့် အများပြည်သူများ လည်ပတ်ကြည့်ရှုချင်စရာ ကောင်းသော တိရစ္ဆာန်ဥယျာဉ်အဖြစ် တွေ့မြင်ရသည်။ ထို့အပြင် တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) အတွင်းတွင် ရှားပါးကြယ်လိပ်များကို ပြသထားပြီး စနေ၊ တနင်္ဂနွေနေ့များနှင့် အစိုးရရုံးပိတ်ရက်များတွင် မြွေလိမ္မာပြပွဲ၊ ဆင်လိမ္မာပြပွဲ၊ ခွေးလိမ္မာပြပွဲ၊ မျောက်လိမ္မာပြပွဲနှင့် ဝက်ဝံလိမ္မာလေးများ၏ ဖျော်ဖြေတင်ဆက်မှုများကို အပတ်စဉ်ပြသပေးနေသည်။ နံနက်(၈)နာရီမှ ညနေ(၆)နာရီအချိန်အထိ ဖွင့်လှစ်ပေးထားသော တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ)အတွင်းသို့ ဝင်ကြေးအဖြစ် လူကြီး(၂ဝဝ)ကျပ်၊ ကလေး(၁ဝဝ)ကျပ်နှုန်း ကောက်ခံပြီး မိသားစုလိုက်ဖြစ်စေ၊ သူငယ်ချင်းမိတ်ဆွေများဖြင့်အတူ ဖြစ်စေ၊ ချစ်သူစုံတွဲများပါမကျန် ပျော်ရွှင်ချမ်းမြေ့စွာ လာရောက်လည်ပတ်နိုင်သည်။ အစိုးရရုံးပိတ်ရက်များနှင့် အခါကြီးရက်ကြီးများတွင် နံနက်(၇:၀၀)နာရီအချိန်ကတည်းက စတင်ဖွင့်လှစ်ပေးထားသည်။

ဧက(၅ဝ)ကျော် ကျယ်ဝန်းသော ဥယျာဉ်အတွင်းသို့ သက်သောင့်သက်သာစွာ လည်ပတ်နိုင်ရန်အတွက်လည်း Buggy အပျော်စီးယာဉ်ငယ်(၂)စီးကို စီစဉ်ထားရှိပြီး မည်သူမဆို လွတ်လပ်စွာစီးနင်းနိုင်ကြသည်။ တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)အတွင်း၌ နို့တိုက်သတ္တဝါ]]အမျိုးအစားပေါင်း (၃၂)မျိုး၊ တွားသွားသတ္တဝါ အမျိုးအစားပေါင်း(၁၅)မျိုး၊ ကျေးငှက်သတ္တဝါအမျိုးအစား (၄၈)မျိုး၊ စုစုပေါင်း တိရစ္ဆာန်(၆ဝဝ)ခန့် ပြသထားရှိပြီး၊ သစ်ပင် ပျိုးပင်ပေါင်း (၁၃၁၅၁)ပင်နှင့် ဆေးဖက်ဝင်သစ်ပင်ပေါင်း (၂၅၇)ပင်၊ အလှဆင်ပန်းပွင့်ပေါင်း (၆၆ဝ၆)ပွင့်တို့ကိုလည်း အများပြည်သူများ လေ့လာနိုင်ရန် ပြသထားသည်ကို တွေ့ရသည်။

ရှားပါးတိရစ္ဆာန်[ပြင်ဆင်ရန်]

ရှားပါးသတ္တဝါ (၃၇)မျိုးကိုလည်း ရှာဖွေစုဆောင်းကာ ထိန်းသိမ်းမွေးမြူထားသည်။ ယင်းရှားပါးတိရစ္ဆာန်များတွင် ဆင်ကျားကျားသစ်မျောက်လွှဲကျော်မျက်ခုံးဖြူမျောက်တံငါမျောက်ပုတီးအာသံမျောက် စသည့် နို့တိုက်သတ္တဝါ ၇ မျိုး၊ စွန်ခေါင်းဖြူစွန်သာလိကာကြိုးကြာဒေါင်းလည်ပျဉ်းနီအောက်ချင်းငှက်လင်းယုန်အောက်ချင်းငှက်ဟိမဝန္တာလင်းတဒီးဒုတ်အောင်လောင်ငှက်ဒေါင်းစိမ်းခါရစ်ငွေရစ်ငဟစ်ငှက်ကုလားအုပ်တောဘဲခေါင်းကြားခရုစုပ်ငှက်တောဘဲငန်းကြာဖက်နင်းငှက်ဒုံးစပ်ငယ်ဒုံးစပ်ကြီး စသည့် ကျေးငှက်သတ္တဝါ ၂၂ မျိုး၊ မိကျောင်းစပါးအုံးမြွေစပါးကြီးမြွေကြယ်လိပ်တိုက်လိပ်လိပ်ဝါလိပ်မောင်းရခိုင်လိပ် စသည့် တွားသွားသတ္တဝါ ၈ မျိုးတို့ဖြစ်သည်။

တစ်နှစ်အတွင်းမှာကို အကောင်ပေါင်း ၃၇ ကောင်ထိ တိုးပွားလာသည်။ ရှားပါးတိရစ္ဆာန်များကို မြန်မာပြည်အနှံ့ နေရာအသီးသီးကနေ လာရောက်လှူဒါန်းကြသလို ဝယ်ယူပြီးတော့လည်း မွေးမြူပြသထားသည်။ တိရစ္ဆာန်တွေမှာ မိမိရှင်သန်ပေါက်ဖွားလာရာ ဒေသကနေ ရေမြေအသစ်ကို ပြောင်းလာတဲ့အခါ ရာသီဥတု၊ နေရာဒေသ မတူညီနိုင်တာမို့ အတတ်နိုင်ဆုံး အဆင်ပြေအောင် လုပ်ပေးရသည်။ တချို့လသားအရွယ် အကောင်တွေကို ချက်ချင်းခြံထဲထားဖို့ အဆင် မပြေနိုင်သေးတဲ့အတွက် သီးသန့် နို့တိုက်ပြီး ဥယျာဉ်ဝန်ထမ်းတစ်ယောက်နဲ့ စောင့်ရှောက်ရသည်။ မြန်မာနိုင်ငံမှာတွေ့ရှိနိုင်သော တောဆိတ်အနီရောင်၊ မြန်မာနိုင်ငံ အောက်ပိုင်းမှာသာတွေ့နိုင်သော စပါးအုံမြွေမျိုးစသည့် ရှားပါးတိရစ္ဆာန်တွေကို မွေးမြူထားသည်။

ရည်ရွယ်ချက်[ပြင်ဆင်ရန်]

ရည်ရွယ်ချက် (၅)ချက်ဖြင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ)၏ ရည်ရွယ်ချက်မှာ -

  • ပြည်သူလူထု အပန်းဖြေ ပျော်ရွှင်စေရန်နှင့် စိတ်ကြည်နူး သာယာမှုရှိစေရန်၊
  • ပြည်သူ လူထုဗဟုသုတရှာမှီးရာတွင် အထောက်အကူဖြစ်စေရန်၊
  • သတ္တဗေဒနှင့် ရုက္ခဗေဒဆိုင်ရာ ပညာရပ်များတွင် အထောက်အကူဖြစ်စေရန်၊
  • တောရိုင်း တိရစ္ဆာန်များ မျိုးဆက်မသုဉ်းရေး အတွက် အထောက်အကူ ဖြစ်စေရန်၊
  • တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး သုတေသန လုပ်ငန်းများတွင် တစ်စိတ်တစ်ပိုင်း အထောက်အကူဖြစ်စေရန်

ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ထားရှိခြင်းဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]