စွန် (ငှက်)
စွန် | |
---|---|
![]() | |
Black Kite, Milvus migrans | |
သဘာဝထိန်းသိမ်းခြင်း အခြေအနေ
| |
မျိုးရိုးခွဲခြားခြင်း | |
လောက: | တိရစ္ဆာန်
|
မျိုးပေါင်းစု: | |
မျိုးပေါင်း: | ငှက်
|
မျိုးစဉ်: | |
မျိုးရင်း: | |
မျိုးစု: | |
မျိုးစိတ်: | M. migrans
|
ဒွိနာမ | |
Milvus migrans (Boddaert, 1783)
| |
Subspecies | |
5, see text | |
![]() | |
Black and Yellow-billed Kite ranges. Orange: summer only Green: all year Blue: winter only | |
Synonyms | |
|
စွန်သည် ငှက်ရဲဖြစ်သည်။ လင်းယုန်နှင့် မျိုးတူ၍ သိမ်းငှက်မျိုးစုတွင် ပါဝင်သည်။ အရွယ် အားဖြင့် ငှက်ကြီးဖြစ်၍ ညိုသော အဆင်းရှိသည်။ အမြီးမှာရှည်၍ ခက်ရင်းကဲ့သို့ အခွေများဖြစ်နေသည်ကို အထင်အရှားမြင်ရသည်။
စွန်၏ သတ္တိထူးတစ်ခုမှာ ကြာမြင့်စွာ ကောင်းကင်၌ ပျံသန်းနေနိုင်ခြင်းဖြစ်သည်။ စွန်အား ရုတ်တစ်ရက် လိုက်၍မှီရန် ခဲယဉ်းလေသည်။ ပျံသန်းရာ၌ မည်သည့်ငှက်နှင့်မဆို ယှဉ်ပြိုင်နိုင်သော ငှက်မျိုးဖြစ်သည်။
အသိုက်ကို သစ်ပင်ထက်၌ တုတ်ချောင်းများဖြင့် ပြုလုပ် လေ့ရှိသည်။ တစ်ကြိမ်လျှင် ၃ ဥ၊ ၄ ဥ ဥသည်။ ဥများမှာ ဖြူဖွေး၍ အညိုပြောက်များဖြင့် ပြည့်နေသည်။ ကမ္ဘာ့တိုက်ကြီး ခြောက်တိုက်စလုံး၌ စွန်များကို တွေ့ရသည်။ သို့ရာတွင် အမျိုးအစားမှာ တစ်နေရာနှင့်တစ်နေရာ မတူချေ။ ဥရောပတိုက်တွင် အာဖရိကတိုက်မှ နွေရာသီ၌ သာလျှင် ခေတ္တလာရောက်ကျက်စားသော စွန်များကို တွေ့ရပေသည်။ ဗြိတိန်ကျွန်းတွင်ကား၊ ယခင်အခါက စွန်များ အမြောက်အများနေကြသော်လည်း ယခုအခါ၌မူ အလွန်တွေ့ရခဲသည်။ မြောက်အမေရိကတိုက်တွင် စွန်မျိုး သုံးစားရှိသည်။ ကမ္ဘာ့အပူပိုင်း ဒေသများတွင်လည်း စွန်များ ကျက်စားကြသည်။ မည်သည့်အရပ်ဒေသ၌မဆို စွန်များသည် လူတို့စွန့်ပစ်ထားသော သား၊ ငါးများကို ရှင်းလင်းပေးသဖြင့် လူတို့အတွက် များစွာအသုံးကျသည်။[၁]
ကိုးကား[ပြင်ဆင်ရန်]
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)