အာသံမျောက်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

အာသံမျောက်[၁]
Macaca assamensis mâle.jpg
သဘာဝထိန်းသိမ်းခြင်း အခြေအနေ
မျိုးရိုးခွဲခြားခြင်း
လောက:
မျိုးပေါင်းစု:
မျိုးပေါင်း:
နို့တိုက်သတ္တဝါ
မျိုးစဉ်:
မျိုးရင်း:
မျိုးစု:
မျိုးစိတ်:
M. assamensis
ဒွိနာမ
Macaca assamensis
Assam Macaque area.png
Assam macaque range

အာသံမျောက် ကို တောင်အာရှ နှင့် အရှေ့တောင်အာရှတို့တွင် တွေ့ရလေ့ ရှိသည်။ နဖူးနှင့် ငယ်ထိပ်နေရာ ကျဉ်းမြောင်းနေပြီး ဦးခေါင်းထိပ်ရှိ အမွှေးများမှာ ဘီးဖြင့် တစ်ဖက်တစ်ချက်သို့ ခွဲခြားပြီး ဖီးထားသကဲ့သို့ ဖြစ်နေသည်။ ကျောဘက် နှင့် ဘေးဘက်ရှိ အမွှေးများမှာ အနီရောင်၊ အညိုရောင် နှင့် အနက်ရောင် တို့ဖြင့် ကွဲပြားသော အရောင်အမျိုးမျိုး ရှိနေနိုင်သည်။

စရိုက်သဘာဝ[ပြင်ဆင်ရန်]

အာသံမျောက်သည် ဝါညစ်ညစ် အရောင်မှ အညိုရင့်ရောင် အသားအရေ အထိ ရှိသည်။ မျက်နှာ အရေပြားသည် အညိုရင့်ရောင်မှသည် ခရမ်းဆောင်လိုလို ထိ ရှိသည်။ ဦးခေါင်းတွင် ပါးပေါ်မှနေ၍ နားရွက် အနောက်ဘက်သို့ တက်သွားသော နက်မှောင်သည့် ဦးခြားရေး ရှိသည်။ ဦးဖုတ်စွန်း ဆံပင်သည် အလယ်၌ ကွဲနေသည်။ ပုခုံး၊ ဦးခေါင်းနှင့် လက်မောင်းများသည် ‌မီးခိုးရောင် သန်းသော နောက်ခြေများထက် အရောင် ပိုဖျော့သည်။ အမြီးသည် အမွေးထူပြီး၊ တိုသည်။ ခေါင်းမှ ကိုယ်လုံးအထိ ၅၁ to ၇၃.၅ cm (၂၀.၁ to ၂၈.၉ in) တိုင်းတာ ရရှိပြီး၊ အမြီးသည် ၁၅ to ၃၀ cm (၅.၉ to ၁၁.၈ in) ရှည်သည်။ အရွယ်ရောက် မျောက်သည် ၅ to ၁၀ kg (၁၁ to ၂၂ lb) လေးသည်။[၂]

ပျံ့နှံ့ပုံနှင့် ကျက်စားပုံ[ပြင်ဆင်ရန်]

ရှန်ဟိုင်းတိရိစ္ဆာန်ဉယျာဉ်မှ အာသံမျောက်များ

နီပေါအုပ်စု အာသံမျောက်(Macaca assamensis)သည် နီပေါတွင် အတွေ့ရများပြီး၊ (M. assamensis)အုပ်စု၏ အရှေ့တောင်နှင့် အရှေ့ဘက် ကပ်လျက်ရှိသော ဒေသများကို ‌သိမ်းပိုက်ထားသည့် အသိအမှတ်ပြုထားသော မျိုးစိတ်ခွဲ ၂ ခုမှ အတန်ငယ် ကွဲထွက်သည်။ အဓိက အုပ်စုကြီး နှစ်ခုကြား ဖြစ်သော အိန္ဒိယအရှေ့မြောက်ပိုင်းတွင် ကွာဟမှု ရှိပြီး၊ အထူးသဖြင့် ဘူတန် အလယ်ပိုင်းနှင့် ဗြဟ္မပုတြမြစ်၏ တောင်ခြမ်း ကြားတွင်လည်း ကွာဟမှု ရှိသည်။ ၎င်း၏ အထက်ကျသော အရှေ့ဘက်ကမ်းသည် မျိုးစိတ်ခွဲ နှစ်ခုကြား ခြားနားခြင်းကို သတ်မှတ်ထားသည်။[၃]

  • အရှေ့ပိုင်း အာသံမျောက် (eastern Assamese macaque)(M. a. assamensis)သည် ဘူတန်၊ အာရုနချာ ပရာဒက်၊ အာသံမဏိပူရ၊ မဂါလယ၊ မိဇိုရမ်၊ နဂလန်၊ ဆစ်ကင်နှင့် အိန္ဒိယအရှေ့မြောက်ပိုင်းတွင် တြိပူရတို့၌ တွေ့ရပြီး၊ မြန်မာပြည်မြောက်ပိုင်း၊ မြန်မာ-ထိုင်းနယ်စပ် အရှေ့တောင်တလျှောက် ချုံကရုံထိ၊ မဲခေါင်မြစ်အထက်အထိ၊ တိဘက်တွင် ကွမ်ရှီး(Guangxi)၊ ကွမ်ကျိုး(Guizhou)၊ တိဘက်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသနှင့် တရုတ်အ‌နောက်မြောက်ပိုင်း ယူနန်ပြည်နယ်တွင် လည်းကောင်း၊ လာအို မြောက်ပိုင်းတွင် သာထိန်(Thateng)နှင့် ဗီယက်နမ် မြောက်ပိုင်းတွင် ဟွိုင်ရွှင်(Hoi Xuan)၌ လည်းကောင်း တွေ့ရသည်။
  • အနောက်အာသံမျောက် (western Assamese macaque)(M. a. pelop)ကို ဥတ္တာ ပရာဒက် (Uttar Pradesh) မှတဆင့် နီပေါအလယ်ပိုင်း၊ ဆစ်ကင်၊ အာသံနှင့် မြောက်ပိုင်းအိန္ဒိယတွင်၊ အနောက် ဘင်္ဂလား၏ မြောက်ဖျားတွင်လည်းကောင်း၊ ဘူတန်အလယ်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်တွင် ဆွန်ဒါဘန်း၌လည်းကောင်း တွေ့ရသည်။

၁၉၇၆၊ ၁၉၇၈ နှင့် ၁၉၈၄ တွင် နီပေါ၌ ပြုလုပ်သော စစ်တမ်းများအရ၊ အာသံမျောက်များကို အမြင့်ပေ ၂၀၀ to ၁,၈၀၀ မီတာ (၆၆၀ to ၅,၉၁၀ ပေ) မှ စ၍ အပူပိုင်းတောများနှင့် သမပိုင်းတောများ၌ မြစ်များ တလျှောက် အုပ်စုနှင့် နေထိုင်သည်ကို တွေ့ခဲ့ရသည်။ ခါလီ ဂန်ဒါကီမြစ်၏ အနောက်ဘက် နေရာများတွင် သိပ်မတွေ့ရချေ။ [၄] အိန္ဒိယတွင် ပင်လယ်ရေမျက်နှာပြင်မှ အမြင့် ၄,၀၀၀ မီတာ (၁၃,၀၀၀ ပေ) ထိ အပူပိုင်းနှင့် သမပိုင်းစိုစွတ်တောများ၊ တပိုင်းအမြဲစိမ်းတောများ၊ ခြောက်သွေ့တောများနှင့် တောင်ထူတောများ (montane forests)၌ သူတို့ နေထိုင်ကြသည်။[၅] များသောအားဖြင့် ၁,၀၀၀ m (၃,၃၀၀ ft) အထက် တောင်ကုန်းဒေသများတွင် နေထိုင်ကျက်စားသော်လည်း၊ ပို၍ စိုစွတ်သော အရှေ့ဘက်တွင် မြေနိမ့်ပိုင်းများ၌ပင် တွေ့နိုင်သည်။ လာအိုနှင့် ဗီယက်နမ်တွင် အမြင့်ပိုင်းဒေသများကို ပို၍ ကြိုက်နှစ်သက်ကြပြီး၊ ၅၀၀ m (၁,၆၀၀ ft) အထက်တွင် နေလေ့ရှိသည်။ ထုံးကျောက်ဂူများထဲတွင်၊ စောင်းနိမ့်သော နေရာတွင် များစွာ တွေ့ရသည်။[၆]

ဂေဟပညာနှင့် အမူအကျင့်[ပြင်ဆင်ရန်]

အာသံမျောက်များသည် နေ့ဘက် ကျက်စားသော သတ္တဝါ (diurnal animal)များ ဖြစ်ပြီး၊ သစ်ပင်နေ (arboreal)နှင့် မြေကြီးနေ (Terrestrial animal) သတ္တဝါများ ဖြစ်သည်။ သူတို့သည် အစုံစား သတ္တဝါ (omnivorous)များ ဖြစ်ကာ၊ သစ်သီး၊ သစ်ရွက်၊ ကျောရိုးမဲ့ အကောင်ပလောင်များနှင့် အစေ့အဆန်များကို စားသောက်သည်။[၆] အာရုနချာ ပရာဒက် ပြည်နယ်၊ နံဒါဖာအမျိုးသားဥယျာဉ်တွင် မျောက် ၂၀၉ ကောင်သည် အုပ်စု ၁၅ စု ခွဲ၍ နေထိုင်ကြောင်း ၂၀၀၂ တွင် မှတ်တမ်းတင်ထားသည်။ အုပ်စု တစုလျှင် ပျမ်းမျှ ၁၃.၉၃ ကောင် ပါသည်။[၇] ၂၀၀၇ တွင် နီပေါ၊ လန်ထန်အမျိုးသားဥယျာဉ်တွင် စစ်တမ်း ကောက်ရာ၊ စုစုပေါင်း အာသံမျောက် ၂၁၃ ကောင်ကို လေ့လာနေသော မြေဧရိယာ ၁၁၃ km2 (၄၄ sq mi) အတွင်း၌ အုပ်စု ၉ ခု ခွဲနေကြောင်း တွေ့ရှိရသည်။ အုပ်စုအရွယ်အစားမှာ ၁၃ ကောင်မှသည် ၃၅ ကောင်အထိ အမျိုးမျိုး တွေ့ရပြီး၊ ပျမ်းမျှ အုပ်စု အရွယ်အစားမှာ ၂၃.၆၆ ကောင် ဖြစ်ကာ၊ အမ ၃၁%၊ အထီး ၁၆% နှင့် သူတို့၏ ကလေးများဖြင့် ဖွဲ့စည်းထားသည်။ အကြိုက်ဆုံးမှာ ပြောင်းဆန်များ၊ ဒုတိယမှာ အာလူးများ၊ သို့သော် ဂျုံမျိုးဝင် အစာများလည်း ကြိုက်နှစ်သက်သည်။ [၈]

ကိုးကား[ပြင်ဆင်ရန်]

  1. Groves၊ C.P. (2005)။ Wilson၊ D.E.; Reeder၊ D.M. (eds.)။ Mammal Species of the World: A Taxonomic and Geographic Reference (3rd ed.)။ Baltimore: Johns Hopkins University Press။ p. 161။ OCLC 62265494ISBN 0-801-88221-4CS1 maint: ref=harv (link)
  2. Françis, C. M. (2008) A field guide to the mammals of South-East Asia. New Holland Publishers. ISBN 1-84537-735-4
  3. Groves, C. P. (2001) Primate taxonomy. Smithsonian Institution Press, Washington, DC, USA.
  4. Wada, K. (2005) The distribution pattern of rhesus and Assamese monkeys in Nepal[လင့်ခ်သေ]. Primates (2005) 46:115–119.
  5. Srivastava, A. and Mohnot, S. M. (2001) Distribution, conservation status and priorities for primates in Northeast India Archived July 21, 2011, at the Wayback Machine.. ENVIS Bulletin: Wildlife and Protected Areas 1(1): 102–108.
  6. ၆.၀ ၆.၁ ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named iucn
  7. Chetry, D., Medhi, R., Biswas, J., Das, D. and Bhattacharjee, P. C. (2003). Nonhuman primates in the Namdapha National Park, Arunachal Pradesh, India. International Journal of Primatology 24(2): 383−388.
  8. Regmi, G. R., Kandel, K. (2008). Population Status, Threats and Conservation Measures of Assamese macaque (Macaca assamensis) in Langtang National Park, Nepal Archived 22 April 2017 at the Wayback Machine.. A final report submitted to Primate Society of Great Britain, UK.