စွန်ခေါင်းဖြူ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
စွန်ခေါင်းဖြူ (သို့) ဗြဟ္မဏီ စွန်
Haliastur indus -Karratha, Pilbara, Western Australia, Australia-8 (1).jpg
စွန်ခေါင်းဖြူ ပုံ
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Accipitriformes
မျိုးရင်း: Accipitridae
မျိုးရင်းသေး: Milvinae
မျိုးစု: Haliastur
မျိုးစိတ်:
H. indus
ဒွိနာမ
Haliastur indus
(Boddaert, 1783)

စွန်ခေါင်းဖြူ (ဝါ) ဗြာဟ္မဏီ စွန် (Brahminy Kite) သည် အလယ်အလတ် အရွယ်အစားရှိသော သားရဲငှက် ဖြစ်သည်။ ပါဏဗေဒ အမည်မှာ ဟာလီယတ်စတာ အင်းဒတ်စ် (Haliastur indus) ဖြစ်သည်။ အိန္ဒိယကျွန်းဆွယ်​၊ အရှေ့တောင်အာရှနှင့် ဩစတြေးလျဒေသတို့တွင် တွေ့ရသည်။ ပင်လယ်ကမ်းရိုးတန်းနှင့် ကုန်းတွင်းပိုင်းဒေသရှိ စိမ့်တောများတွင် အများဆုံးကျက်စားသည်။ ငါးအသေကောင်များနှင့် အခြားသားကောင်များကို စားသည်။ အရွယ်ရောက်သောစွန်ခေါင်းဖြူများတွင် နီညိုရောင်ကိုယ်ထည်ရှိပြီး ဦးခေါင်းနှင့်ရင်ပတ်တို့ ဖြူသည်။ ထို့အတွက်ကြောင့် အခြားသော ငှက်ရဲများဖြင့် ခွဲခြားနိုင်လေသည်။

စွန်ခေါင်းဖြူများသည် ရေအိုင်မြစ် ချောင်းများနှင့် ရေကန်များအနီးအနားတွင် နေထိုင်ကျက်စားပြီး ဖားဂဏန်း နှင့် ပိုးမွှားများကို စားသောက်ကြသည်။ အသိုက်များကို လယ်ကွင်းများတွင် အထီးတည်း ပေါက်နေသော သစ်ပင်ထက်တွင် ပြုလုပ်လေ့ရှိပြီး ဇန်နဝါရီလမှ မတ်လအတွင်း ဥအုကြသည်။ တစ်ကြိမ်လျှင် ဥ ၂-၃လုံး အုသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. BirdLife International (2012). "Haliastur indus". IUCN Red List of Threatened Species 2012. IUCN. 
  2. ရန်ကုန်တိရစ္ဆာန်ဥယျာဉ်လမ်းညွှန် ၁၉၈၉ခုနှစ်ထုတ်