ခင်မောင်ဖြူ

ဝီကီပီးဒီးယား မှ
(ခင်မောင်ဖြူ ၊ ဦး မှ ပြန်ညွှန်းထားသည်)
မဟာသရေစည်သူ
​ခင်မောင်ဖြူ
မွေးဖွား(၁၉၀၅-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၃"။-၁၉)မတ် ၁၉၊ ၁၉၀၅
တောင်ကြီးမြို့ဗြိတိသျှဘားမား
ကွယ်လွန်အောက်တိုဘာ ၂၉၊ ၁၉၈၄(၁၉၈၄-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၁"။-၂၉) (အသက် ၇၉)
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်
အလုပ်အကိုင်နိုင်ငံ့ဝန်ထမ်း
ကျော်ကြားမှုအရင်းခံ​ အတွင်းဝန်ချုပ်၊ ဝန်ကြီး၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ
မိဘ(များ)ဦးဖြူ + ဒေါ်ပေါ်
ရရှိသည့်ဆုများသရေစည်သူဘွဲ့ (၁၉၄၉)
မဟာသရေစည်သူဘွဲ့ (၁၉၅၃)
ယူဂိုဆလားဗီးယားနိုင်ငံ ၏ ဒုတိယတန်းကြယ်တံဆိပ် (၁၉၅၅)
ထိုင်းဘုရင်၏ ဆင်ဖြူတော် (ဒုတိယဆင့်) ဘွဲ့တံဆိပ်
နိုင်ငံ့ဂုဏ်ရည် (ပထမဆင့်)

ခင်မောင်ဖြူ (၁၉၀၅-၁၉၈၄) သည် အငြိမ်းစား လက်ထောက် ကော်မရှင်နာ မင်းကြီး ဖြစ်သည့်အပြင်၊ မဟာသရေစည်သူဘွဲ့ရ အတွင်းဝန်ချုပ်၊ ဝန်ကြီးနှင့်ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ အဖြစ်တာဝန် ထမ်းဆောင်ခဲ့သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

၁၉၀၅ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ အဖဦးဖြူနှင့် အမိ ဒေါ်ပေါ်တို့က မွေးဖွားခဲ့သည်။ တောင်ကြီးမြို့ အေဘီအမ် ကျောင်းမှ ၁ဝ တန်းအောင်မြင်ခဲ့ပြီး ၁၉၂၇ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘီအက်(စ်)စီဘွဲ့ရခဲ့သည်။

နိုင်ငံတာဝန်များထမ်းဆောင်ခဲ့ပုံ[ပြင်ဆင်ရန်]

ကိုလိုနီခေတ်[ပြင်ဆင်ရန်]

၁၉၂၉ ခုနှစ်တွင် အိုင်စီအက်စ်ရာထူး ခန့်အပ်ခံရသည်။ ၁၉၃၉ ခုနှစ်မှ ၁၉၄၂ ခုနှစ်အထိ လက်ထောက် ကော်မရှင်နာ မင်းကြီးအဖြစ် ကျောက်ဖြူမြို့နှင့် သာယာဝတီမြို့ များတွင် ဆောင်ရွက်ခဲ့သည်။

လွတ်လပ်ရေး ရပြီးခေတ်[ပြင်ဆင်ရန်]

ထို့နောက် ၁၉၄၈ ခုနှစ်တွင် ရှမ်းပြည်နယ်၏ လက်ထောက် တောင်တန်း မင်းကြီးအဖြစ်နှင့် အငြိမ်းစား ယူခဲ့သည်။ ၁၉၅၀ ပြည့်နှစ်၌ ပြည်ထောင်စုမြန်မာနိုင်ငံ သမ္မတကြီး စဝ်ရွှေသိုက် ၏ အတွင်းဝန်အဖြစ် ခန့်အပ်ခံခဲ့ရသည်။ ၁၉၅၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ အတွင်းဝန်ချုပ် အဖြစ် ခန့်အပ်ခံရသည်။

ဗိုလ်ချုပ်ကြီး ဦးနေဝင်း၏ အိမ်စောင့်အစိုးရ လက်ထက် တွင် ပြည်ထဲရေးဌာန၊ ပြန်ကြားရေးဌာန၊ လူဝင်မှု ကြီးကြပ်ရေး ဌာန၊ ဒီမိုကရေစီ ဒေသန္တရအုပ်ချုပ်ရေးဌာန စသော ဌာန အသီးသီးတို့တွင် ဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့ရာ ၁၉၅၈ ခုနှစ်ထိ ဖြစ်သည်။ ထို့နောက် အမျိုးသားစည်းလုံးညီညွတ်မှု ဗဟိုကောင်စီ၏ ဥက္ကဋ္ဌအဖြစ် ၁၉၆ဝ ပြည့်နှစ်အထိ ဆောင်ရွက် ခဲ့သည်။

၁၉၄၉ ခုနှစ်တွင် သရေစည်သူဘွဲ့ကို လည်းကောင်း၊ ၁၉၅၃ ခုနှစ်တွင် မဟာသရေစည်သူဘွဲ့ကို လည်းကောင်း၊ ၁၉၅၅ ခုနှစ်တွင် ယူဂိုစလားဗီးယားနိုင်ငံ သမ္မတကြီး မာရှယ်တီးတိုးက အပ်နှင်းသော ယူဂိုစလားဗီးယားနိုင်ငံ၏ ဒုတိယတန်းကြယ်တံဆိပ် နှင့် ထိုင်းနိုင်ငံဘုရင်၏ ဆင်ဖြူတော် (ဒုတိယတန်းစား) ဘွဲ့တံဆိပ်ကို လည်းကောင်း ရရှိခဲ့သည်။ ၁၉၇ဝ ပြည့်နှစ်တွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ (ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးအဖွဲ့) အဖွဲ့ဝင်လူကြီးအဖြစ် လည်းကောင်း၊ ၁၉၇၃ ခုနှစ်တွင် ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့ပြီး ၁၉၇၇ ခုနှစ်တွင် အနားယူ သည်။

၁၉၈ဝ ပြည့်နှစ်တွင် ပြည်ထောင်စုဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်ကောင်စီက နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်) ကို ချီးမြှင့်အပ်နှင်းသည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

ဦးခင်မောင်ဖြူသည် ၁၉၈၄ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့တွင် ကွယ်လွန် သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ခင်ခင်တင်နှင့် သားသမီး သုံးယောက် ကျန်ရစ်ခဲ့သည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်းအနှစ်ချုပ် (၁၉၈၅)၊ စာ- ၁၃၈၊ ၁၃၉။