မကူရီဘာသာစကား
မကူရီ | |
---|---|
မကူရီနာဂ | |
ဒေသခံ | အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံ |
ဒေသ | နာဂလန်းပြည်နယ် |
ဒေသခံ ပြောဆိုသူများ | ၆၅,၀၀၀ (၂၀၁၄-၁၆)[၁] |
တရုတ်-တိဗက်နွယ်
| |
ဘာသာစကားကုဒ်များ | |
ISO 639-3 | jmn |
Glottolog | maku1273 [၂] |
မကူရီဘာသာစကား (Makury သို့မဟုတ် Makury Naga) သည် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံ၏ နာဂဘာသာစကားတစ်ခု ဖြစ်သည်။ မကူရီဘာသာစကားသည် ကိုညတ်-တန်ရှန်း နှင့် Angami-Zeme အုပ်စုတွင် ပါဝင်သော အခြားနာဂဘာသာစကားများနှင့် မနီးစပ်ပေ။ တောင်ပိုင်းနာဂဘာသာစကားတွင် ပါဝင်သော Ao-Tangkhul ဘာသာစကားအုပ်စုတွင် ပါဝင်ပြီး ယင်းအုပ်စုရှိ နာဂဘာသာစကားများနှင့် နီးစပ်သည်။ လောင်ဖူရီ (Müvlë) သည် မကူရီ၏ လူမျိုးနွယ်စုခွဲတစ်ခု ဖြစ်သည်။ အရှေ့နဂလန်းပြည်နယ် နှင့် မြန်မာနိုင်ငံရှိ မကူရီ၊ တန်ကွန်နှင့် ပါရာ တို့သည် အခြားသော မြောက်ပိုင်းမျိုးနွယ်စုများထက် ဘာသာစကားချင်း ပိုမိုနီးစပ်သည်။
ပထဝီဝင်ဆိုင်ရာ ပျံ့နှံ့မှု
[ပြင်ဆင်ရန်]မကူရီဘာသာစကားကို မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်ရှိ လေရှီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်နှင့် လဟယ်မြို့နယ်တို့တွင် ပြောဆို အသုံးပြုကြသည်။ မကူရီဘာသာစကား အသုံးပြုသူများမှာ မြန်မာနိုင်ငံတွင် လူဦးရေ ၄၀,၀၀၀ ခန့်နှင့် အိန္ဒိယနိုင်ငံတွင် လူဦးရေ ၂၅,၀၀၀ ခန့် ဖြစ်သည်။
ဒေသိယစကားများ
[ပြင်ဆင်ရန်]Ethnologue တွင် အောက်ပါတို့ကို မကူရီဘာသာစကား၏ ဒေသိယစကားများအဖြစ် စာရင်းပြုစုထားသည်။
- Mëkheotlë
- Sengphüvlë
- Aralë
- Jilë
Jongphüvlë (Ethnologue တွင် Kyaungphuri အဖြစ် စာရင်းပြုထား) သည် မကူရီမျိုးရိုးစုအမည် Makury Tribal Council ဖြစ်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မကူရီ at Ethnologue (18th ed., 2015)
- ↑ Nordhoff၊ Sebastian; Hammarström၊ Harald; Forkel၊ Robert; Haspelmath၊ Martin, eds. (2013)။ "Makury Naga"။ Glottolog။ Leipzig: Max Planck Institute for Evolutionary Anthropology။
ဤ တရုတ်-တိဗက်နွယ် ဘာသာစကားများ နှင့် ဆက်စပ်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |