တစ်ပြည်ထောင်နိုင်ငံ

ဝီကီပီးဒီးယား မှ
  တစ်ပြည်ထောင်နိုင်ငံများ

တစ်ပြည်ထောင်နိုင်ငံတွင် နိုင်ငံဗဟိုအစိုးရသည် တစ်ခုတည်းသော အချုပ်အခြာအာဏာရှိသော အဖွဲ့အစည်းတစ်ခုအဖြစ် အုပ်ချုပ်သည်။ ဗဟိုအစိုးရသည် အုပ်ချုပ်ရေးဌာနခွဲများ၊ ပြည်နယ်များကို ဖန်တီးနိုင်သလိုဖျက်သိမ်းနိုင်သည်။[၁] အဆိုပါပြည်နယ်များသည် ဗဟိုအစိုးရမှ လွှဲအပ်ရန် ရွေးချယ်သော အာဏာများကိုသာ ကျင့်သုံးသည်။ နိုင်ငံရေးအာဏာ ကို devolution (ဗဟိုမှ အာဏာကို လက်အောက်အဖွဲ့အစည်းများသို့ ခွဲဝေပေးခြင်း) မှတဆင့် ဒေသဆိုင်ရာ သို့မဟုတ် ဒေသန္တရအစိုးရ ကို ဥပဒေ ဖြင့် လွှဲအပ်သော်လည်း၊ ဗဟိုအစိုးရသည် ၎င်းတို့ ဗဟိုအစိုးရသို့ အာဏာလွှဲပြောင်းကျရောက်သော အစိုးရ​ (devolved governments) တို့၏ လုပ်ဆောင်ချက်များကို ဖျက်သိမ်းခြင်း သို့မဟုတ် ၎င်းတို့၏ အာဏာများကို ကန့်သတ်ခြင်း သို့မဟုတ် ချဲ့ထွင်နိုင်သည်။

တစ်ပြည်ထောင်နိုင်ငံများသည် 'ဖက်ဒရယ်ပြည်ထောင်စု' ဟုလည်းလူသိများသော ဖက်ဒရေးရှင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ကမ္ဘာ့ အချုပ်အခြာအာဏာပိုင်နိုင်ငံများ (ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ) တွင် အများစုသည် တစ်ပြည်ထောင်စနစ်ဖြင့် အစိုးရဖြစ်သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. Unitary State ဆိုတာ ဘာလဲ။ (August 2017)။ 8 November 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2019-02-22 တွင် ပြန်စစ်ပြီး။
  2. Democracy (2015-11-20)။ 13 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2019-02 -22 တွင် ပြန်စစ်ပြီး။