စက်မှုတော်လှန်ရေး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
သိပ္ပပညာရှင် ဂျိမ်းစ်ဝပ် (James Watt) တီထွင်ခဲ့သည့် ရေနွေးငွေ့စက်။ လက်ရှိတွင် စပိန်နိုင်ငံ မဒရစ်မြို့တွင် သိမ်းဆည်းထားသည်။[၁]

စက်မှုတော်လှန်ရေး (Industrial Revolution) သည် အရင်းရှင်စီးပွားရေးစနစ် စက်မှုလုပ်ငန်း အသွင်ပြောင်းလာစေသည့် စောစောပိုင်းကာလကို ညွှန်းဆိုခြင်း ဖြစ်သည်။ ကုန်ပစ္စည်း ထုတ်လုပ်မှုတွင် စက်ယန္တရားများဖြင့် လူအားနေရာတွင် အစားထိုးလာသည့် ခေတ်ကာလလည်းဖြစ်သည်။ စက်ယန္တရားများ တီထွင်အသုံးပြုခြင်းသည် ဤခေတ်ကာလ၏ သင်္ကေတဖြစ်သောကြောင့် သမိုင်းပညာရှင်များက ဤခေတ်ကာလအား “စက်ယန္တရားခေတ်”ဟု ခေါ်ဝေါ်သမုတ်လေ့ရှိသည်။

စက်မှုတော်လှန်ရေးသည် ၁၇၅၉ ခုနှစ်ခန့်တွင် စတင်ခဲ့သည်ဟု တချို့က ယူဆခဲ့သော်လည်း ၁၈၃၀ ပြည့်လွန်နှစ်ရောက်မှသာ ရုပ်လုံးပီပြင်လာသည်။ ပညာရှင်အများစုက စက်မှုတော်လှန်ရေးသည် ဗြိတိန်နိုင်ငံ (ယူကေ) အလယ်ပိုင်းဒေသတွင် အစပျိုးခဲ့သည်ဟု လက်ခံထားကြသည်။ ၁၈ ရာစုနှစ်လယ်ပိုင်းတွင် ဗြိတိသျှလူမျိုး ဂျိမ်းစ်ဝပ် ရေနွေးငွေ့စက်ကို တီထွင်ခဲ့ပြီးနောက် လူအားဖြင့် ကုန်ထုတ်လုပ်ြခင်းမှသည် စက်အားဖြင့် ထုတ်လုပ်ခြင်းသို့ တစတစ ကူးပြောင်းလာခဲ့သည်။ ဒီ့နောက်တွင် အနောက်ဥရောပ နိုင်ငံများနှင့် အမြောက်အမေရိကတိုက်သို့ ပျံ့နှံ့သွားကာ ကမ္ဘာတဝှမ်းသို့ သက်ရောက်မှု ဖြစ်စေခဲ့သည်။ ရေနွေးငွေ့စက်၊ ကျောက်မီးသွေးသံနှင့် သံမဏိတို့သည် နည်းပညာတိုးတက်မှုနှင့် စက်မှုတော်လှန်ရေး အရှိန်အဟုန်ရလာစေသည့် အကြောင်းအရင်းကြီး ၄ ရပ်ဟု ယူဆကြသည်။

ဂျိမ်းစ်ဝပ် ရေနွေးငွေ့စက်အား မတီထွင်မှီကာလတွင် ကုန်ပစ္စည်းထုတ်လုပ်ရာ၌ လူအားနှင့် တိရစ္ဆာန်အင်အားကိုသာ အသုံးပြုခဲ့ကြသည်။ ရေနွေးငွေ့စက် ပေါ်ပေါက်လာပြီးနောက် စက်ရုံများအား မြစ်၊ ချောင်းများ အနီးတွင် တည်ဆောက်ရန် မလိုတော့သကဲ့သို့ လူအား အမြောက်အများကိုလဲ မလိုအပ်တော့ပေ။ ကုန်ထုတ်စွမ်းအားလည်း အရှိန်အဟုန်နှင့် တိုးမြင့်လာစေသည်။ စက်မှုတော်လှန်ရေးသည် လူ့ဘောင်အဖွဲ့အစည်းအပေါ် စီးပွားရေး၊ ယဉ်ကျေးမှု၊ လူနေမှုစသည့် အပိုင်းကဏ္ဍအသီးသီးမှ ကြီးမားနက်ရှိုင်းသည့် သက်ရောက်မှု ဖြစ်စေခဲ့သည်။

နောက်ခံသမိုင်း[ပြင်​ဆင်​ရန်​]

စက်မှုတော်လှန်ရေး မတိုင်မှီကာလတွင် အနောက်နိုင်ငံသား အများစုသည် ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းဖြင့် အသက်မွေးကြသည်။ ၎င်းတို့သည် လူအား၊ တိရစ္ဆာန်အင်အားနှင့် ရိုးစင်းသည့် ကိရိယာများကို အသုံးပြုကာ စိုက်ပျိုးကြသည်။ စိုက်ပျိုးရာတွင် အလယ်ခေတ်မှ လယ်သုံးကွက် အလှည့်ကျ စိုက်ပျိုးနည်းကို အသုံးပြုဆဲဖြစ်သည်။ ဤနည်းလမ်းဖြင့် စိုက်ပျိုးရာတွင် လယ်သမားများသည် လယ်မြေများကို အကွက်သုံးကွက်ခွဲကာ နှစ်စဉ် အကွက် နှစ်ကွက်တွင်သာ စိုက်ပျိုးကြသောကြောင့် ထွက်နှုန်းမများလှပေ။

ထိုခေတ်ကာလ၌ မြို့ပြတွင် နေထိုင်သည့် လူဦးရေမှာ ၁ သောင်း အောက်တွင်သာ ရှိသည်။ မြို့ပြနေ လူတန်းစားမှာ စီးပွားရေးသမားများနှင့် အချုပ်သမား၊ လက်သမား ကဲ့သို့သော တပိုင်တနိုင် လုပ်ငန်းများ လုပ်ကိုင်သည့် လက်လုပ်လက်စားများ ဖြစ်ကြသည်။ ကုန်ပစ္စည်း ထုတ်လုပ်ရာတွင်လဲ ရေအား၊ လေအား၊ တိရစ္ဆာန်အားနှင့် လူအင်အားကိုသာ အဓိက အသုံးပြုကြသောကြောင့် ကုန်ထုတ်မှု ပမာဏ မများလှပေ။ ထို့ကြောင့် လူဦးရေတိုးပွားလာသည့် အလျောက် တစတစ တိုးမြှင့်လာသည့် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်စွမ်း မရှိတော့ပါ။ မြို့ပြနှင့် ကျေးလက်အကြား သယ်ယူပို့ဆောင်ရာတွင်လည်း မြင်းလှည်း၊ နွားလှည်းများသာ အဓိကဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေးလည်း မကောင်းမွန်လှပေ။ မိုးရာသီတွင် ကူးသန်းသွားလာရေး ခဲယဉ်းသည်။

ဖြစ်ပွားရသည့် အကြောင်းအရင်း[ပြင်​ဆင်​ရန်​]

စိုက်ပျိုးမွေးမြူရေး အပြောင်းအလဲနှင့် လူဦးရေတိုးပွားမှု[ပြင်​ဆင်​ရန်​]

၁၈ ရာစုနှစ် အင်္ဂလန်နိုင်ငံတွင် လူဦးရေ မပြတ်တိုးပွားလာသည့်အပြင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်း၌ ခြံဝင်းခတ် လှုပ်ရှားမှုကြောင့် လူအင်အားပိုလျှံလာပြီး မူလက ခြံနှင့် လယ်ယာတွင် လုပ်ကိုင်ကြသည့် လယ်သမား၊ ခြံသမားများ မိမိတို့၏ လယ်ယာနှင့်ခြံကို စွန့်ခွာ၍ အလုပ်အသစ်ကို မဖြစ်မနေ ရှာဖွေလုပ်ကိုင်ကြရသည်။ ဤသည်မှာလဲ စက်မှုစီးပွားရေးစနစ် ပေါ်ပေါက်ထွန်းကားလာရေးအတွက် တွန်းအား တစ်ရပ် ဖြစ်လာသည်။ ထို့အပြင် လူအများ၏ သုံးစွဲမှုမှာလည်း တနေ့တခြား တိုးပွားလာသောကြောင့် စက်မှုလုပ်ငန်းအပိုင်းတွင် စီးပွားဖြစ် အမြောက်အမြား ထုတ်လုပ်မှု ပိုမိုအားကောင်းလာစေသည်။

အင်္ဂလန် ပြည်တွင်းဈေးကွက်[ပြင်​ဆင်​ရန်​]

ကိုလိုနီနယ် ဈေးကွက်နှင့် ကုန်ကြမ်းပစ္စည်း[ပြင်​ဆင်​ရန်​]

ငွေပင်ငွေရင်းနှင့် နည်းပညာ[ပြင်​ဆင်​ရန်​]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. Watt steam engine image: located in the lobby of into the Superior Technical School of Industrial Engineers of a the UPM (Madrid)

yo done