မာတိကာသို့ ခုန်သွားရန်

ကန်းစုပြည်နယ်

ဝီကီပီးဒီးယား မှ
ကန်းစုပြည်နယ်
Gansu Province
တရုတ်ဘာသာဖြင့် : 甘肃省
ဖျင်းယင်းဖြင့် Gānsù Shěng
အတိုကောက်အမည်: 甘 or 陇/隴  (pinyin: Gān or Lǒng)
Gansu is highlighted on this map
အမည်ရင်းမြစ် 甘 gān - (ကန်းကျိုးခရိုင်)
肃 sù - (စုကျိုးခရိုင်)
အုပ်ချုပ်ရေးအမျိုးအစား ပြည်နယ်
မြို့တော်
(နှင့် အကြီးဆုံးမြို့)
လန်ကျိုးမြို့
ကွန်မြူနစ်ပါတီ အကြီးအကဲ လုဟောင်
ပြည်နယ်အုပ်ချုပ်ရေးမှူး လျိုဝေဖျင်
ဧရိယာ ၄၅၄,၀၀၀ စတုရန်းကီလိုမီတာ
 - လတ္တီကျု 32° 36' to 42° 48' N
 - လောင်ဂျီကျု 092° 46' to 108° 43' E
လူဦးရေ (၂၀၁၀)
 - သိပ်သည်းမှု
၂၅,၅၇၅,၂၅၄ (၂၂)
၇၃
ဂျီဒီပီ (၂၀၁၀)
 - လူတစ်ဦးချင်း
ယွမ်ငွေ ၄၁၁.၉ ဘီလီယံ (US$ ၆၀.၈ ဘီလီယံ) (၂၇)
CNY ၁၂,၈၃၆ (၃၀)
HDI (၂၀၀၈) ၀.၇၀၅ (medium) (၂၉)
ကိုးကွယ်ယုံကြည်မှုများ ဗုဒ္ဓဘာသာအစ္စလာမ်ဘာသာ
တိုင်းရင်းသားလူမျိုးများ ဟန့်လူမျိုး - 91%
ဟွေလူမျိုး - 5%
တုန်းရှန်းလူမျိုး - 2%
တိဘက်လူမျိုး - 2%
ဒေသသုံးဘာသာစကားများ တရုတ်ဘာသာစကားတိဘက်ဘာသာစကား
ခရိုင်ကြီး(Prefecture)အဆင့် ၁၄ ခု
ခရိုင်ငယ်(County)အဆင့် ၈၆ ခု
မြို့နယ်(Township)အဆင့်* ၁၃၄၄ ခု
ISO 3166-2 CN-62
အင်တာနက် စာမျက်နှာ
http://www.gansu.gov.cn
Source for population and GDP data:
《中国统计年鉴—2005》 China Statistical Yearbook 2005
ISBN 7503747382
Source for nationalities data:
《2000年人口普查中国民族人口资料》 Tabulation on nationalities of 2000 population census of China
ISBN 7105054255
*As at December 31, 2004
TemplateDiscussionWikiProject China

ဤအသံ အကြောင်းGansu  သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၏အနောက်မြောက်ပိုင်းတွင် တည်ရှိသော ပြည်နယ်တစ်ခု ဖြစ်သည်။

တိဘက်ကုန်းပြင်မြင့် နှင့် ဟွမ်းထူကုန်းပြင်မြင့်များ အကြားတွင် တည်ရှိပြီး မြောက်ဘက်တွင် မွန်ဂိုလီးယားနိုင်ငံအတွင်းမွန်ဂိုလီးယားပြည်နယ်နင်ရှပြည်နယ်၊ အနောက်ဘက်တွင် ရှင်းကျန်းပြည်နယ်ချင်းဟိုင်ပြည်နယ်၊ တောင်ဘက်တွင် စစ်ချွမ်းပြည်နယ်၊ အရှေ့ဘက်တွင် ရှန်းရှီးပြည်နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ မြစ်ဝါမြစ်သည် ကန်းစုပြည်နယ်တောင်ပိုင်းကို ဖြတ်သန်းစီးဆင်းသွားသည်။

၂၀၀၉ခုနှစ်စာရင်းအရ ကန်းစုပြည်နယ်တွင် လူဦးရေ ၂၉ သန်းကျော်ရှိပြီး ဟွေလူမျိုးများနေထိုင်ရာ ဒေသတစ်ခု ဖြစ်သည်။ ကန်းစုပြည်နယ်တောင်ပိုင်းဒေသများတွင် တိဘက်လူမျိုးများ နေထိုင်ကြသည်။ မြို့တော်မှာ လန်ကျိုးမြို့ ဖြစ်ပြီး ပြည်နယ်၏ အရှေ့တောင်ဘက်တွင် တည်ရှိသည်။ ကန်းစုပြည်နယ်ကို အတိုကောက်အားဖြင့် ကန်း ("甘" Gān) သို့မဟုတ် လုံ ("陇" Lǒng) ဟု ခေါ်ဆိုသည်။ တရုတ်ဘာသာစကားအရ လုံဟူသည်မှာ နဂါး ဖြစ်သည်။ ပြည်နယ်၏ အရှေ့ဘက်တွင် နဂါးတောင်တန်း ခေါ် လုံတောင်တန်း တည်ရှိသောကြောင့် ကန်းစုပြည်နယ်ကို နဂါးနောက်ပြည်နယ်၊ နဂါးညာဘက်ပြည်နယ်ဟုလည်း ခေါ်ဆိုကြသည်။

အုပ်ချုပ်ရေးခရိုင်များ

[ပြင်ဆင်ရန်]

ကန်းစုပြည်နယ်ကို ခရိုင်ကြီးအဆင့်စုစုပေါင်း (၁၄)ခု ခွဲခြားထားသည်။

Map စဉ် ရုံးစိုက်ရာမြို့ တရုတ်စာဖြင့် ဖျင်းယင်းဖြင့် ခရိုင်ကြီးအမည် လူဦးရေ (၂၀၁၀)
ခရိုင်ကြီးများ
1 ကျိုချွမ်မြို့ 酒泉市 Jiǔquán Shì စုကျိုးခရိုင် 1,095,947
2 ကျားယွိကွမ်းမြို့ 嘉峪关市 Jiāyùguān Shì ကျားယွိကွမ်းခရိုင် 231,853
3 ကျန်းယဲ့မြို့ 张掖市 Zhāngyè Shì ကန်းကျိုးခရိုင် 1,199,515
4 ကျင်းချောင့်မြို့ 金昌市 Jīnchāng Shì ကျင်းချောင့်ခရိုင် 464,050
5 ဝူးဝေမြို့ 武威市 Wǔwēi Shì လျန်ကျိုးခရိုင် 1,815,054
6 ပိုင်ယင်းမြို့ 白银市 Báiyín Shì ပိုင်ယင်းခရိုင် 1,708,751
7 လန်ကျိုးမြို့ 兰州市 Lánzhōu Shì ချင်ကွမ်းခရိုင် 3,616,163
10 တင့်ရှီးမြို့ 定西市 Dìngxī Shì အန်းတင့်ခရိုင် 2,698,622
11 လုံးနန်မြို့ 陇南市 Lǒngnán Shì ဝူတုခရိုင် 2,567,718
12 ထျန်းရွှေမြို့ 天水市 Tiānshuǐ Shì ချင်းကျိုးခရိုင် 3,262,548
13 ဖျင်းလျန်မြို့ 平凉市 Píngliàng Shì ခုံးထုံခရိုင် 2,068,033
14 ချင်းယန်မြို့ 庆阳市 Qìngyáng Shì ရှီးဖွင်းခရိုင် 2,211,191
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်ကြီးများ
8 လင်ရှ ဟွေလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် 临夏回族自治州 Línxià Huízú Zìzhìzhōu လင်ရှမြို့ 1,946,677
9 ကန်းနန် တိဘက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် 甘南藏族自治州 Gānnán Zāngzú Zìzhìzhōu ဟဲဇော့ 689,132

လူဦးရေနှင့်လူမျိုးများ

[ပြင်ဆင်ရန်]
On the streets of လင်ရှမြို့

ကန်းစုပြည်နယ်တွင် လူဦးရေ ၃၀,၇၁၁,၂၈၇ ယောက် နေထိုင်ကြသည်။ ၇၃% ခန့်မှာ ကျေးလက်တွင် နေထိုင်ကြသည်။ လူမျိုးအနေဖြင့် ဟန့်တရုတ်လူမျိုး (၉၂%) ရှိပြီး အခြားလူမျိုးများမှာ ဟွေလူမျိုးတိဘက်လူမျိုးတုန်းရှန်းလူမျိုးထူလူမျိုးမန်ချူးလူမျိုးအူရ်ဂါလူမျိုးယူဂါလူမျိုးပေါနန်လူမျိုးမွန်ဂိုလူမျိုးဆာလာလူမျိုး နှင့် ကာဇက်လူမျိုး များနေထိုင်ကြသည်။ ရှေးယခင်က ဟွေလူမျိုး ပန်းသေးတရုတ် (မူဆလင်များ) အများအပြားနေထိုင်ခဲ့ကြသည်။

ဘာသာစကားများ

[ပြင်ဆင်ရန်]

အများစုသည် မြောက်ပိုင်းတရုတ်စကား (Mandarin Chinese) မူကွဲများကိုပြောဆိုကြသည်။ နယ်ခြားဒေသများတွင် ထူ၊ အန်ဒိုတိဘက်၊ မွန်ဂို နှင့် ကာဇက် ဘာသာစကားများကို ပြောဆိုကြသည်။ ယင်းတိုင်းရင်းသားများသည် တရုတ်စကားကိုလည်း ပြောဆိုနိုင်ကြသည်။

ယဉ်ကျေးမှု

[ပြင်ဆင်ရန်]

အဓိကအစားအသောက်မှာ ဒေသထွက် ဂျုံ၊ ဘာလီ၊ ပဲအမျိုးမျိုး၊ ကန်စွန်းဥ နှင့် လူး၊ ဆပ်များ ဖြစ်ကြသည်။ ကန်းစုပြည်နယ်သည် ယင်း၏ လားမြန့်ခေါ် လက်ဆွဲခေါက်ဆွဲ (pulled noodles) ကြောင့် အထူးထင်ရှားသည်။ မူဆလင်စားသောက်ဆိုင်များ (Muslim restaurants) မှာ သိုးသား၊ ဆိတ်သား စသည့် စားသောက်ဖွယ်ရာများ ရနိုင်သည်။

ဘာသာရေး

[ပြင်ဆင်ရန်]

အစ္စလာမ်ဘာသာဝင်များ နှင့် ဗုဒ္ဓဘာသာဝင်များ နေထိုင်ကြသည်။ ကူမင်တန်အစ္စလာမ္မစ်ပုန်ကန်မှု (Kuomintang Islamic insurgency in China (1950–1958) သည် တရုတ်ပြည်တွင်းစစ်၏ အဆက်ဖြစ်သည်။ ဗုဒ္ဓယဉ်ကျေးမှု အနုလက်ရာများလည်း တွေ့ရသည်။ တွန်းဟွမ်သည် အလယ်ခေတ်မှ ထင်ရှားသော ဗုဒ္ဓဘာသာ ဗဟိုချက် ဖြစ်ခဲ့သည်။ []

အာကာသယာဉ်ပစ်လွှတ်စခန်း

[ပြင်ဆင်ရန်]

ကန်းစုပြည်နယ်၊ ဂိုဘိသဲကန္တာရအတွင်းရှိ ကျိုချွမ်မြို့တွင် ကျိုချွမ်အာကာသယာဉ်ပစ်လွှတ်စခန်း (Jiuquan Satellite Launch Center) တည်ရှိသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. မော်ကွန်းတင်ပြီးမိတ္တူ။ 8 March 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 November 2011 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]