ဒေါပုံမြို့နယ်
ပုံပန်းသွင်ပြင်
(ဒေါပုံ မှ ပြန်ညွှန်းထားသည်)
ဒေါပုံမြို့နယ် | |
---|---|
သာကေတတံတားသစ်မှအဝင် | |
ဗိုလ်တထောင်ခရိုင်အတွင်း တည်နေရာ | |
ဒေါပုံမြို့နယ် တည်နေရာ၊ မြန်မာ။ | |
ကိုဩဒိနိတ်: 16°40′0″N 96°11′0″E / 16.66667°N 96.18333°Eကိုဩဒိနိတ်: 16°40′0″N 96°11′0″E / 16.66667°N 96.18333°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | ရန်ကုန် |
ခရိုင် | ဗိုလ်တထောင် |
လူဦးရေ (၂၀၁၄) | |
• စုစုပေါင်း | ၇၄,၉၉၄ [၁] |
စာပို့သင်္ကေတ | ၁၁၂၄၁ |
ဒေါပုံမြို့နယ်သည် ရန်ကုန်မြို့၏ အရှေ့တောင်ပိုင်းတွင် တည်ရှိသည်။ မွန်ဘာသာအရ ဒေု-တောင်၊ ပန်-လေး၊ တောင်လေးလုံးဟု အဓိပ္ပာယ်ရသည်။[၂]
ဒေါပုံမြို့နယ်၏ မြောက်ဘက်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ အနောက်ဘက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ အရှေ့ဘက်တွင် သာကေတမြို့နယ်နှင့် တောင်ဘက် ပုဇွန်တောင်ချောင်းတလျှောက်တွင် ပုဇွန်တောင်မြို့နယ်တို့ တည်ရှိသည်။
ဒေါပုံမြို့နယ်ကို ရပ်ကွက်ပေါင်း (၁၄)ခုဖြင့် ဖွဲ့စည်းထားသည်။ မဟာဗန္ဓုလတံတားသည် ဒေါပုံမြို့နယ်နှင့် ရန်ကုန်မြို့လယ်ကို ဆက်သွယ်ပေးထားသည်။
ဒေါပုံမြို့နယ် အစိုးရ မူလတန်းကျောင်း (၁၂) ကျောင်း၊ အလယ်တန်းကျောင်း (၄) ကျောင်း၊ အထက်တန်းကျောင်း (၁) ကျောင်းရှိသည်။
ထင်ရှားသော နေရာများမှာ Capital ကုန်တိုက်၊ ရွှေပုဇွန် မုန့်တိုက်နှင့် ကော်ဇောစက်ရုံတို့ ဖြစ်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၃၁၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး၊ February 25, 2015 တွင် ပြန်စစ်ပြီး
- ↑ ဒေါက်တာသန်းထွန်း ရေး မြန်မာသမိုင်းနိဒါန်း