သေယမ်ရပ်မြို့

ဝီကီပီးဒီးယား မှ
(ဆီယမ်ရိမြို့ မှ ပြန်ညွှန်းထားသည်)
သေယမ်ရပ်မြို့

သေယမ်ရပ်မြို့ သည် ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ သေယမ်ရပ်ပြည်နယ်၏ မြို့တော်ဖြစ်သည်။

သေယမ်ရပ်ရှိ ပြင်သစ်ရပ်ကွက်ဟောင်းနှင့် ဈေးဟောင်းတဝိုက်တို့တွင် ကိုလိုနီခေတ် ဗိသုကာလက်ရာ များနှင့် တရုတ်စတိုင်လ် ဗိသုကာလက်ရာများ ရှိသည်။ မြို့တော်အတွင်းတွင် ပြတိုက်များ၊​ ရိုးရာ အက်ပ်ဆာရာ အက ဖျော်ဖြေမှုများ၊ ကမ္ဘောဒီးယား ယဉ်ကျေးမှု ကျေးရွာတစ်ခု၊​လက်ဆောင်ပစ္စည်းနှင့် လက်မှုပစ္စည်း အရောင်းဆိုင်များ၊​ပိုးမွေးမြူရေး စခန်း၊ ကျေးလက် စပါးစိုက်ခင်းများ၊ တံငါရွာ နှင့် တုန်လီဆပ်ရေကန် အနီးရှိ ကျေးငှက်ဥယျာဉ် တစ်ခုတို့ အပြင် မြူးကြွ၍ မြို့ပြဆန်သော သောက်စားပျော်ပါးရာ နေရာများ ရှိသည်။

ယနေ့ခေတ်တွင် သေယမ်ရပ်သည် ရေပန်းစားသော ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်ရာ နေရာ ဖြစ်သဖြင့် ဟိုတယ်များ၊ အပန်းဖြေစခန်းများ၊​ စားသောက်ဆိုင်များ အပြင် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသာ စီးပွားရေး လုပ်ငန်း အမြောက်အမြား ရှိသည်။ ရေပန်းအစားဆုံး ကမ္ဘာလှည့် ခရီးသွားများ လည်ပတ်ရာ နေရာတစ်ခု ဖြစ်သည် အန်ကောဝပ်နှင့် နီးစပ်ခြင်းကြောင့် ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]