နရောတ္တမ သီဟမုနီ
နရောတ္တမ သီဟမုနီ(ခမာ: នរោត្តម សីហមុនី; ၁၉၅၃ မေ ၁၄ ~ )သည် ယခုလက်ရှိ ကမ္ဘောဒီးယားဘုရင်ဖြစ်သည်။
နရောတ္တမ သီဟမုနီ នរោត្តម សីហមុនី | |
---|---|
![]() ၂၀၁၉ခုနှစ်၌ သီဟမုနီ | |
ကမ္ဘောဒီးယား၏ ဘုရင် | |
နန်းသက် | ၂၀၀၄ အောက်တိုဘာ ၁၄ – ယခု |
နန်းတက်ချိန် | ၂၀၀၄ အောက်တိုဘာ ၂၉ |
ရှေ့မင်းဆက် | နရောတ္တမ သီဟနု |
Prime Minister | Hun Sen |
မွေးဖွား | ဖနွမ်းဖင်, Cambodia, French Indochina | ၁၄ မေ၊ ၁၉၅၃
စံအိမ် | Norodom |
ခမည်းတော် | Norodom Sihanouk |
မယ်တော် | Norodom Monineath |
ကိုးကွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ |
လက်မှတ် | ![]() |
ခမည်းတော် နရောတ္တမ သီဟနု နန်းစွန့်ပြီး တစ်ပတ်အကြာ ၂၀၀၄ခုနှစ် အောက်တိုဘာလ ၁၄ရက်နေ့တွင် နန်းတက်ခဲ့သည်။[၁] ဘုရင် သီဟနုနှင့် မိဖုရား Norodom Monineathတို့၏ အကြီးဆုံးသားတော်ဖြစ်ပြီး ထီးနန်းကောင်စီမှ အဖွဲ့ဝင် ကိုးဦးဖြင့် ဘုရင်ဖြစ်လာရန် မရွေးချယ်မီ ယူနက်စကိုဆိုင်ရာ ကမ္ဘောဒီးယား သံအမတ်ကြီးဖြစ်ခဲ့သည်။ နန်းမတက်မီ သီဟမုနီသည် ချက်ကိုဆလိုဗားကီးယားနိုင်ငံတွင် ပညာသင်ကြားခဲ့ပြီး ဥရောပရှိ ယဉ်ကျေးမှုသံတမန်အဖြစ်နှင့် ဂန္ထဝင်အကနည်းပြတစ်ဦးအဖြစ် လူသိများသည်။
ကိုးကား[ပြင်ဆင်ရန်]
- ↑ People and Society ::Cambodia (6 January 2022)။