ဟွန်မာနက်

ဝီကီပီးဒီးယား မှ
ဟွန်မာနက်
Hun Manet
ហ៊ុន ម៉ាណែត
၂၀၂၂ခုနှစ်ကတွေ့ရစဉ်
ကမ္ဘောဒီးယားနိုင်ငံ၏ ဝန်ကြီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂၂ ဩဂုတ် ၂၀၂၃
ဧကရာဇ်နရောတ္တမ သီဟမုနီ
ယခင်လူဟွန်ဆန်
အမျိုးသားလွှတ်တော်အမတ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂၁ ဩဂုတ် ၂၀၂၃
မဲဆန္ဒနယ်ဖနွမ်းပင်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1977-10-20) ၂၀ အောက်တိုဘာ၊ ၁၉၇၇ (အသက် ၄၆)
မဲမုတ်၊ ကမ်ပူးခြားနိုင်ငံ
နိုင်ငံရေးပါတီကမ္ဘောဒီးယားပြည်သူ့ပါတီ
ကြင်ဖော်(များ)Pich Chanmony (လက်ထပ် ၂၀၀၆)
သားသမီး
မိခင်ဘန် ရန်နီ
ဖခင်ဟွန်ဆန်
ဆွေမျိုးသားချင်း
  • ဟွန်မာနစ်
  • ဟွန်မာနီ
ပညာရေး
  • အမေရိကန်စစ်တက္ကသိုလ် (BS)
  • နယူးယောက်တက္ကသိုလ်(MA)
  • ဘရစ်စတိုတက္ကသိုလ်(PhD)
လက်မှတ်
ဝက်ဘ်ဆိုဒ်hunmanet.kh
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ ကမ္ဘောဒီးယား
တပ်/တပ်ဖွဲ့ခွဲကမ္ဘောဒီးယား တော်ဝင်တပ်မတော်
အမှုထမ်းကာလ၁၉၉၅ - လက်ရှိ
ရာထူးဗိုလ်ချုပ်ကြီး

ဟွန်မာနက်(ခမာ: ហ៊ុន ម៉ាណែត, Hŭn Manêt သည် ကမ္ဘောဒီးယားနိုင်ငံသား နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး လက်ရှိတွင် ကမ္ဘောဒီးယားနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသည်။ ဝန်ကြီးချုပ်မဖြစ်မီက ကမ္ဘောဒီးယားတော်ဝင်တပ်မတော်၏ ဒုတိယကာကွယ်ရေးဦးစီးချုပ်ဖြစ်ကာ ကြည်းတပ်၏ စစ်ဦးစီးချုပ်ဖြစ်သည်။ ၎င်း၏ဖခင်သည် ကမ္ဘောဒီးယားနိုင်ငံကို နှစ်(၄၀)​နီးပါး အုပ်ချုပ်ခဲ့သော ဝန်ကြီးချုပ် ဟွန်ဆန် ဖြစ်သည်။ သူသည် ဟွန်ဆန်၏ ဒုတိယအကြီးဆုံးသားဖြစ်သည်။

အစောပိုင်းဘဝနှင့်ပညာရေး[ပြင်ဆင်ရန်]

ဟွန်မာနက်ကို ၁၉၇၇ခုနှစ် အောက်တိုဘာလ (၂၀)ရက်နေ့တွင် ကမ်ပွန်ချန်ပြည်နယ်တွင် ဖွားမြင်ခဲ့သည်။ မာနက်သည် ဖနွမ်းပင်မြို့တွင် ကြီးပြင်းခဲ့ပြီး ပညာသင်ယူခဲ့သည်။ ၁၉၉၅ခုနှစ်တွင် ကမ္ဘောဒီးယားတော်ဝင်တပ်မတော်သို့ ဝင်ရောက်ခဲ့သည်။ ထိုနှစ်တွင်ပင် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ရှိ အမေရိကန်စစ်တက္ကသိုလ်သို့ တက်ရောက်ခဲ့ကာ ၁၉၉၉ခုနှစ်တွင် ဒီပလိုမာရရှိခဲ့သည်။ ထို့နောက် စီးပွားရေးဘာသာဖြင့် ဘွဲ့ရရှိခဲ့သည်။ ၂၀၀၂ခုနှစ်တွင် နယူးယောက်တက္ကသိုလ်မှ ဘွဲ့လွန်ဘွဲ့ကိုလည်းကောင်း၊ ၂၀၀၉ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၊ ဘရစ်စတွန်တက္ကသိုလ်မှ ပါရဂူဘွဲ့ကိုလည်းကောင်း ရရှိခဲ့သည်။[၁]

စစ်မှုထမ်းခြင်း[ပြင်ဆင်ရန်]

ဟွန်မာနက်သည် ၁၉၉၅တွင် စစ်တပ်သို့ ဝင်ရောက်ခဲ့ပြီး ထိုနှစ်တွင်ပင် အမေရိကန်သို့ ပညာသွားသင်ခဲ့သည်။ တော်ဝင်ကြည်းတပ်၏ ဒုတိယစစ်ဦးစီးချုပ်နှင့် တော်ဝင်တပ်မတော်၏ ဒုတိယညှိနှိုင်းကွပ်ကဲရေးမှူး ဖြစ်လာပြီး လပိုင်းအကြာ ၂၀၁၁ခုနှစ်တွင် ဗိုလ်ချုပ်ရာထူး ရရှိခဲ့သည်။ ၂၀၁၃ခုနှစ်တွင် ဒုတိယဗိုလ်ချုပ်ကြီး ဖြစ်လာခဲ့သည်။ ၂၀၁၈ခုနှစ်တွင် ကြယ်လေးပွင့်အဆင့်ရှိဗိုလ်ချုပ်ကြီးရာထူးဖြင့် တော်ဝင်တပ်မတော်၏ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့သည်။ ၂၀၁၈ခုနှစ် ဇွန် ၃၀ရက်နေ့တွင် ရွေးကောက်ပွဲမတိုင်မီ ဖခင်ဖြစ်သူ ဟွန်ဆန်က သားဖြစ်သူကို တပ်မတော်ထိပ်ပိုင်းရာထူးသို့ ခန့်ခဲ့ခြင်းဖြစ်သည်။ ဟွန်ဆန်က ၎င်းအနေဖြင့် နိုင်ငံရေးမှအနားယူခဲ့ခြင်း သို့မဟုတ် သေဆုံးခဲ့ပါက ဟွန်မာနက်ကို နိုင်ငံရေးရာထူး လွှဲအပ်နိုင်ရန် ရည်ရွယ်ခဲ့သည်။[၁] ဟွန်ဆန်က ဟွန်မာနက်ကို အနာဂတ်အတွက် အလားအလာရှိသောခေါင်းဆောင်ဟု ပြောခဲ့သည်။ ၂၀၂၃ခုနှစ် ဧပြီ ၂၀ရက်နေ့တွင် ဗိုလ်ချုပ်ကြီးအဖြစ် တရားဝင် ရာထူးတိုးခြင်းခံခဲ့ရသည်။

နိုင်ငံရေးတာဝန်[ပြင်ဆင်ရန်]

၂၀၂၁ခုနှစ် ဒီဇင်ဘာလတွင် ဖခင်ဖြစ်သူ ဝန်ကြီးချုပ်ဟွန်ဆန်က သားဖြစ်သူ ဟွန်မာနက်အား ၎င်း၏နေရာကို ဆက်ခံရန်လျာထားကြောင်း ပထမဆုံးကြေညာခဲ့သည်။ ဟွန်မာနက်သည် ဝန်ကြီးချုပ်ရာထူးကို စိတ်အားထက်သန်ကြောင်း မည်သည့်အခါကမှ လူသိရှင်ကြား မထုတ်ဖော်ခဲ့သော်လည်း ဝန်ကြီးများ၊ ပါတီဝင်များ၏ ထောက်ခံမှု ရခဲ့သည်။ သို့သော်လည်း ဟွန်ဆန်က ၂၀၂၈ရွေးကောက်ပွဲမတိုင်မီအထိ ဆက်ခံမည်မဟုတ်ကြောင်း အလေးအနက်ထား ပြောကြားခဲ့သည်။

၂၀၂၃ရွေးကောက်ပွဲတွင် ဟွန်မာနက်သည် ပထမအဆင့်လွှတ်တော်အမတ်နေရာအတွက် ရွေးကောက်ခံခဲ့ရသည်။ ထိုနေရာသည် ဝန်ကြီးချုပ်လောင်း ဖြစ်ခွင့်ရှိသည်။ စီပီပီပါတီသည် အနိုင်ရခဲ့ပြီး သုံးရက်အကြာတွင် ဝန်ကြီးချုပ်ဟွန်ဆန်က ၎င်းအနေဖြင့် အနားယူမည်ဖြစ်ပြီး သားဖြစ်သူမှာ ဝန်ကြီးချုပ်ဖြစ်လာမည်ဖြစ်ကြောင်း ရုတ်တရက် ကြေညာခဲ့သည်။[၂] ထိုကြေညာချက်ကို နိုင်ငံတကာက ဝေဖန်ခဲ့ကြပြီး ထိန်းချုပ်ထားသော ရွေးကောက်ပွဲများ၊ အတိုက်အခံပါတီနှင့် အတိုက်အခံခေါင်းဆောင်အား နှိပ်ကွပ်ဖမ်းဆီးခြင်းတို့ကို ဝေဖန်ခဲ့ကြသည်။[၁] ၂၀၂၃ခုနှစ် ဩဂုတ်လ (၇)ရက်နေ့တွင် ဘုရင် နိုရိုဒွန် သီဟမုနိက ဟွန်မာနက်ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း တရားဝင်အမိန့်ထုတ်ပြန်ခဲ့သည်။

ဩဂုတ်လ (၂၂)ရက်နေ့တွင် အစိုးရအဖွဲ့အသစ် စတင်တာဝန်ထမ်းဆောင်ခဲ့ကြသည်။ ဟွန်မာနက်၏အစိုးရအဖွဲ့တွင် လူငယ်များ ပါဝင်လာ​သော်လည်း ၎င်းတို့သည် အနားယူကြမည့် ဝန်ကြီးများနှင့် ​ခေါင်း​ဆောင်များ၏ သားသမီးများ၊ ​ဆွေမျိုးသားချင်းများ ဖြစ်ကြသည်။[၁][၃]ဟွန်ဆန်၏အငယ်ဆုံးသား ဟွန်မာနီသည်လည်း ဝန်ကြီးဖြစ်လာခဲ့သည်။[၄] ဟွန်မာနက်သည် ဝန်ကြီးချုပ်ဖြစ်ပြီး နှစ်ပတ်အကြာတွင် အင်ဒိုနီးရှားနိုင်ငံဂျာကာတာမြို့၌ ကျင်းပသော အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး အာဆီယံနှင့် မိတ်ဖက်နိုင်ငံတကာခေါင်းဆောင်များကို ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည်။ သူသည် ဝန်ကြီးချုပ်ဖြစ်ပြီး တစ်လအတွင်း အာဆီယံထိပ်သီးအစည်းအ​ဝေး၊ တရုတ်နိုင်ငံသို့ နိုင်ငံ​တော်အဆင့်ခရီးစဉ်၊ ကုလသမဂ္ဂ အ​ထွေ​ထွေညီလာခံများသို့ သွား​ရောက်ရမည်ဖြစ်သည်။ အာဆီယံထိပ်သီးအစည်းအဝေးအပြီးတွင် ဟွန်ဆန်က ၎င်း၏သားသည် ဝန်ကြီးချုပ်အဖြစ် ပြည်တွင်းရောပြည်ပမှာပါ မျှော်မှန်းထားသည်ထက် ပို၍ကောင်းမွန်စွာလုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။ အာဆီယံထိပ်သီးအစည်းအဝေးတွင် အာဆီယံနှင့် ဆက်စပ်နိုင်ငံများမှ ခေါင်းဆောင်များ၊ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်၊ စက်တင်ဘာလနှောင်းပိုင်းတွင် ကျင်းပမည့် ကုလသမဂ္ဂညီလာခံအတွက် ပြင်ဆင်နေမှုများကို အားရကြောင်း ပြောကြားခဲ့သည်။ [၅]

ပုဂ္ဂိုလ်ရေးဘဝ[ပြင်ဆင်ရန်]

ဟွန်မာနက်သည် ပစ်ချ် ချာမိုနီနှင့် လက်ထပ်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]