ကမ္ဘောဒီးယားနိုင်ငံ

ဝီကီပီးဒီးယား မှ
(ကမ္ဘောဒီးယား မှ ပြန်ညွှန်းထားသည်)
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ကမ္ဘောဒီးယားဘုရင့်နိုင်ငံ
ព្រះរាជាណាចក្រកម្ពុជា
Preăh Réachéanachâkr Kâmpŭchea
Royaume du Cambodge
ကမ္ဘောဒီးယားနိုင်ငံ၏ အလံတော်
ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အလံတော် အမှတ်တံဆိပ်
ဆောင်ပုဒ်: "တိုင်းပြည်၊ ဘာသာတရား၊ ရှင်ဘုရင်"
(ဇာတိ၊ သာသနာ၊ မဟာက္ၑတြ)
နိုင်ငံတော် သီချင်း: "တော်ဝင်တိုင်းပြည်" (ပဒနဂရရာဇ)
ကမ္ဘောဒီးယားနိုင်ငံ ၏ တည်နေရာ
မြို့တော်ဖနွမ်းပင်မြို့
အကြီးဆုံးမြို့ဖနွမ်းပင်မြို့
ရုံးသုံး ဘာသာစကားများခမာ
လူမျိုးစုခမာ (၉၀%)ဗီယက်နမ် (၅%)တရုတ် (၁%)၊ အခြား (၄%)
ကိုးကွယ်မှုဗုဒ္ဓ (၉၆.၅%)အစ္စလာမ် (၃.၅%)
အမျိုးအစားပါလီမန်ဒီမိုက​ရေစီနှင့်အ​ခြေခံ​ဥပဒေ​အညီ ဘုရင့်အုပ်ချုပ်မှု
အစိုးရ
• ဘုရင်
နရောတ္တမ သီဟမုနီ
• ဝန်ကြီးချုပ်
ဆမ်ဒက် တက်ချို ဟွန်ဆန်
တည်ထောင်
• လွတ်လပ်ရေး (ပြင်သစ်)
၉ နိုဝင်ဘာ ၁၉၅၃
ဧရိယာ
• စုစုပေါင်း
၁၈၁,၀၃၅ km² (၆၉,၈၉၈ sq mi) (အဆင့်: ၈၈)
• ရေထု (%)
၂.၅
လူဦးရေ
• ခန့်မှန်း
၁၄,၂၄၁,၆၄၀ (အဆင့် - ၆၃)
• သိပ်သည်းမှု
၇၈/km² (၂၀၁/sq mi) (အဆင့် - ၁၁၂)
GDP (PPP)ခန့်မှန်း
• စုစုပေါင်း
$၃၆.၈၂ billion (အဆင့် - ၈၉)
• Per capita
USD $၂,၆၀၀ (အဆင့် - ၁၃၃)
HDI၀.၅၉၈
အလယ် · ၁၃၁
ငွေကြေးရီယဲ (KHR "៛")
တယ်လီဖုန်းကုဒ်+၈၅၅
Internet TLD.kh

ကမ္ဘောဒီးယားနိုင်ငံ/kæmˈbdiə/ ( ) [၁] အား ကမ်ပူးချား ဟုလည်း သိကြပြီး တရားဝင်အမည်မှာ ကင်းဒမ်းအော့ဖ် ကမ္ဘောဒီးယား ဖြစ်ကာ အရှေ့တောင်အာရှရှိ အင်ဒိုချိုင်းနားကျွန်းဆယ် တောင်ပိုင်းတွင် တည်ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဧရိယာအားဖြင့် ၁၈၁,၀၃၅ စတုရန်း ကီလိုမီတာ (၆၉,၈၉၈ စတုရန်းမိုင်) ရှိပြီး အနောက်မြောက်ဘက်တွင် ထိုင်းနိုင်ငံ၊ အရှေ့မြောက်ဘက်တွင် လာအိုနိုင်ငံ၊ အရှေ့ဘက်တွင် ဗီယက်နမ်နိုင်ငံ နှင့် အနောက်တောင်ဘက်တွင် ထိုင်းပင်လယ်ကွေ့ တို့နှင့် ထိစပ်လျှက် တည်ရှိသည်။

အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်သော ကမ္ဘောဒီးယားနိုင်ငံတွင် လူဦးရေအားဖြင့် ၁၅ သန်းကျော် ရှိသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဗုဒ္ဓဘာသာသည် နိုင်ငံတော် ဘာသာအဖြစ်ပြဋ္ဌာန်းထားကာ လူဦးရေ၏ ၉၇% ကျော် ကိုးကွယ်ကြသည်။[၂] ကမ္ဘောဒီးယားရှိ လူနည်းစု လူမျိုးများမှာ ဗီယက်နမ်၊ တရုတ်၊​ချမ် နှင့် တောင်ကုန်းနေ လူမျိုးစု ၃၀ တို့ ဖြစ်ကြသည်။[၃] မြို့တော်နှင့် အကြီးဆုံးမြို့မှာ ဖနွမ်းပင်မြို့ ဖြစ်ပြီး နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး နှင့် ယဉ်ကျေးမှုဆိုင်ရာ ဗဟိုဌာနလည်း ဖြစ်သည်။ နိုင်ငံသည် ရွေးကောက်ခံ စည်းမျဉ်းခံ ဘုရင်စနစ် ဖြစ်ပြီး လက်ရှိဘုရင်မှာ နိုရိုဒွန် ဆီဟာမိုနီ ဖြစ်ကာ တော်ဝင်ပလ္လင်ကောင်စီမှ နိုင်ငံ၏ အကြီးအမှူး အဖြစ် ရွေးချယ်ထားခြင်း ဖြစ်သည်။ အစိုးရအဖွဲ့၏ အကြီးအမှူးမှာ ဝန်ကြီးချုပ် ဖြစ်ပြီး လက်ရှိဝန်ကြီးချုပ်မှာ ဟွန်ဆန် ဖြစ်ကာ အရှေ့တောင်အာရှတွင် ဘုရင်မဟုတ်ဘဲ အကြာဆုံး ရာထူး ရှိသော ခေါင်းဆောင် ဖြစ်ကာ ကမ္ဘောဒီးယား နိုင်ငံအား ၁၉၈၅ ခုနှစ်ကတည်းက အုပ်ချုပ်ခဲ့သည်။

အေဒီ ၈၀၂ ခုနှစ်တွင် ဒုတိယ ဂျာယာဗာမန် က သူ့ဘာသာ ဘုရင်အဖြစ် ကြေငြာခဲ့ပြီး စစ်တိုက်နေကြသော ချန်လာ ခမာမင်းသားများကို "ကမ်ဘူဂျာ" အမည်အောက်တွင် စုစည်းခဲ့သည်။[၄] ထိုအချိန်သည် ခမာ ဧကရာဇ်နိုင်ငံတော် စတင်ပေါ်ထွန်းခဲ့သော အချိန်ဖြစ်ပြီး နှစ်ပေါင်း ၆၀၀ ကျော်အောင် စည်ပင်ထွန်းကားခဲ့ကာ ဘုရင်မင်းဆက် ဆက်တိုက်တို့အား အရှေ့တောင်အာရှတစ်ဝှမ်းအား ထိန်းချုပ် ဩဇာလွှမ်းမိုးနိုင်စေခဲ့ပြီး တန်ခိုးအာဏာနှင့် စည်းစိမ် အမြောက်အများကို စုစည်းနိုင်ခဲ့သည်။ အိန္ဒိယပုံသဏ္ဌာန် တိုင်းပြည်မှာ အရှေ့တောင်အာရှ နေရာ အများစုအား ပထမဦးစွာ ဟိန္ဒူဘာသာ နောင်တွင် ဗုဒ္ဓဘာသာ ပျံ့နှံ့စေခဲ့ပြီး ဒေသတဝှမ်းတွင် ဘာသာရေးဆိုင်ရာ အခြေခံအဆောက်အအုံ စီမံကိန်း အမြောက်အများကို အကောင်အထည်ဖော်ခဲ့ကာ အန်ကော တစ်နေရာတည်းတွင်ပင် ပုထိုး နှင့် အထိမ်းအမှတ်အဆောက်အအုံ ၁,၀၀၀ ကျော်ကို တည်ဆောက်ခဲ့သည်။ အန်ကောဝပ် သည် ထိုအဆောက်အအုံများထဲတွင် အထင်ရှားဆုံးဖြစ်ပြီး ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာ စာရင်းသွင်းခဲ့သည်။

၁၅ ရာစုတွင် ခမာအင်ပိုင်ယာမှ အုပ်စိုးသော အယုဒ္ဓယပြည်၏ ပုန်ကန်မှု အပြီးတွင် ကမ္ဘောဒီးယား၏ ဩဇာအာဏာ ကျဆင်းလာခဲ့သည်။ ကမ္ဘောဒီးယား အနေနှင့် ဩဇာကြီးမားသော အိမ်နီးချင်း တိုင်းပြည်နှစ်ခုနှင့် ရင်ဆိုင်ရပြီး တစ်ခုမှာ ထိုင်းနိုင်ငံ၏ အယုဒ္ဓယပြည် ဖြစ်ကာ နောက်တစ်ခုမှာ ဗီယက်နမ်၏ ငုယင်မင်းဆက် ဖြစ်၍ ကမ္ဘောဒီးယား၏ ကံကြမ္မာအတွက် အဆိုးဘက်သို့ ဦးတည်စေခဲ့သည်။ ၁၈၆၃ ခုနှစ်တွင် ကမ္ဘောဒီးယားသည် ပြင်သစ်၏ အစောင့်အရှောက်ခံနိုင်ငံ ဖြစ်လာခဲ့ပြီး နောက်တွင် အရှေ့တောင်အာရှ ပြင်သစ် အင်ဒိုချိုင်းနားသို့ သွတ်သွင်းခြင်း ခံခဲ့ရသည်။

ကမ္ဘောဒီးယားသည် ပြင်သစ်ထံမှ ၁၉၅၃ ခုနှစ်တွင် လွတ်လပ်ရေး ရရှိခဲ့သည်။ ၁၉၆၅ တွင် ဗီယက်နမ် စစ်ပွဲသည် ဟိုချီမင်း၏ လမ်းကြောင်းဖြန့်ကျက်မှု နှင့် သီဟာနု၏ လမ်းကြောင်းတည်ဆောက်မှုတို့ကြောင့် ကမ္ဘောဒီးယား အထိ ရောက်ရှိလာခဲ့သည်။ ထို့အတွက်ကြောင့် အမေရိကန်တို့မှ ၁၉၆၉ မှ ၁၉၇၃ အတွင်း ဗုံးကြဲတိုက်ခိုက်ရာတွင် ကမ္ဘောဒီးယားလည်း ပါဝင်ခဲ့သည်။ ၁၉၇၀ ကမ္ဘောဒီးယား အာဏာသိမ်းမှု အပြီးတွင် အမေရိကန်ဘက်ယိမ်းသော လက်ယာဝါဒီ ခမာသမ္မတနိုင်ငံ အစိုးရ အာဏာရလာခဲ့ပြီး သီဟာနု ဘုရင်မှ သူ၏ ယခင်ရန်သူဖြစ်သော ခမာနီတို့ကို ထောက်ခံခဲ့သည်။ ဘုရင်နှင့် မြောက်ဗီယမ်နက် တို့၏ ထောက်ခံမှုကြောင့် ခမာနီတို့သည် အင်အားကြီးမားလာခဲ့ပြီး ၁၉၇၅ ခုနှစ်တွင် ဖနွမ်းပင်ကို သိမ်းပိုက်ခဲ့သည်။ ထို့နောက်တွင် ခမာနီတို့က ကမ္ဘောဒီးယား လူမျိုးတုန်း သတ်ဖြတ်မှုကို ၁၉၇၅ မှ ၁၉၇၉ အထိ ကျူးလွန်ခဲ့ကြပြီး ၁၉၇၉တွင် ဗီယက်နမ် နှင့် ဗီယက်နမ်မှ ကျောထောက်နောက်ခံပေးထားပြီး ကမ္ဘောဒီးယား-ဗီယက်နမ်စစ်ပွဲအတွင်း ဆိုဗီယက်ပြည်ထောင်စုမှ ထောက်ပံ့ပေးသော ကမ်ပူးချားပြည်သူ့သမ္မတနိုင်ငံ အစိုးရ မှ ၎င်းတို့ကို ဖြုတ်ချလိုက်သည် အထိ ဖြစ်သည်။

၁၉၉၁ ခုနှစ် ပဲရစ်ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုအပြီးတွင် ကမ္ဘောဒီးယားအား ကုလသမဂ္ဂ မစ်ရှင်မှ ၁၉၉၂-၉၃ တွင် ခဏတာမျှ အုပ်ချုပ်ခဲ့သည်။ ကမ္ဘောဒီးယား ရွေးကောက်ပွဲ ကျင်းပပြီး ၉၀ ရာခိုင်နှုန်းမျှသော မဲပေးပိုင်ခွင့်ရှိသူတို့ မဲပေးပြီးသော အခါတွင် ကုလသမဂ္ဂတပ်များ ကမ္ဘောဒီးယားမှ ရုပ်သိမ်းခဲ့သည်။ ၁၉၉၇ ခုနှစ် အစိုးရအတွင်း အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ကမ္ဘောဒီးယား ပြည်သူ့ပါတီနှင့် ဝန်ကြီးချုပ်ဟွန်ဆန် တို့မှ အစိုးရကို ဖြုတ်ချခဲ့ပြီး ၂၀၂၀ ခုနှစ်တိုင်အောင် ဆက်လက် အုပ်ချုပ်နေဆဲ ဖြစ်သည်။

ကမ္ဘောဒီးယားသည် ၁၉၅၅ ခုနှစ်မှစ၍ ကုလသမဂ္ဂ၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့ပြီး အာဆီယံအဖွဲ့၊ အရှေ့အာရှထိပ်သီးအဖွဲ့၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ ဘက်မလိုက်နိုင်ငံများ လှုပ်ရှားမှုအဖွဲ့ နှင့် လာဖရန်ကိုဖုန်းနီ အဖွဲ့တို့၏ အဖွဲ့ဝင်နိုင်ငံလည်း ဖြစ်သည်။ နိုင်ငံခြား အဖွဲ့အစည်းများစွာတို့၏ အဆိုအရ နိုင်ငံအတွင်း ဆင်းရဲမွဲတေမှု နေရာအနှံ့အပြားတွင် ရှိသည်ဟု ဆိုပြီး [၅] ခြစားမှု နေရာအနှံ့အပြား ရှိသည့်အပြင်[၆] နိုင်ငံရေးဆိုင်ရာ လွတ်လတ်မှု ကင်းမဲ့ကာ[၇] လူထုဖွံ့ဖြိုးမှု နိမ့်ကျ၍[၈] ငတ်မွတ်မှု မြင့်မားသည် ဟု ဆိုသည်။[၉][၁၀][၁၁] ကမ္ဘောဒီးယားအား လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့၏ အရှေ့တောင်အာရှ ဒါရိုက်တာ ဒေးဗစ်ရောဘတ်မှ "အာဏာရှင်ဆန်သော ညွှန့်ပေါင်း နှင့် အပေါ်ယံ ဒီမိုကရေစီ" ဟု ဆိုသည်။[၁၂] ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပါတီစုံ လစ်ဘရစ်ဒီမိုကရေစီ ဟု ပြဋ္ဌာန်းထားသော်လည်း [၁၃] နိုင်ငံအား ၂၀၁၈ ခုနှစ်အထိ တစ်ပါတီတည်းကသာ အုပ်ချုပ်ခဲ့သည်။[၁၄][၁၅]

အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် လူတစ်ဦးချင်း ဝင်ငွေ့ နိမ့်ကျသော်လည်း ကမ္ဘောဒီးယားသည် အာရှတွင် တိုးတက်မှုအမြန်ဆုံး စီးပွားရေး ရှိသည့် နိုင်ငံ လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်းက ဖွံ့ဖြိုးမှုနှုန်းမှာ ၇.၆ ရာခိုင်နှုန်း ရှိသည်။ စိုက်ပျိုးမွေးမြူရေးသည် အဓိက စီးပွားရေး ကဏ္ဍအဖြစ် ဆက်လက်ရှိနေပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံတကာကုန်သွယ်ရေး တိုးတက်လာမှုကြောင့် ချည်မျှင်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ အထည်အလိပ်လုပ်ငန်း နှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတို့တွင် ကောင်းမွန်သော ဖွံ့ဖြိုးမှု ရှိသည်။.[၁၆] ကုလသမဂ္ဂမှ ကမ္ဘောဒီးယားအား ဖွံ့ဖြိုးမှု နိမ့်ကျသော နိုင်ငံ အဖြစ် သတ်မှတ်ထားသည်။[၁၇] အမေရိကန်ပြည်ထောင်စု၏ ၂၀၁၅ ခုနှစ် ကမ္ဘာ့တရားမျှတမှု စီမံကိန်း၏ တရားဥပဒေ စိုးမိုးမှု ကိန်းညွှန်းမှ နိုင်ငံပေါင်း ၁၂၆ နိုင်ငံတွင် ကမ္ဘောဒီးယားအား အဆင့် ၁၂၅ သတ်မှတ်ထားပြီး ဒေသအတွင်း အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် အလွန်နောက်ရောက်သည်။[၁၈]

အမည်ရင်းမြစ်[ပြင်ဆင်ရန်]

"ကမ္ဘောဒီးယားဘုရင့်နိုင်ငံ" သည် ကမ္ဘောဒီးယားနိုင်ငံ၏ တရားဝင်ရုံးသုံးအမည် ဖြစ်သည်။ ကမ္ဘောဒီးယား ဆိုသော အမည်မှာ ပြင်သစ်ဘာသာစကား ကမ်ဘိုဒေ့ (Cambodge) မှ ဆင်းသက်လာခြင်း ဖြစ်ပြီး ပြင်သစ်စကားမှာလည်း ဒေသခံတို့၏ ခမာစကား ကမ်ပူးချားမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ကမ္ဘောဒီးယားဆိုသော အသုံးအနှုန်းကို ဥရောပတွင် အစောဆုံး သုံးနှုန်းထားသည်ကို တွေ့ရှိရသည်မှာ ၁၅၂၄ ခုနှစ်တွင် ဖြစ်ပြီး အီတလီ စွန့်စားရှာဖွေသူ ဖာဒီနန် မက်ဂျဲလန်၏ ကမ္ဘာတခြမ်း ခရီးစဉ်တွင် လိုက်ပါသူ အန်တိုနီယို ပီဂါဖက်တာမှ သူ၏ စာတွင် "ကာမိုဂျီးယား" ဟု ရည်ညွှန်းခဲ့သည်။ [၁၉]

ကမ္ဘောဒီးယားလူမျိုးများသည် သူတို့၏ နိုင်ငံကို "ဆော့ခမာ" ဟု ညွှန်းဆိုလေ့ရှိပြီး အဓိပ္ပါယ်မှာ "ခမာတို့၏မြေ" ဖြစ်သည်။ သို့သော် ပိုမို၍ တိကျသော အခေါ်အဝေါ်အနေနှင့် "ပရာတေး ကမ်ပူးချား" ဟု သုံးနှုန်းပြီး "ကမ်ပူးချားတို့၏ နိုင်ငံ" ဟု အဓိပ္ပာယ်ရသည်။ အနောက်ကမ္ဘာတွင် "ကမ္ဘောဒီးယား" ဟု အမြဲတစေ ရည်ညွှန်းလေ့ ရှိသော်လည်း အရှေ့တိုင်းနိုင်ငံများတွင် ကမ္ဘောဒီးယား အစား ကမ်ပူချီးယား ဟူ၍ အသံထွက်လေ့ရှိသည်။[၂၀][၂၁][၂၂]

တရားဝင် အမည်များ
နေ့စွဲ အမည် မှတ်ချက်
အေဒီ ၅၀/၆၈ – အေဒီ ၅၅၀ ဖူနန်း အင်ပိုင်ယာ နိုကော် ဖနွမ် – (အခြားအမည်)
၅၅၀–၈၀၂ ချန်နလာ အင်ပိုင်ယာ အေဒီ ၈ ရာစုတွင် ကုန်းချန်နလာ နှင့် ရေချန်နလာဟု ခွဲခြားခဲ့သည်။
၈၀၂–၁၄၃၁ ခမာ အင်ပိုင်ယာ အရှေ့တောင်အာရှတွင် ဩဇာအာဏာအကြီးဆုံး အင်ပိုင်ယာ တစ်ခု
၁၄၃၁–၁၈၆၃ ကမ္ဘောဒီးယား အလယ်ခေတ် (ချက်တိုမက်ခေတ်၊ လောင်းဗက်ခေတ်၊ အူဒုံခေတ်)
၁၈၆၃–၁၉၄၁၊ ၁၉၄၅–၁၉၅၃ ကမ္ဘောဒီးယားပြည် (ပြင်သစ်အစောင့်အရှောက်ခံ နိုင်ငံ)
၁၉၄၁–၁၉၄၅ ဂျပန်တို့လက်အောက်
၁၉၅၃–၁၉၇၀ ကင်းဒမ်းအော့ဖ် ကမ္ဘောဒီးယား (ပြည်သူ့ ဆိုရှယ်လစ် အဖွဲ့အစည်း) ကာလ
ကမ္ဘောဒီးယား ပထမနိုင်ငံဟုလည်း ခေါ်သည်။
၁၉၇၀–၁၉၇၅ ခမာသမ္မတနိုင်ငံ အမေရိကန် ဗုံးကြဲခြင်း၊ ပြည်တွင်းစစ်
၁၉၇၅–၁၉၇၆ ကမ်ပူးချား ခမာ လူမျိုးတုန်း သတ်ဖြတ်မှု
၁၉၇၆–၁၉၈၂ ဒီမိုကရက်တစ် ကမ်ပူးချား ခမာ လူမျိုးတုန်း သတ်ဖြတ်မှု – ကုလသမဂ္ဂအသိအမှတ်ပြု[၂၃]
၁၉၈၂–၁၉၉၀ ဒီမိုကရက်တစ် ကမ်ပူးချား၏ ညွန့်ပေါင်းအစိုးရ ကုလသမဂ္ဂအသိအမှတ်ပြု
၁၉၉၀–၁၉၉၃ ကမ္ဘောဒီးယား နိုင်ငံတော် အစိုးရ ကုလသမဂ္ဂအသိအမှတ်ပြု
၁၉၇၉–၁၉၈၉ ကမ်ပူးချား ပြည်သူ့သမ္မတနိုင်ငံ ကုလသမဂ္ဂမှ အသိအမှတ်မပြု
၁၉၈၉–၁၉၉၁ ကမ္ဘောဒီးယားနိုင်ငံ
၁၉၉၁–၁၉၉၃ ကမ္ဘောဒီးယား အသွင်ကူးပြောင်းရေး ကုလသမဂ္ဂ အာဏာပိုင်
၁၉၉၃–ယနေ့ ကင်းဒမ်းအော့ဖ် ကမ္ဘောဒီးယား ကမ္ဘောဒီးယား ဒုတိယနိုင်ငံ

သမိုင်း[ပြင်ဆင်ရန်]

သမိုင်းမတင်မီကာလ[ပြင်ဆင်ရန်]

၁၂ ရာစုမှ ကြွေရည်စည့်ရည် သုတ်လိမ်းထားသော ကျောက်သားလက်ရာ တစ်ခု

ယနေ့ခေတ် ကမ္ဘောဒီးယားနိုင်ငံနေရာတွင် ပလိုင်စတာဆင်း ခေတ်က လူတို့နေထိုင်ခဲ့ကြောင်း သက်သေအထောက်အထားများကို ကျဲပြန့်တွေ့ရှိရပြီး သလင်းနှင့် သလင်းအသွင်ပြောင်း ကျောက်လက်နက်ကိရိယာများမှာ ၎င်းတို့၏ သက်တမ်းသက်မှတ်ခြင်းမှာ ယုံကြည်ရလောက်သော အခြေအနေမရှိသော်လည်း မဲခေါင်မြစ် တစ်လျှောက်ရှိ ကုန်းမြေအဆင့်ဆင့် ဖြစ်နေရာ နေရာများ၊ စတန်ထရန်ပြည်နယ်၊​ကရာတီပြည်နယ် နှင့် ကမ်ပေါ့ပြည်နယ်တို့တွင် တွေ့ရသည်။[၂၄] အချို့သော ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားများမှ ဟိုလိုဆင်းခေတ်အတွင်း မုဆိုး-ရှာဖွေစုဆောင်းသူ အုပ်စုများ ဒေသအတွင်း နေထိုင်ခဲ့ကြောင်း ပြသနေသည်။ ကမ္ဘောဒီးယားတွင် ရှေးအကျဆုံးတွေ့ရသော ရှေးဟောင်းသုတေသနဒေသမှာ ဘတ်တမ်ဘမ်ပြည်နယ်ရှိ "လန်းစပင်း" လှိုဏ်ဂူ ဖြစ်ပြီး ဟိုဘင်ဟျန်ခေတ်မှ ဖြစ်သည်။ အနိမ့်ပိုင်း မြေလွှာများအား တူးဆွပြီး ရေဒီယိုကာဘွန်နည်းဖြင့် သက်တမ်းသတ်မှတ်ရာတွင် ဘီစီ ၆၀၀၀ ခန့်ကို ညွှန်ပြနေသည်။[၂၄][၂၅] ထိုနေရာတွင်ပင် အထက်ပိုင်းမြေလွှာများကို တူးဆွရာ ကျောက်ခေတ်သစ်သို့ ကူးပြောင်းခြင်းဆိုင်ရာ အထောက်အထားများကို တွေ့ရပြီး ကမ္ဘောဒီးယားရှိ အစောဆုံးသက်တမ်းရှိသော မြေထည်ကြွေထည်များ ပါဝင်သည်။[၂၆]

ဟိုလိုဆင်းခေတ် နှင့် သံခေတ်ကြားမှ ရှေးဟောင်းသုတေသန တွေ့ရှိချက်မှာလည်း ရှားပါးသည်။ ကမ္ဘောဒီးယား သမိုင်းမတီမီခေတ်၏ အရေးပါသော ဖြစ်ရပ်မှာ မြောက်ဘက်မှ ပထမဆုံး ဆန်စပါးစိုက်ပျိုးသူလည်သမားများ ဝင်ရောက်လာခြင်းဖြစ်ပြီး ဘီစီ ၃ ထောင်စုနှစ် နှောင်းပိုင်းတွင် စတင်ခဲ့သည်။[၂၇] ကမ္ဘောဒီးယားတွင် တွေ့ရသော စိတ်ဝင်စားစရာအကောင်းဆုံး သက်သေအထောက်အထားများမှာ အမျိုးမျိုးသော စက်ဝိုင်းပုံ မြေဖို့ခြင်းများ ဖြစ်ပြီး မမ်မော့အနီး မြေသားနီများတွင် လည်းကောင်း ဗီယက်နမ်နှင့် နီးစပ်သော ဒေသများတွင်လည်းကောင်း ၁၉၅၀ ခုနှစ်များ၏ နှောင်းပိုင်းတွင် ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းတို့၏ အသုံးပြုမှုနှင့် သက်တမ်းမှာ အငြင်းပွားနေဆဲဖြစ်သော်လည်း အချို့မှာ ဘီစီ ၂ ထောင်စုနှစ် အတွင်းက ဖြစ်နိုင်သည်။[၂၈][၂၉]

ဘေယွန်အား လွတ်မြောက်ရန်အတွက် ခမာစစ်တပ်မှ ချမ်တို့နှင့် စစ်တိုက်ရန် သွားရောက်စဉ်

အချိန်ကာလ အတိအကျသတ်မှတ်၍ မရသော အခြား သမိုင်းမတင်မီခေတ်ဒေသများမှာ ၁၈၇၅ တွင် ပထမဆုံး စတင် စူးစမ်းခဲ့သော နေရာဖြစ်သည့် ဆမ်ရောင်း ဆန် (ရှေးဟောင်းမြို့တော် အူဒေါင် နှင့် သိပ်မဝေးသောနေရာ) [၃၀]နှင့် မြောက်ပိုင်းပြည်နယ် ဘွန်တေးမူရှေး အတွင်းရှိ "ဖွမ်စနေး" တို့ဖြစ်သည်။[၃၁] ဖွန်စနေးတွင် တူးဖော်မှုများအရ သင်္ချိုင်း ၂၁ ခုကို တွေ့ရှိရပြီး ထိုအတွင်း၌ သံလက်နက်များနှင့် ဦးခေါင်းဒဏ်ရာများတွေ့ရှိရသဖြင့် ရှေးအခါက ပဋိပက္ခရှိခဲ့ကြောင်း ညွှန်ပြနေပြီး အန်ကောရှိ မြို့ကြီးများနှင့် ဖြစ်ခဲ့ခြင်း ဖြစ်နိုင်သည်။[၂၇][၃၂] [၃၃]ရာတာနာကိရိ တွင် သတ္တုတွင်း တူးဖော်ရာ၌ သမိုင်းမတင်မီခေတ်က လက်မှုပစ္စည်းများကို မကြာခဏတွေ့ရလေ့ ရှိသည်။[၂၄]

သံကို ဘီစီ ၅၀၀ ခန့်တွင် စတင် အသုံးပြုခဲ့ပြီး အထောက်အထားများကို ယနေ့ခေတ် ထိုင်းနိုင်ငံနေရာဖြစ်သော ခိုရတ်ကုန်းမြင့်တွင် တွေ့ရသည်။ ကမ္ဘောဒီးယားတွင် သံခေတ် အခြေချနေထိုင်မှုများကို ဘက်ဆေးချမ်ကရောင် ပုထိုး နှင့် အခြားသော အန်ကောခေတ် ပုထိုးများ၏ အောက်ခြေတွင် တွေ့ရပြီး စက်ဝိုင်းပြီးမြေဖို့ခြင်းများကို အန်ကော၏ အနောက်မြောက်ဘက် ကီလိုမီတာ အနည်းငယ် အကွာတွင် ရှိသော "လိုဗီး" ၏ အောက်ခြေတွင် တွေ့ရသည်။ လူသေမြှုပ်နှံမှုများသည် အခြားတွေ့ရှိမှုများထက် ပိုများပြီး စားရေရိက္ခာ ရရှိမှု တိုးတက်လာခြင်း နှင့် ကုန်သွယ်ခြင်း ( ခရီးရှည် ကုန်သွယ်ခြင်းပင် ရှိသည်။ ဘီစီ ၄ ရာစုတွင် အိန္ဒိယနှင့် ကုန်သွယ်ရေးမှာ စတင်နေပြီ ဖြစ်သည်။)တို့အပြင် လူမှုအဆင့်အတန်း နှင့် အလုပ်သမားအဖွဲ့အစည်းများ ရှိကြောင်းလည်း သက်သေပြနေသည်။[၃၄]

သံခေတ်မှ တွေ့ရှိရသော လက်မှုပစ္စည်းများတွင် ဖန်ပုတီးများမှာ အရေးပါသော အထောက်အထား ဖြစ်သည်။ အမျိုးမျိုးကွဲပြားသော ဖန်ပုတီးများကို ကမ္ဘောဒီးယား တစ်ဝှမ်းရှိ ဒေသအချို့တွင် တွေ့ရှိရပြီး အနောက်မြောက်ဘက်ရှိ ဖွန်စနေး နှင့် အရှေ့တောင်ပိုင်းရှိ ပရိုဟီးယားတို့တွင် တွေ့ရှိရသဖြင့် ထိုအချိန်က ပင်မ ကုန်သွယ်ရေး ကွန်ယက် နှစ်ခု ရှိကြောင်း ပြသနေသည်။ ထိုကွန်ယက်နှစ်ခုမှာ အချိန်နှင့် နေရာ ကွာခြားနေသဖြင့် အေဒီ ၂ ရာစု မှ ၄ ရာစု အတွင်း ကွန်ယက်တစ်ခုမှ အခြားကွန်ယက်တစ်ခု သို့ ရွှေ့ပြောင်းခဲ့သည်ဟု ညွှန်ပြနေပြီး လူပတ်ဝန်းကျင် နိုင်ငံရေးဆိုင်ရာ ဩဇာအာဏာ ပြောင်းလဲသွားခြင်း ဖြစ်မည်ဟု ခန့်မှန်းရသည်။[၃၄]

အန်ကောမတိုင်မီခေတ် နှင့် အန်ကောခေတ်[ပြင်ဆင်ရန်]

ဗောဓိသတ္တဘုရားလောင်း အဝလောကိတေသွာရ ၏ မျက်နှာကို ပရာဆတ် ဘာရွန်တွင် တွေ့ရပုံ

အေဒီ ၃ရာစု၊ ၄ ရာစု နှင့် ၅ ရာစုတို့တွင် အိန္ဒိယ တိုင်းနိုင်ငံများဖြစ်သော ဖူနန်းပြည် နှင့် ၎င်း၏ နေရာအား ဆက်ခံသော ချန်နလာပြည်တို့သည် ယနေ့ခေတ် ကမ္ဘောဒီးယား နှင့် ဗီယက်နမ်တောင်ပိုင်း နေရာတို့ ပေါင်းစပ် ဖြစ်ပေါ်ခဲ့သည်။ နှစ်ပေါင်း ၂,၀၀၀ ကျော်တိုင်အောင်ပင် ကမ္ဘောဒီးယားသည် အိန္ဒိယမှ ဩဇာလွှမ်းမိုးမှုများကို ခံယူပြီး ယနေ့ခေတ် ထိုင်းနိုင်ငံ နှင့် လာအိုနိုင်ငံဖြစ်သော အခြားသော အရှေ့တောင်အာရှ ယဉ်ကျေးမှုလောကများသို့ ပြန်လည်ဖြန့်ဝေခဲ့သည်။[၃၅] ထိုတိုင်းပြည်များအကြောင်း အခြားသိရှိရသည်မှာ နည်းပါးပြီး တရုတ်တို့၏ သမိုင်းဆိုင်ရာ မှတ်တမ်းများနှင့် ပဏ္ဍာဆက်မှတ်တမ်းများ အရ ၎င်းတို့ကို ဖော်ပြထားသည်ကို တွေ့ရသည်။ ဖူနန်းနယ်မြေတွင် မဟာအလက်ဇန္ဒား၏ ပထဝီပညာရှင် ကလောဒီးယပ် တော်လမီမှ "ကတ်တီဂါရ" ဟု သိရှိသော ဆိပ်ကမ်းတည်ရှိခဲ့သည်ဟု ယုံကြည်ရသည်။ တရုတ်တို့၏ သမိုင်းမှတ်တမ်းများတွင် ချန်နလာ၏ ပထမ ဂျာယာဗာမန်း ဘုရင်မှာ ၆၈၁ ခုနှစ်ခန့်တွင် ကွယ်လွန်ခဲ့သည်ဟု ညွှန်ပြနေပြီး ထို့နောက်တွင် မငြိမ်သက်မှုများ ဖြစ်ပေါ်ခဲ့ကာ တိုင်းပြည်အား ကုန်းချန်ဒလာ နှင့် ရေချန်ဒလာဟု နှစ်ခြမ်းကွဲသွားစေခဲ့ပြီး ၎င်းတို့အား ဂျားဗားကျွန်း၏ ဩဇာခံသော အင်အားနိမ့်ပါးသော မင်းသားများမှ လျော့ရည်းစွာ အုပ်ချုပ်ခဲ့သည်ဟု ဆိုသည်။

ခမာဧကရာဇ်နိုင်ငံတော်သည် ချန်နလာ၏ အပျက်အစီးများကြားမှ ပေါ်ပေါက်လာခဲ့ပြီး ၈၀၂ ခုနှစ်တွင် ခိုင်မာစွဦ တည်ထောင်နိုင်ခဲ့ကာ ဒုတိယ ဂျာယာဗာမန် ဘုရင် (အေဒီ ၇၉၀မှ အေဒီ ၈၃၅ အထိ အုပ်စိုးခဲ့သည်။) ဂျားဗားပြည်မှ လွတ်လပ်ရေးကြေငြာခဲ့ပြီး မိမိဘာသာ ဒေဝါရာဂျာဘွဲ့ ခံယူခဲ့သည်။ သူနှင့် သူ၏ နောက်လိုက်များသည် ဘုရား-ဘုရင် ဂိုဏ်းကို တည်ထောင်ခဲ့ပြီး နယ်မြေသိမ်းပိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ကာ ၉ ရာစုမှ ၁၅ ရာစုအတွင်း ထိုဒေသ၌ ကြွယ်ဝချမ်းသာလာခဲ့သည်။[၃၆] အဋ္ဌမဂျာရာဗာမန် လက်ထက်တွင် အန်ကောဧကရာဇ်နိုင်ငံတော်အား မွန်ဂိုမှ ကူဗလိုင်ခန်၏ စစ်တပ်မှ တိုက်ခိုက်ခဲ့သော်လည်း ဘုရင်အနေနှင့် ငြိမ်းချမ်းရေးကို ဝယ်ယူနိုင်ခဲ့သည်။[၃၇] ၁၃ ရာစုခန့်တွင် သီရိလင်္ကာ ဘုန်းကြီးများမှ အရှေ့တောင်အာရှအား ထေရဝါဒဗုဒ္ဓဘာသာနှင့် မိတ်ဆက်ခဲ့သည်။[၃၈] ဘာသာတရားမှာ ပြန့်ပွားလာခဲ့ပြီး နောက်ဆုံးတွင် အန်ကော၌ ရေပန်းစားသော ဘာသာတရားအဖြစ် ဟိန္ဒူဘာသာ နှင့် မဟာယန ဗုဒ္ဓဘာသာနေရာတွင် အစားထိုး ဝင်ရောက်လာခဲ့သည်။ သို့သော်လည်း ၁၂၉၅ ခုနှစ် တတိယ အင်ဒရာ ဗာမန် အာဏာရသည်အထိ နိုင်ငံတော်၏ တရားဝင်ဘာသာ ဖြစ်မလာခဲ့ပေ။[၃၉]

ခမာဧကရာဇ်နိုင်ငံတော်သည် ၁၂ရာစုအတွင်း အရှေ့တောင်အာရှ၏ အကြီးဆုံး ဧကရာဇ်နိုင်ငံတော် ဖြစ်ခဲ့သည်။ ဧကရာဇ်နိုင်ငံတော်၏ ဩဇာအာဏာ ဗဟိုချက်မှာ အန်ကော ဖြစ်ပြီး ဧကရာဇ်နိုင်ငံတော်၏ အထွဋ်အထိပ် ရောက်ရှိစဉ်တွင် မြို့တော်အများအပြားကို တည်ဆောက်ခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် နိုင်ငံတကာမှ သုတေသနပညာရှင် အဖွဲ့က ဂြိုဟ်တုမှ ရိုက်ကူးထားသော ဓာတ်ပုံများနှင့် အခြားသော ခေတ်မီနည်းလမ်းများကို အသုံးပြု၍ ကောက်ချက်ချခဲ့သည်မှာ အန်ကောသည် ကမ္ဘာပေါ်တွင် စက်မှုခေတ်မတိုင်မီက အကြီးဆုံး မြို့ပြ ဖြစ်ခဲ့ပြီး မြို့ပြအကျယ်အဝန်းမှာ ၂,၉၈၀ စတုရန်း ကီလိုမီတာ (၁,၁၅၁ စတုရန်းမိုင်) မျှ ရှိသည်ဟု ဆိုသည်။[၄၀] မြို့တော်မှာ လူဦးရေ ၁ သန်းခန့် အထိ နေထိုင်နိုင်သော အကျယ်အဝန်း ရှိသည်။[၄၁] အများဆုံးသိကြပြီး အကောင်းဆုံး ထိန်းသိမ်းထားနိုင်သည့် အန်ကောဝပ် ဘုရားကျောင်းမှာလည်း ကမ္ဘောဒီးယား၏ အတိတ်က အဓိက ဒေသတွင်း အင်အားကြီးနိုင်ငံ ဖြစ်ခဲ့သည်ကို သတိပေးနေသကဲ့သို့ ရှိသည်။ ဧကရာဇ်နိုင်ငံတော်သည် အင်အားကျဆင်းလာသော်လည်း ၁၅ ရာစု ပျက်သုဉ်းသွားသည့် အချိန်အထိ ထင်ရှားသော အားတစ်ခု အဖြစ် ဆက်လက် ရှိနေသေးသည်။

အန်ကောလွန်ခေတ်[ပြင်ဆင်ရန်]

၁၇၆၀ တွင် တွေ့ရသော အင်ဒိုချိုင်းနား မြေပုံ

အိမ်နီးချင်းတိုင်းပြည်များနှင့် စစ်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် အန်ကောအား အယုဒ္ဓယပြည်မှ ဝင်ရောက်ကျူးကျော် သိမ်းပိုက်ခဲ့ပြီး ၁၄၃၂ တွင် စွန့်ပစ်ခဲ့သည်။ အကြောင်းမှာ ဂေဟစနစ် ပျက်ယွင်းမှုနှင့် အခြေခံအဆောက်အအုံများ ပျက်စီးမှုတို့ကြောင့် ဖြစ်သည်။[၄၂][၄၃] ထိုအကြောင်းကြောင့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ တုံ့ဆိုင်းမှုများ ဖြစ်ပေါ်စေခဲ့ပြီး တိုင်းပြည်၏ ပြည်တွင်းရေးကိစ္စရပ်များမှာ အိမ်နီးချင်းတိုင်းပြည်များ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိခဲ့သည်။ ထိုအချိန်သို့ ရောက်သောအခါ ခမာတို့၏ အထိမ်းအမှတ်အဆောက်အဦး တည်ဆောက်မှုများ ပြီးဆုံးခဲ့သည်။ ရှေးဟောင်းယုံကြည်မှုများ ဖြစ်သော မဟာယနဗုဒ္ဓဘာသာ နှင့် ဟိန္ဒူ၏ ဘုရင်ဘုရား ဂိုဏ်းတို့၏ နေရာတွင် ထေရဝါဒ ဗုဒ္ဓဘာသာ အစားထိုး ဝင်ရောက်လာခဲ့သည်။

မြို့တော်ကို လောင်းဗက် သို့ ပြောင်းရွှေ့ခဲ့ပြီး ထိုနေရာတွင် တိုင်းပြည်မှာ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးဖြင့် တဖန်ပြန်လည် ထွန်းကားအောင် ကြံဆောင်ခဲ့သည်။ ကမ္ဘောဒီးယားအား ဥရောပ မှတ်တမ်းများတွင် ပထမဆုံး ဖော်ပြခြင်းမှာ ၁၅၁၁ တွင် ပေါ်တူဂီတို့မှ ဖော်ပြခြင်း ဖြစ်သည်။ ပေါ်တူဂီ ခရီးသည်တို့မှ မြို့တော်အား စည်းစိမ်ဥစ္စာနှင့် နိုင်ငံခြား ကုန်သွယ်ရေး ထွန်းကားသော မြို့ အဖြစ် ဖော်ပြခဲ့သည်။ အယုဒ္ဓယ နှင့် ဗီယက်နမ်တို့နှင့် ဆက်လက် စစ်မက်ဖြစ်ပွားခြင်းကြောင့် နယ်မြေများ ထပ်မံဆုံးရှုံးခဲ့ရပြီး ၁၅၉၄ တွင် အယုဒ္ဓယ ၏ မဟာ နာရစွမ်ဘုရင်မှ လောင်းဗက်အား အောင်မြင်ပြီး ဖျက်ဆီးခဲ့သည်။ ခမာမြို့တော် အသစ်ဖြစ်သော အူဒေါင်းအား ၁၆၁၈ တွင် လောင်းဗက်၏ တောင်ဘက်တွင် တည်ထောင်ခဲ့သည်။ သို့သော်လည်း ဘုရင်များမှာ ထိုင်း နှင့် ဗီယက်နမ်တို့၏ ဩဇာခံ အဖြစ် တစ်လှည့်စီ ဝင်ရောက်ခြင်းဖြင့် နောက်ထပ် ၃ ရာစုအတွင်း အသက်ဆက်နိုင်ခဲ့ပြီး လွတ်လပ်သောကာလမှာ အနည်းငယ်သာ ရှိသည်။

ကမ္ဘောဒီးယားရှိ တောင်ကုန်းနေ လူမျိုးစုများမှာ ဆိုင်ယမ်(ထိုင်း)၊ အန်နာမိုက် (ဗီယက်နမ်) နှင့် ကမ္ဘောဒီးယားတို့မှ လိုက်လံဖမ်းဆီး ကျွန်ပြုခြင်းကို ဆက်တိုက်ခံခဲ့ရသည်။[၄၄][၄၅]

၁၉ ရာစုအတွင်းတွင် ထိုင်းနှင့် ဗီယက်နမ်တို့မှ ကမ္ဘောဒီးယားအား ထိန်းချုပ်ရန် အပြိုင်အဆိုင်ကြိုးစားခြင်းကြောင့် ဗီယက်နမ် မင်းချင်းတို့က ခမာတို့အား ဗီယက်နမ်တို့၏ ထုံးတမ်းစဉ်လာများကို ကျင့်သုံးရန် ဖိအားပေးခြင်း ခံခဲ့ရသော အချိန်ကာလ ရှိခဲ့သည်။ ထို့အတွက်ကြောင့် ဗီယက်နမ်တို့အား ပုန်ကန်မှု အချို့ ရှိခဲ့ပြီး ထိုင်းတို့ထံမှ အကူအညီ တောင်းခံခဲ့သည်။ ၁၈၄၁-၁၈၄၅ ထိုင်း-ဗီယက်နမ် စစ်ပွဲ သည် ကမ္ဘောဒီးယားအား ပူးတွဲ ဆူဇာရိန်တီ (နိုင်ငံခြားရေးကို အုပ်စိုးသူပြည်ပနိုင်ငံမှ စီမံ၍ ပြည်တွင်းရေးကို မိမိဘာသာ စီမံသောနိုင်ငံ) နိုင်ငံ အဖြစ် ထားရှိရန် သဘောတူညီခဲ့သည်။ ထို့မှတဆင့် နိုရိုဒုန် ပရွန်ဘိုရီရက် ဘုရင်မှ ပြင်သစ်အစောင့်အရှောက်ခံနိုင်ငံအဖြစ် ထားရှိရန် စာချုပ်ချုပ်ဆိုခဲ့သော အနေအထားသို့ ရောက်ရှိသွားခဲ့သည်။

ပြင်သစ်ကိုလိုနီခေတ်[ပြင်ဆင်ရန်]

ဆီဆိုဝပ် ဘုရင်
၁၉၄၁ တွင် နိုရိုဒွန် သီဟာနု ဘိသိက်ခံနေပုံ

၁၈၆၃ တွင် ထိုင်းတို့တင်မြှောက်ထားသော နိုရိုဒွန်ဘုရင် မှ[၄] ပြင်သစ်တို့မှ ကမ္ဘောဒီးယားအား ထိုင်းတို့ထံမှ ကာကွယ်ပေးရန် အကူအညီတောင်းခဲ့သည်။ ၁၈၆၇ တွင် ထိုင်းနိုင်ငံ၏ ရာမ ၄ ဘုရင်မှ ပြင်သစ်နှင့် စာချုပ်ချုပ်ဆိုခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံအား ထိန်းချုပ်ခြင်းအား စွန့်လွှတ်ရန် နှင့် ထို့အတွက် ဘတ်တမ်ဘန် နှင့် ဆီရမ်ရိ ပြည်နယ်တို့အား အစားပြန်ပေးရန် သဘောတူညီခဲ့သည့်အတွက် ထိုပြည်နယ်တို့မှာ ထိုင်းနိုင်ငံ၏ အစိတ်အပိုင်း တရားဝင် ဖြစ်လာခဲ့သည်။ ၁၉၀၇ ခုနှစ် ပြင်သစ်နှင့် ထိုင်းတို့ နယ်စပ်စာချုပ် ချုပ်ဆိုသော အခါမှသာ ထိုပြည်နယ်များကို ပြန်လည်ပေးအပ်ခဲ့သည်။

ကမ္ဘောဒီးယားသည် ပြင်သစ်တို့၏ အစောင့်အရှောက်ခံနိုင်ငံအဖြစ် ၁၈၆၇ မှ ၁၉၅၃ ခုနှစ်အထိ ရှိနေခဲ့ပြီး ပြင်သစ်အင်ဒိုချိုင်းနား ကိုလိုနီ နယ်မြေ၏ တစိတ်တဒေသ အဖြစ် ပြင်သစ်တို့မှ အုပ်ချုပ်ခဲ့သော်လည်း ၁၉၄၁ မှ ၁၉၄၅ အတွင်းတွင်မူ ဂျပန်တို့မှ ဝင်ရောက်ကျူးကျော်ခဲ့သည်။[၄၆]၁၈၇၄ မှ ၁၉၆၂ ခုနှစ်အတွင်း စုစုပေါင်း လူဦးရေမှာ ၉၄၆,၀၀၀ မှ ၅.၇ သန်း အထိ တိုးတက်လာခဲ့သည်။ [၄၇] ၁၉၀၄ ခုနှစ်တွင် နိုရိုဒွန် ဘုရင် ကွယ်လွန်သော အခါ ပြင်သစ်တို့မှ ဘုရင်ရွေးချယ်မှုကို ချုပ်ကိုင်ခဲ့ပြီး နိုရိုဒွန် နှင့် ညီအစ်ကို တော်စပ်သူ ဆီဆိုဝပ်အား ဘုရင်အဖြစ် တင်မြှောက်ခဲ့သည်။ ၁၉၄၁ ခုနှစ်တွင် ဆီဆိုဝပ်၏ သားဖြစ်သူ မိုနီဗွန်ဘုရင် ကွယ်လွန်သော အခါတွင် ရာဇပလ္လင်မှာ လစ်လပ်သွားခဲ့သည်။ ပြင်သစ်တို့မှ မိုနီဗွန်၏ သား မိုနီရက် သည် အလွန်ပင် လွတ်လပ်စွာ တွေးခေါ်တတ်သည်ဟု ယူဆသဖြင့် ဘုရင်အဖြစ် မတင်မြှောက်ခဲ့ပေ။ သူ့အစား ဆီဆိုဝပ်ဘုရင်၏ သမီးမှ မွေးဖွားသော မြေးဖြစ်သူ နိုရိုဒွန် သီဟာနု အား ဘုရင်အဖြစ် တင်မြှောက်ခဲ့သည်။ ပြင်သစ်တို့မှ အသက်ငယ်သော သီဟာနုကို အလွယ်တကူ ထိန်းချုပ်နိုင်မည်ဟု ထင်မြင်ယူဆခဲ့သည်။[၄၆]သို့သော်လည်း သူတို့ယူဆချက် မှားယွင်းခဲ့ပြီး နိုရိုဒွန် သီဟာနု ဘုရင် အုပ်စိုးစဉ်ကာလတွင်ပင် ကမ္ဘောဒီးယားသည် ပြင်သစ်တို့လက်အောက်မှ ၁၉၅၃ ခုနှစ် နိုဝင်ဘာ ၉ ရက်တွင် လွတ်လပ်ရေး ရခဲ့သည်။[၄၆]

လွတ်လပ်ရေးရခြင်း နှင့် ဗီယက်နမ်စစ်ပွဲ[ပြင်ဆင်ရန်]

ကမ္ဘောဒီးယားသည် နိုရိုဒွန် သီဟာနု ဘုရင်၏ အုပ်ချုပ်မှုအောက်တွင် စည်းမျဉ်းခံဘုရင်စနစ် ကျင့်သုံးသော နိုင်ငံဖြစ်လာသည်။ ပြင်သစ်အင်ဒိုချိုင်းနားအား လွတ်လပ်ရေးပေးသော အခါတွင် ကမ္ဘောဒီးယားအနေနှင့် မဲခေါင်မြစ်ဝှမ်းဒေသကို ပြန်လည်ထိန်းချုပ်ရန် မျှော်လင့်ချက်ကင်းမဲ့ခဲ့ရပြီး ထိုဒေသကို ဗီယက်နမ်နိုင်ငံသို့ ပေးအပ်လိုက်သောကြောင့် ဖြစ်သည်။ ယခင်က ခမာဧကရာဇ်နိုင်ငံတော်၏ အစိတ်အပိုင်း ဖြစ်သော်လည်း ထိုဒေသကို ဗီယက်နမ်တို့က ၁၆၉၈ ခုနှစ်ကတည်းက ထိန်းချုပ်ထားခဲ့ပြီး ဒုတိယ ချေ ချက်သာ ဘုရင်က ဗီယက်နမ်တို့အား အခြေချနေထိုင်ရန် ထိုအချိန် မတိုင်မီ ဆယ်စုနှစ် အချို့ကတည်းက ခွင့်ပြုခဲ့သည်။[၄၈] ထိုကိစ္စသည် သံတမန်ရေးရာ ကိစ္စများတွင် အဟန့်အတား တစ်ခုအဖြစ် ရှိနေဆဲဖြစ်ပြီး ခမာလူမျိုး ၁ သန်းကျော်တို့ ထိုဒေသတွင် နေထိုင်ဆဲ ဖြစ်သည်။ ခမာနီတို့က ထိုဒေသကို ကျူးကျော်ပြီး နယ်မြေကို ပြန်လည်ရယူရန်ကြိုးစားခြင်းက ဗီယက်နမ်တို့ ကမ္ဘောဒီးယားကို ကျူးကျော်ရခြင်း၏ အကြောင်းတရားတစ်ခု ဖြစ်စေခဲ့ပြီး ခမာနီတို့ ဖြုတ်ချခံခဲ့ရသည်။

နိုရိုဒွန် သီဟာနု နှင့် မော်စီတုန်းတို့ကို ၁၉၅၆ တွင် တွေ့ရစဉ်

၁၉၅၅ တွင် သီဟာနုသည် သူ့ဖခင်ကို အလေးပေးသော အနေဖြင့် နန်းစွန်းခဲ့ပြီး နိုင်ငံရေးတွင် ပါဝင်ခဲ့ကာ ဝန်ကြီးချုပ်အဖြစ် အရွေးခံခဲ့ရသည်။ သူ၏ ဖခင် ၁၉၆၀ တွင် ကွယ်လွန်သည့် အခါတွင် သီဟာနုသည် နိုင်ငံ၏ ဥသျှောင် တဖန် ပြန်ဖြစ်ခဲ့ပြီး မင်းသားကြီး ဘွဲ့ကို ခံယူခဲ့သည်။ ဗီယက်နမ် စစ်ပွဲ အရှိန်မြင့်လာသော အခါ သီဟာနုသည် စစ်အေးတိုက်ပွဲ အတွင်း ကြားနေသည့် ပေါ်လစီကို ကျင့်သုံးခဲ့သည်။ သီဟာနု အနေနှင့် ဗီယက်နမ် ကွန်မြူနစ်တို့အား ကမ္ဘောဒီးယားကို ခိုလှုံရာ နယ်မြေ အဖြစ် အသုံးပြုရန် ခွင့်ပြုခဲ့ပြီး တောင်ဗီယက်နမ်တွင် တိုက်ခိုက်နေသော သူတို့၏ စစ်တပ်များသို့ လက်နက် နှင့် အခြား အကူအညီများ တင်ပို့ရန် ထောက်ပို့လမ်းကြောင်း အဖြစ် အသုံးပြုခွင့် ပေးခဲ့သည်။ ထိုပေါ်လစီအား ရှက်စရာကောင်းသော ပေါ်လစီဟု ကမ္ဘောဒီးယား နိုင်ငံသား အမြောက်အများက ရှုမြင်ကြသည်။ ၁၉၆၇ တွင် သီဟာနု မှ ဝါရှင်တန်ပို့စ် သတင်းစာမှ သတင်းစာဆရာ စတန်လေ ကာနိုးအား အကယ်၍ အမေရိကန်တို့အနေနှင့် ကမ္ဘောဒီးယားတို့ကို မထိခိုက်ပါက ဗီယက်နမ်တို့၏ ခိုလှုံရာနေရာများကို ဗုံးကြဲမည် ဆိုလျှင် သူ့အနေနှင့် ကန့်ကွက်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။[၄၉]

ထိုသတင်းစကားကိုပင် အမေရိကန်သမ္မတ ဂျွန်ဆင် ၏ ကိုယ်စားလှယ်ဖြစ်သော ချက်စတာ ဘောင်း သို့လည်း ၁၉၆၈ ဇန်နဝါရီလတွင် ပေးခဲ့သည်။[၅၀] သို့သော်လည်း အများပြည်သူရှေ့တွင် သီဟာနု အနေနှင့် အမေရိကန်တို့အား ကမ္ဘောဒီးယားတွင် လေကြောင်း​ဗုံးကြဲမှု ပြုလုပ်ခြင်းကို ကန့်ကွက်ခဲ့ပြီး မတ်လ ၂၆ တွင် သူက ပြောကြားခဲ့သည်မှာ "ဒီလို ရာဇဝတ်မှုမြောက်တဲ့ တိုက်ခိုက်မှုတွေကို အမြန်ဆုံးနဲ့ အသေအချာကို ရပ်တန့်ပစ်ရမယ်။" ဟူ၍ ဖြစ်သည်။ မတ်လ ၂၈ ရက်တွင် သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပြီး သီဟာနုမှ နိုင်ငံတကာ သတင်းဌာနတို့အား "နိုင်ငံတကာတွင် ကမ္ဘောဒီးယား၏ ရှင်းလင်းပြတ်သားသော ရပ်တည်မှုကို ထုတ်ဖော်ပေးရန် တောင်းပန်ပါတယ်။​ဒါကတော့ ကျွန်တော့်အနေနဲ့ ဘယ်လို အခြေအနေမှာပဲ ဖြစ်ဖြစ် ဘယ်လိုဆင်ခြေနဲ့ပဲ ဖြစ်ဖြစ် ကမ္ဘောဒီးယားနယ်မြေထဲမှာ ဗုံးကြဲတာကို ဆန့်ကျင်ပါတယ်။" ဟု ပြောကြားခဲ့သည်။[၅၁] အစိုးရ အဖွဲ့ဝင်များနှင့် စစ်သားများမှ သီဟာနု၏ အုပ်ချုပ်သည့် ပုံစံ အပြင် အမေရိကန် ပြည်ထောင်စုမှ ဖယ်ခွါသွားသည်ကို မနှစ်မြို့ကြပေ။

ခမာပြည်သူ့သမ္မတနိုင်ငံ (၁၉၇၀-၇၅)[ပြင်ဆင်ရန်]

သီဟာနုသည် ၁၉၇၀တွင် ဘေဂျင်းသို့ အလည်အပတ်သွားရောက်နေစဉ်တွင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး လွန်နို နှင့် မင်းသား စီစိုဝပ်သ် စီရစ် မာတပ် ဦးဆောင်သော စစ်တပ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့သည်။ အမေရိကန်တို့ အာဏာသိမ်းမှုကို ထောက်ပံ့ကြောင်း သက်သေမပြနိုင်ပေ။[၅၂] သို့သော်လည်း အာဏာသိမ်းမှု ပြီးဆုံးသည့်အခါတွင် အစိုးရသစ်သည် ဗီယက်နမ် ကွန်မြူနစ်တို့အား ကမ္ဘောဒီးယားမှ ထွက်ခွါသွားရန် အမြန်ဆုံး တောင်းဆိုခဲ့ပြီး အမေရိကန်ပြည်ထောင်စုမှ နိုင်ငံရေးအရ ထောက်ခံမှု ရရှိခဲ့သည်။ သူတို့ခိုလှုံရာနေရာများနှင့် မြောက်ဗီယက်နမ်မှ သူတို့၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ဆက်လက်ထိန်းသိမ်းရန် အသည်းအသန် ဆန္ဒပြင်းပြနေသော မြောက်ဗီယက်နမ်သားများ နှင့် ဗီယက်ကောင်းတပ်များသည် အစိုးရသစ်အား လက်နက်ကိုင် တိုက်ခိုက်မှု ချက်ချင်း စတင်တော့သည်။ ဘုရင်မှ သူ၏ နောက်လိုက်များအား အစိုးရအား ဖြုတ်ချရန် တိုက်တွန်းခဲ့သဖြင့် ပြည်တွင်းစစ် ဖြစ်ရန် အခြေအနေသို့ အလျှင်အမြန် ရောက်ရှိခဲ့သည်။ [၅၃]

အမေရိကန်တို့ ကမ္ဘောဒီးယားသို့ ၁၉၇၀ မှ ၁၉၇၃ အတွင်း ဗုံးကြဲတိုက်ခိုက်ရာတွင် လူပေါင်း ထောင်ပေါင်းများစွာ သေဆုံးခဲ့သည်။[၅၄]
အီးဂဲလ်ပူး စစ်ဆင်ရေး

မကြာမီတွင်ပင် ခမာနီသူပုန်တို့က သီဟာနုကို အသုံးပြု၍ ထောက်ခံမှု ရရှိရန် စတင်ခဲ့ကြသည်။ သို့သော်လည်း ၁၉၇၀ မှ ၁၉၇၂ ခုနှစ် အစောပိုင်း အထိ ကမ္ဘောဒီးယား ပဋိပက္ခမှာ အစိုးရ၊ ကမ္ဘောဒီးယားစစ်တပ် နှင့် မြောက်ဗီယက်နမ်တပ်များ ကြားတွင်သာ ဖြစ်သည်။​သူတို့အနေနှင့် ကမ္ဘောဒီးယား နယ်မြေအား ထိန်းချုပ်နိုင်လာသော အခါတွင် ဗီယက်နမ်ကွန်မြူနစ်တို့မှ နိုင်ငံရေး အခြေခံအဆောက်အအုံသစ်ကို ဖြစ်ပေါ်စေခဲ့ပြီး ထို စနစ်အား ကြီးစိုးခဲ့သည်မှာ ယခုအခါ ခမာနီဟု ရည်ညွှန်းကြသော ကမ္ဘောဒီးယား ကွန်မြူနစ်များပင် ဖြစ်သည်။[၅၅] ၁၉၆၉မှ ၁၉၇၃ အတွင်းတွင် ဗီယက်နမ် သမ္မတနိုင်ငံ​(တောင်ဗီယက်နမ်) နှင့် အမေရိကန်တပ်များက ဗီယက်ကောင်းများနှင့် ခမာနီတို့ကို နှောင့်ယှက်ရန်ကြိုးပမ်းသည့် အနေနှင့် ကမ္ဘောဒီးယားကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြသည်။

၁၉၉၁ ခုနှစ်နောက်ပိုင်း ဆိုဗီယက်တို့ သိမ်းဆည်းထားသော မှတ်တမ်းများ ထွက်ပေါ်လာခဲ့ပြီးနောက် ၁၉၇၀ ခုနှစ်တွင် မြောက်ဗီယက်နမ် တို့ ကမ္ဘောဒီးယားနိုင်ငံအား သိမ်းဆည်းရန် ကြိုးစားမှုအား ခမာနီတို့မှ အတိအလင်း တောင်းဆိုမှုကြောင့် ဖြစ်ပြီး ပိုပေါ့ နှင့် ဒုတိယအကြီးဆုံး ဖြစ်သော နွမ်းချာတို့မှ ညှိနှိုင်းခဲ့သည်ဟု သိရသည်။[၅၆] မြောက်ဗီယက်နမ်တို့မှ ကမ္ဘောဒီးယား စစ်တပ်တို့ တပ်စွဲထားသော နေရာများကို သိမ်းပိုက်ခဲ့ပြီး ကမ်ပူးချား ကွန်မြူနစ်ပါတီ (စီပီကေ) မှ ဆက်သွယ်ရေးလမ်းကြောင်းများကို တိုက်ခိုက်မှုအား တိုးမြှင့်ခဲ့သည်။ မြောက်ဗီယက်နမ်တို့၏ ကျူးကျော်မှုကို တုံ့ပြန်သည့် အနေနှင့် အမေရိကန်သမ္မတ ရစ်ချက် နစ်ကဆင် မှ အမေရိကန်နှင့် တောင်ဗီယက်နမ် ကုန်းတပ်များသည် ကမ္ဘောဒီးယားရှိ မြောက်ဗီယက်နမ်တို့၏ အခြေစိုက်စခန်းများကို ဖျက်စီးရန် ရည်ရွယ်ချက်ဖြင့် ကမ္ဘောဒီးယားသို့ ဝင်ရောက်မည်ဟု ကြေငြာခဲ့သည်။[၅၇]အမေရိကန်နှင့် တောင်ဗီယက်နမ်တပ်များမှ လက်နက်ခဲယမ်း အမြောက်အများကို သိမ်းဆည်းရမိခဲ့သော်လည်း မြောက်ဗီယက်နမ်တပ်များကို ထိန်းချုပ်ရန် ကိစ္စမှာ ခက်ခဲခဲ့သည်။

ခမာပြည်သူ့သမ္မတနိုင်ငံ၏ အဓိက ခေါင်းဆောင် ၃ ဦးဖြစ်သော လွန်နို၊ သီဟာနု၏ ညီအစ်ကိုဝမ်းကွဲဖြစ်သော ဆီရစ်မာတက် နှင့် အမျိုးသားလွှတ်တော်ခေါင်းဆောင် အင်တမ်တို့ ကြားတွင် ခေါင်းဆောင်မှုမှာ မညီညွတ်မှုများဖြင့် ပြည့်နှက်နေသည်။ လွန်နိုသည် တစိတ်တပိုင်း အာဏာရှိနေဆဲဖြစ်ပြီး အခြားသူများမှာ သူ့နေရာကို ရယူရန် မကြိုးစားကြသောကြောင့် ဖြစ်သည်။ ၁၉၇၂ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို စတင်ကျင့်သုံးခဲ့ကာ ပါလီမန်ကို ရွေးကောက်တင်မြှောက်ခဲ့ပြီး လွန်နိုသည် သမ္မတ ဖြစ်လာခဲ့သည်။ သို့သော်လည်း မညီညွတ်ခြင်း၊ လူ ၃၀,၀၀၀ ရှိသော စစ်တပ်အား လူ ၂၀၀,၀၀၀ ကျော် ရှိသော နိုင်ငံတော် တိုက်ခိုက်ရေးတပ်များအဖြစ် ပြောင်းလဲခြင်း နှင့် ခြစားမှုများ ပျံ့နှံ့ခြင်းတို့ကြောင့် အရပ်ဖက် အုပ်ချုပ်ရေးနှင့် စစ်တပ်မှာ အားနည်းလာခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံအတွင်း ကွန်မြူနစ်တို့၏ ထကြွမှုမှာ ဆက်လက် တိုးပွားလာခဲ့ပြီး မြောက်ဗီယက်နမ်မှ ရိက္ခာနှင့် စစ်ရေး ထောက်ပံ့ပေးခဲ့သည်။ ပိုပေါ့ နှင့် ယန်ဆာရီတို့သည် ဗီယက်နမ်တွင် လေ့ကျင့်သင်ကြားထားသော ကွန်မြူနစ်များပေါ်တွင် ဩဇာလွှမ်းမိုးခဲ့ပြီး အများစုကို ထုတ်ပစ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် စီပီကေ တပ်များသည် ပိုမိုအားကောင်းလာခဲ့ပြီး သူတို့အား ထောက်ပံ့ပေးထားသော ဗီယက်နမ်များထံမှ ပို၍ သီးခြား ရပ်တည်လာနိုင်ခဲ့သည်။ ၁၉၇၃ သို့ရောက်သော အခါတွင် စီပီကေသည် အစိုးရတပ်များနှင့် တိုက်ပွဲများကို မြောက်ဗီယက်နမ်တပ်များ၏ ပံ့ပိုးမှု မပါဘဲ တိုက်ခိုက်လာနိုင်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံနယ်မြေ၏ ၆၀% နှင့် လူဦးရေ၏ ၃၀%ကို ထိန်းချုပ်နိုင်ခဲ့သည်။ အစိုးရသည် ပုန်ကန်သူများနှင့် စေ့စပ်ဆွေးနွေးရန် ၃ ကြိမ်တိုင်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ၁၉၇၄ သို့ ရောက်သော အခါတွင် စီပီကေသည် တိုင်းဒေသ များအဖြစ် လွတ်လပ်စွာ လည်ပတ်ဆောင်ရွက်လာခဲ့ပြီး မြောက်ဗီယက်နမ်တိုက်ခိုက်ရေး တပ်အချို့မှာ တောင်ဗီယက်နမ်သို့ ပြောင်းရွှေ့သွားခဲ့သည်။ လွန်နို ၏ အုပ်ချုပ်မှုမှာ မြို့တော်များ ပတ်ဝန်းကျင် အစိတ်အပိုင်း သေးသေးများ နှင့် အဓိက ပို့ဆောင်ရေး လမ်းကြောင်းများ အထိသာ ရှိသည်အထိ လျော့ကျသွားခဲ့သည်။ စစ်ပွဲမှ ဒုက္ခသည် ၂ သန်းကျော်တို့သည် ဖနွမ်းပင် နှင့် အခြားမြို့တော်များတွင် နေထိုင်ကြသည်။

၁၉၇၅ ခုနှစ် နှစ်သစ်ကူးနေ့တွင် ကွန်မြူနစ်တပ်များသည် ထိုးစစ်ကို စတင်ခဲ့ပြီး စစ်ပွဲအတွင်း အကြမ်းတမ်းဆုံး ၁၁၇ ရက် ဖြစ်ခဲ့ကာ ခမာပြည်သူ့သမ္မတနိုင်ငံကို ပြိုလဲကျစေခဲ့သည်။ ဖနွမ်းပင်မြို့ ဧရိယာတစ်ဝိုက်တွင် တပြိုင်နက်တည်း တိုက်ခိုက်မှုများကြောင့် ရီပတ်ဘလစ်ကန် တပ်များကို မလှုပ်ရှားနိုင်အောင် ဖြစ်စေခဲ့ပြီး အခြားသော စီပီကေတပ်ခွဲများက မဲခေါင်အောက်ပိုင်း ပံ့ပိုးရေး လမ်းကြောင်း ကို ထိန်းချုပ်ထားသော ပစ်ခတ်ရေး အခြေစိုက်စခန်းများကို တစ်ချိန်တည်းတွင် သိမ်းပိုက်ခဲ့သည်။ အမေရိကန် ကွန်ဂရက်မှ ကမ္ဘောဒီးယားသို့ အကူအညီများ ထပ်မံ ခွင့်ပြုရန် သဘောမတူခဲ့သဖြင့် လေကြောင်းမှ လက်နက်နှင့် ဆန်စပါးတို့ အမေရိကန် ဘဏ္ဍာဖြင့် ထောက်ပံခြင်း ရပ်တန့်ခဲ့သည်။ အမေရိကန် မစ်ရှင် ကမ္ဘောဒီယားမှ ထွက်ခွာပြီး ၅ ရက်အကြော ၁၉၇၅ ဧပြီလ ၁၇ ရက်တွင် လွန်နို၏ အစိုးရ လက်နက်ချခဲ့သည်။[၅၈]

ခမာနီအစိုးရ​ (၁၉၇၅-၇၈)[ပြင်ဆင်ရန်]

တူရို စလန်း ပြတိုက်၏ အခန်းများထဲတွင် ခမာနီအစိုးရမှ ရိုက်ကူးထားသော ၎င်းတို့၏ ဒဏ်ကို ခံရသူများ၏ ဓာတ်ပုံအများအပြားကို ပြသထားသည်။
ခမာနီ အစိုးရလက်ထက် မျိုးတုန်းသတ်ဖြတ်ခံထားရသောသူများ၏ အစုလိုက်အပြုံလိုက် မြှုပ်နှံထားရာ သင်္ချိုင်းမြေဖြစ်သော ချိုရုံ အက်

ခမာနီတို့သည် ၁၉၇၅ တွင် ဖနွမ်းပင်သို့ ရောက်ရှိလာပြီး အာဏာရယူခဲ့သည်။ ပိုပေါ့ ဦးဆောင်သော ခမာနီတို့က နိုင်ငံ၏ တရားဝင် အမည်ကို ဒီမိုကရက်တစ် ကမ်ပူးချား ဟု ပြောင်းလဲခဲ့သည်။ အစိုးရသစ်သည် ၎င်းတို့ဘာသာ မော်စီတုန်းလက်ထက် တရုတ်နိုင်ငံ၏ မဟာခုန်ပျံကျော်လွှားမှုကြီး ပုံစံကို အတုယူပြောင်းလဲခဲ့ပြီး ပြည်သူများကို မြို့တော်များမှ အလျှင်အမြန် ထွက်ခွာစေခဲ့ကာ ပြည်သူတရပ်လုံးကို ကျေးလက်ရှိ စီမံကိန်းများသို့ အတင်းအကြပ် ရွှေ့ပြောင်း အလုပ်လုပ်စေခဲ့သည်။ သူတို့သည် နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးကို ၁၁ ရာစုမှ ပုံစံအတိုင်း ပြန်လည်တည်ဆောက်ခဲ့ပြီး အနောက်တိုင်း ဆေးဝါးများကို စွန့်ပစ်ခဲ့ကာ ဘုရားကျောင်းများ၊ စာကြည့်တိုက်များနှင့် အနောက်တိုင်း ပုံစံရှိသော အရာမှန်သမျှကို ဖျက်ဆီးပစ်ခဲ့သည်။

ခမာနီ အစိုးရလက်ထက်တွင် ပြည်သူမည်မျှ သေဆုံးခဲ့သည် ဆိုခြင်းကို ခန့်မှန်းကြသည်မှာ တစ်သန်းမှ သုံးသန်း အထိရှိပြီး အများဆုံး ရည်ညွှန်းကြသည့် ကိန်းဂဏန်းမှာ နှစ်သန်း (လူဦးရေ၏ ၄ပုံ ၁ပုံ) ဖြစ်သည်။[၅၉][၆၀][၆၁] ထိုခေတ်မှ သတ်ကွင်း ဆိုသော ဝေါဟာရ ပေါ်ပေါက်လာခဲ့ပြီး တူရိုစလန်းအကျဉ်းထောင်မှ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း သမိုင်းကြောင်းကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည်။ လူသိန်းပေါင်းများစွာ တို့သည် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့ကြသည်။ အစိုးရသည် အဓိကအားဖြင့် လူမျိုးစု အဖွဲ့များကို ပစ်မှတ်ထား တိုက်ခိုက်သည်။ ချမ် မွတ်ဆလင်များမှာ အများအပြား ဒဏ်ခံခဲ့ရပြီး ၎င်းတို့လူဦးရေ၏ တစ်ဝက်ကျော် သတ်ဖြတ်ခြင်း ခံရသည်။[၆၂] ပိုပေါ့သည် ၎င်း၏ အာဏာကို ထိန်းထားနိုင်ရန် အခိုင်အမာ ဆုံးဖြတ်ထားပြီး ရန်သူများနှင့် သူ့အတွက် ခြိမ်းခြောက်မှု ဖြစ်လာနိုင်သူမှန်သမျှကို ဖိနှိပ်ခဲ့သဖြင့် သူ၏ ပြည်သူများသို့ ကြမ်းကြုတ်မှုနှင့် ရက်စက်စွာ ပြုမူမှုများ တိုးမြင့်လာခဲ့သည်။[၆၃]

၁၉၇၀ ခုနှစ်တွင် အတင်းအကြပ် နေရပ်သို့ပြန်စေခြင်း နှင့် ခမာနီအစိုးရ လက်ထက်အတွင်း သေဆုံးမှုများကြောင့် ကမ္ဘောဒီးယားရှိ ဗီယက်နမ်လူဦးရေမှာ ၁၉၆၉ ခုနှစ်တွင် ၂၅၀,၀၀၀ ဦးမှ ၃၀၀,၀၀၀ အထိ ရှိရာမှ ၁၉၈၄ ခုနှစ်တွင် ၅၆,၀၀၀ သာ ကြွင်းကျန်ရစ်သည်။[၄၇] သို့သော်လည်း ခမာနီအစိုးရ၏ သားကောင်ဖြစ်ရသူများမှာ တိုင်းရင်းသားလူနည်းစုများ မဟုတ်ဘဲ ခမာလူမျိုးများသာ ဖြစ်သည်။ ပရော်ဖက်ရှင်နယ်များ ဖြစ်ကြသော ဆရာဝန်များ၊ ရှေ့နေများနှင့် ကျောင်းဆရာများမှာ ပစ်မှတ်ထား တိုက်ခိုက်ခံရသည်။ ရောဘတ် ဒီ ကပ်ပလန်၏ အဆိုအရ "မျက်မှန်သည် ကြယ်ဝါနှင့် တန်းတူ သေစေလောက်သော အမှတ်တံဆိပ် ဖြစ်သည်" ဟု ဆိုခဲ့ပြီး မျက်မှန်သည် ပညာတတ်ခြင်း၏ သင်္ကေတ ဖြစ်သောကြောင့် ဖြစ်သည်။[၆၄]

ဘာသာရေး အဖွဲ့အစည်းများကိုလည်း ခမာနီများက ချမ်းသာ မပေးခဲ့ပေ။ ဘာသာရေးအား ဆိုးရွားစွာ ဖိနှိပ်ခဲ့သည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းသည့် အတိုင်းအတာ အထိ ဖြစ်သဖြင့် ကမ္ဘောဒီးယား၏ သမိုင်းဝင် ဗိသုကာ လက်ရာများ ဖြစ်သော ၉၅% သော ကမ္ဘောဒီးယား၏ ဗုဒ္ဓဘာသာ ပုထိုးများမှာ လုံးဝ ပျက်စီးခဲ့ရသည်။[၆၅]

ဗီယက်နမ်တို့ ကျူးကျော်ခြင်း နှင့် အသွင်ကူးပြောင်းရေးကာလ[ပြင်ဆင်ရန်]

၁၉၇၈ ခုနှစ် နိုဝင်ဘာလတွင် ခမာနီတို့၏ နယ်စပ်ကျူးကျော်တိုက်ခိုက်ခြင်းကို တုံ့ပြန်သည့် အနေနှင့် ဗီယက်နမ်တပ်များက ကမ္ဘောဒီးယားကို ကျူးကျော်သိမ်းပိုက်ခဲ့သည်။[၆၆] ၁၉၅၁ ခုနှစ်တွင် ဗီယက်နမ်တို့ တည်ထောင်ခဲ့သော ကမ်ပူးချား ပြည်သူ့တော်လှန်ရေးပါတီအား ပိုပေါ့နှင့် တာမော့တို့၏ သုတ်သင်မှုမှ လွတ်မြောက်ရန် ကမ္ဘောဒီးယားမှ ထွက်ပြေးခဲ့သည့် ခမာနီအုပ်စုမှ ဦးဆောင်၍ ဆိုဗီယက်ဘက် ယိမ်းသော ကမ်ပူးချား ပြည်သူ့ သမ္မတနိုင်ငံကို တည်ထောင်ခဲ့သည်။[၆၇] ၎င်းတို့သည် ကျူးကျော်သိမ်းပိုက်ထားသော ဗီယက်နမ်စစ်တပ်၏ ကျေးဇူးခံ ကျေးဇူးစား ဖြစ်ပြီး ဖနွမ်ပင် ဗီယက်နမ် သံအမတ်၏ လမ်းညွှန်မှု အောက်တွင် ရှိသည်။ ၎င်းတို့၏ လက်နက်များကို ဗီယက်နမ် နှင့် ဆိုဗီယက်ပြည်ထောင်စုတို့မှ ထောက်ပံ့သည်။[၆၈]

အသစ်တည်ထောင်လိုက်သော နိုင်ငံကို ဆန့်ကျင်သည့် အနေနှင့် ပြည်ပသို့ ထွက်ပြေးနေရသော အစိုးရ၏ အစု ၃ စုမှ ဒီမိုကရက်တစ် ကမ်ပူးချား၏ ညွန့်ပေါင်းအစိုးရကို ၁၉၈၁ ခုနှစ်တွင် တည်ထောင်ခဲ့သည်။[၆၈] ၎င်းတို့တွင် ခမာနီများ ၊ သီဟာနု၏ ဘုရင် သစ္စာခံ အစုအဖွဲ့နှင့် ခမာပြည်သူ့ အမျိုးသားလွတ်မြောက်ရေးတပ်ဦး တို့ ပါဝင်သည်။ ၎င်းတို့အား ကုလသမဂ္ဂမှ အသိအမှတ် ပြုခဲ့သည်။ ခမာနီတို့၏ ကုလသမဂ္ဂ ကိုယ်စားလှယ် ဖြစ်သော ချွန်း ပရာဆစ်အား ဆက်လက်ထားရှိခဲ့သော်လည်း သူသည် ကွန်မြူနစ် မဟုတ်သော ကမ္ဘောဒီးယား ပါတီများ၏ ကိုယ်စားလှယ်များ နှင့် တိုင်ပင် ဆောင်ရွက်ရသည်။[၆၉][၇၀] ဗီယက်နမ်တို့မှ ကမ္ဘောဒီးယားမှ ဆုတ်ခွာရန် ငြင်းဆန်ခဲ့သဖြင့် အမေရိကန် နှင့် မဟာမိတ်တို့မှ စီးပွားရေး ပိတ်ဆို့ အရေးယူ ခဲ့သည်။[၇၁]

ဖိုင်:Medvedev in Cambodia 01.png
နိုရိုဒွန် သီဟာနု ဘုရင် အထိမ်းအမှတ် အဆောက်အဦး

၁၉၈၉ ခုနှစ်တွင် ပဲရစ်၌ ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်မှုများ ကမ္ဘောဒီးယားနိုင်ငံအဖြစ် စတင်ခဲ့ပြီး နှစ်နှစ်အကြာ ၁၉၉၁ အောက်တိုဘာတွင် ပဲရစ် ငြိမ်းချမ်းရေး လုံးဝဥဿုံ သဘောတူညီချက် ထွက်ပေါ်လာခဲ့သည်။ ကုလသမဂ္ဂအား အပစ်အခပ်ရပ်စဲရေး၊ ဒုက္ခသည် ကိစ္စ ဆောင်ရွက်ရေး နှင့် လက်နက်ဖြုတ်သိမ်းရေး အတွက် ကုလသမဂ္ဂ ကမ္ဘောဒီးယား အပြောင်းအလဲ အာဏာပိုင် အဖြစ် လုပ်ကိုင်ရန် အခွင့်အာဏာ ပေးအပ်ခဲ့သည်။[၇၂]

ဘုရင်စနစ်ကို ပြန်လည်အသက်သွင်းခြင်း[ပြင်ဆင်ရန်]

၁၉၉၃ ခုနှစ်တွင် နိုရိုဒွန် သီဟာနုအား ကမ္ဘောဒီးယား၏ ဘုရင် အဖြစ် ပြန်လည် နန်းတင်ခဲ့သည်။ သို့သော်လည်း ယူအင်န်တီအေစီမှ ကြီးမှူးကျင်းပသော ရွေးကောက်ပွဲများမှ ဖွဲ့စည်းထားသော အစိုးရထံတွင် အာဏာ အပြည့်အဝ ရှိသည်။ ၁၉၉၇ ဒု-ဝန်ကြီးချုပ် ဟွန်ဆန် ဦးဆောင်သော အစိုးရ အတွင်းရှိ ကွန်မြူနစ်မဟုတ်သော ပါတီများထံမှ အာဏာသိမ်းမှု ပဋိပက္ခပြီးနောက်တွင် နိုင်ငံရေး တည်ငြိမ်လာခဲ့သည်။[၇၃]အစိုးရအား ဟွန်ဆန်၏ လက်အောက်တွင် တည်ငြိမ်အောင် ဆောင်ရွက်လာနိုင်ပြီးနောက် ၁၉၉၉ ဧပြီလ ၃၀ တွင် အာဆီယံသို့ ဝင်ခွင့်ပြုခဲ့သည်။[၇၄][၇၅]လတ်တလော နှစ်များတွင် ပြန်လည်တည်ဆောက်ရေး ကြိုးပမ်းမှုများတွင် တိုးတက်မှု ရှိလာခဲ့ပြီး စည်းမျဉ်းခံ ဘုရင်စနစ်အောက်တွင် ပါတီစုံ ဒီမိုကရေစီစနစ်ဖြင့် နိုင်ငံရေး တည်ငြိမ်မှု အချို့ ရလာခဲ့သည်။[၂] ဟွန်ဆန်၏ အုပ်ချုပ်မှုတွင် လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ခြစားမှုများ ရှိသော်လည်း[၇၆] ၂၀၀၀ ခုနှစ်များကို ဖြတ်သန်းလာခဲ့ကြသည့် ကမ္ဘောဒီးယားနိုင်ငံသားများမှာ အစိုးရကို လက်ခံကြသည်။ ၂၀၀၈ ခုနှစ် ကမ္ဘောဒီးယား ကျေးရွာသားများနှင့် အင်တာဗျူးများတွင် ၎င်းတို့မှ ပုံမှန်အတိုင်းရှိနေခြင်းကို ဖြစ်နိုင်ခြေရှိသော အကြမ်းစား ပြောင်းလဲမှုထက် ပိုကြိုက်သည်ဟု ထုတ်ဖော်ပြောခဲ့ကြသည်။[၇၇]

၂၀၁၀ ဇူလိုင်လတွင် ကန်ကက်လူး သည် အက်စ်၂၁ သုတ်သင်ရေးစခန်း၏ ယခင်တာဝန်ခံ အဖြစ် စစ်ရာဇဝတ်မှုများနှင့် လူ့ကျင့်ဝတ် ချိုးဖောက်သော ရာဇဝတ်မှုများအတွက် အပြစ်ရှိသည်ဟု ဆုံးဖြတ်ခြင်း ခံရသော ပထမဆုံး ခမာနီ ဖြစ်ပြီး ထောင်တစ်သက် အပြစ်ပေးခြင်း ခံရသည်။[၇၈][၇၉] သို့သော်လည်း ဟွန်ဆန်သည် ယခင်ခမာနီတို့၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများအတွက် တရားစွဲဆိုမှုများ ကျယ်ပြန့်စွာ ပြုလုပ်ခြင်းကို ဆန့်ကျင်ခဲ့သည်။[၈၀]

၂၀၁၄ ခုနှစ် ဩဂုတ်လတွင် ကုလသမဂ္ဂ ကျောထောက်နောက်ခံရှိသော စစ်ရာဇဝတ် တရားရုံးဖြစ်သည့် ကမ္ဘောဒီးယားတရားရုံး၏ အထူးခုံရုံး (ခမာနီ တရားရုံးဟုလည်း သိကြသည်။)မှ ခမာနီအစိုးရ၏ အသက်၈၃ နှစ်ရှိပြီ ဖြစ်သော ယခင် နိုင်ငံတော်အကြီးအကဲ ခူးဆမ်ဖန် နှင့် ၈၈ နှစ်ရှိပြီဖြစ်သော ဝါဒရေးရာချုပ် နွမ်ချာ တို့အား ၁၉၇၀ ခုနှစ်များအတွင်း နိုင်ငံ၏ အကြမ်းဖက်ခေတ်အတွင်း စစ်ရာဇဝတ်မှုများတွင် ၎င်းတို့၏ ပါဝင်ပတ်သက်မှုအတွက် ထောင်တစ်သက် အပြစ်ပေးခဲ့သည်။ ယခင် နိုင်ငံခြားရေးဝန်ကြီး အီရန် ဆာရီမှာ ၂၀၁၃ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီး သူ၏ ဇနီးဖြစ်သော လူမှုရေးဝန်ကြီး အီရန် သီရစ်မှာ ၂၀၁၂ ခုနှစ်တွင် သတိမေ့လျော့သည့် ရောဂါဖြစ်ပွားနေသဖြင့် တရားရင်ဆိုင်ရန် မသင့်လျော်ဟု ဆုံးဖြတ်ခဲ့သည်။

၂၀၁၉ ခုနှစ်အခြေအနေ[ပြင်ဆင်ရန်]

ဂျွန် ဒီ စီအိုစီရာရီ၏ အဆိုအရ "၂၀၁၉ ခုနှစ်တွင် ကမ္ဘောဒီးယားတွင် ကာလကြာမြင့်စွာ အုပ်ချုပ်ခဲ့သော ဝန်ကြီးချုပ် ဟွန်ဆန်မှ သူ၏ အာဏာထိန်းချုပ်မှုကို ပိုမိုတိုးမြှင့်လာခဲ့သည်။ စီးပွားရေး တိုးတက်မှုမှာ ဆက်လက်တိုးတက်နေသော်လည်း အိမ်ခြံမြေ ပူပေါင်းပေါက်ကွဲမှု၊ အကြွေးဝန်ပိမှုနှင့် လူမှုရေး မညီမျှမှုများ အတွက် စိုးရိမ်စရာ မြင့်တက်လာခဲ့သည်။ ပြင်ပဆက်ဆံရေး အနေဖြင့် ကမ္ဘောဒီးယားသည် တရုတ်အပေါ် မှီခိုမှု ပိုမို နက်ရှိုင်းလာခဲ့သဖြင့် ဟွန်ဆန်အစိုးရအား အချို့နေရာများအတွက် အကာအကွယ်ရသော်လည်း အားနည်းချက် အသစ်များ ပေါ်ပေါက်လာခဲ့သည်။" ဟု ဆိုသည်။[၈၁]

ပထဝီဝင်[ပြင်ဆင်ရန်]

ကမ္ဘောဒီးယား၏ ပထဝီဝင် မြေပုံ
ကမ္ဘောဒီးယား၏ ဒေသတွင်း မြေပုံ

ကမ္ဘောဒီးယားနိုင်ငံသည် ဧရိယာအားဖြင့် ၁၈၁,၀၃၅ စတုရန်း ကီလိုမီတာ (၆၉,၈၉၈ စတုရန်းမိုင်) မျှရှိပြီး အပူပိုင်းဒေသအတွင်း လုံးဝ ကျရောက်ကာ မြောက်လတ္တီကျု ၁၀° မှ ၁၅° ကြား၊ အရှေ့လောင်ဂျီကျု ၁၀၂° မှ ၁၀၈° ကြားတွင် တည်ရှိသည်။ အနောက်ဘက်နှင့် မြောက်ဘက်တွင် ထိုင်းနိုင်ငံ၊ အရှေ့မြောက်ဘက်တွင် လာအိုနိုင်ငံ ၊အရှေ့ဘက်နှင့် အရှေ့တောင်ဘက်တွင် ဗီယက်နမ် နိုင်ငံတို့နှင့် နယ်နိမိတ်ခြင်း ထိစပ်လျှက် ရှိသည်။၄၄၃-ကီလိုမီတာ (၂၇၅-မိုင်) ထိုင်းပင်လယ်ကွေ့ တလျှောက်တွင် ၄၄၃-ကီလိုမီတာ (၂၇၅-မိုင်) ရှည်လျားသော ကမ်းရိုးတန်း ရှိသည်။[၁][၈၂]

ကမ္ဘောဒီးယားနိုင်ငံ၏ မြေမျက်နှာသွင်ပြင်သည် မြေနိမ့်ဒေသတွင် တည်ရှိသော အလယ်ပိုင်းလွင်ပြင်များအား ကုန်းမြင့်များနှင့် တောင်ကုန်းနိမ့်များက ဝန်းရံထားကာ တုန်နယ်ဆပ် ခေါ် ရေကန်ကြီးများ ဒေသနှင့် မဲခေါင်မြစ်ဝှမ်းဒေသ၏ အထက်ပိုင်းတို့ ပါဝင်သည်။ ထိုအလယ်ပိုင်းဒေသမှ ဖြန့်ထွက်သွားသည့် အခါတွင် အသွင်ပြောင်းသွားသည့် လွင်ပြင်များ၊ ပါးလျသော သစ်တောများနှင့် ပင်လယ်ရေမျက်နှာပြင် အထက် ၆၅၀ ပေ (၂၀၀ မီတာ) ခန့် မြင့်တက်သွားသော ဒေသများ ဖြစ်သွားသည်။

မြောက်ဘက်သို့ လားသည့်အခါတွင် ကမ္ဘောဒီးယား၏ လွင်ပြင်သည် တိုက်စားခံရသည့် သဲကျောက်တောင်များဖြင့် ဝန်းရံထားကာ ၎င်းတို့မှ အနောက်မှ အရှေ့သို့ ၂၀၀ မိုင် (၃၂၀ ကီလိုမီတာ) မျှ ရှည်လျားသော တောင်ဘက်သို့ မျက်နှာမူနေသည့် တောင်စောင်းများ ဖြစ်ပေါ်နေကာ လွင်ပြင်အထက် ပေ ၆၀၀ မှ ၁၈၀၀ (မီတာ ၁၈၀ မှ ၅၅၀) အထိ ရုတ်တရက် မြင့်တက်နေသည်။ ထိုတောင်စောင်းများသည် ဒန်းဂရက်တောင်များ၏ တောင်ဘက် နယ်နိမိတ် အဖြစ် တည်ရှိသည်။

မဲခေါင်ဒေသသည် ကမ္ဘောဒီးယားနိုင်ငံ၏ အရှေ့ပိုင်းဒေသများကို ဖြတ်၍ တောင်ဘက်သို့ စီးဆင်းလျှက် ရှိသည်။ မဲခေါင်မြစ်၏ အရှေ့ပိုင်း အသွင်ပြောင်းလွင်ပြင်များသည် အရှေ့ပိုင်းကုန်းမြင့်များ၊ သစ်တောထူထပ်သော တောင်ကုန်းများနှင့် လာအိုနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံအထိ ဆန့်ထွက်နေသော ကုန်းမြေမြင့်များနှင့် ပေါင်းစပ်သွားသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ အနောက်တောင်ပိုင်းဒေသတွင် ထင်ရှားသော ကုန်းမြင့်ဒေသ နှစ်ခု ရှိပြီး ၎င်းတို့မှာ ကရာဗန်တောင်တန်း နှင့် ဒမ်မရေးတောင်တန်းတို့ ဖြစ်ပြီး ၎င်းတို့ပေါင်းစပ်ကာ တုန်နယ်ဆပ် နှင့် ထိုင်းပင်လယ်ကွေ့တို့ကြားရှိ မြေဧရိယာ အတော်များများတွင် နေရာယူထားသော ကုန်းမြင့်ဒေသ အဖြစ် တည်ရှိသည်။

ဤသို့ ဝေးလံခေါင်ဖျားပြီး လူသူမနေထိုင်သော ဒေသတွင် ကမ္ဘောဒီးယားနိုင်ငံ၏ အမြင့်ဆုံးတောင်ထိပ်ဖြစ်သော ဖနွမ်အော်ရယ် သည် အမြင့် ၅,၉၄၉ ပေ (၁,၈၁၃ မီတာ) ဖြင့် တည်ရှိသည်။ [၈၃] တောင်ပိုင်း ကမ်းရိုးတန်းဒေသသည် ထိုင်းပင်လယ်ကွေ့နှင့် ကျဉ်းမြောင်းသော ကမ်းမြောင်ဖြင့် ဆက်စပ်နေကာ ထိုဒေသသည် သစ်ပင်ထူထပ်စွာ ပေါက်ရောက်ပြီး လူနေထိုင်မှု ကျဲပါးကာ အလယ်ပိုင်းလွင်ပြင်နှင့် အနောက်တောင် ကုန်းမြေမြင့်မှ ပိုင်းခြားထားသည်။

အထင်ရှားဆုံးသော ပထဝီသွင်ပြင်မှာ တုန်နယ်ဆပ်၏ ရေလွှမ်းမိုးမှု ဖြစ်ပြီး ခြောက်သွေ့သော ရာသီဥတုတွင် ၂,၅၉၀ စတုရန်း ကီလိုမီတာ (၁,၀၀၀ စတုရန်းမိုင်) မျှ ရှိပြီး မိုးရာသီတွင် ၂၄,၆၀၅ စတုရန်း ကီလိုမီတာ (၉,၅၀၀ စတုရန်းမိုင်) အထိ ရှိသည်။ ထိုသို့ လူနေထူထပ်သော လွင်ပြင်မှာ စပါးစိုက်ပျိုးရေး လုပ်ကိုင်ကြပြီး ကမ္ဘောဒီယားနိုင်ငံ၏ နှလုံးသည်းပွတ် ဒေသ ဖြစ်သည်။ [၈၄] ထိုဒေသ၏ အစိတ်အပိုင်း အတော်များများကို ဇီဝထိန်းသိမ်းရေးရပ်ဝန်း အဖြစ် သတ်မှတ်ထားသည်။[၈၄]

ရာသီဥတု[ပြင်ဆင်ရန်]

ကမ္ဘောဒီးယားနိုင်ငံ၏ ကော့(ခ်)ပန်ရာသီဥတုခွဲခြားမှုများ ပြ မြေပုံ

ကမ္ဘောဒီးယားနိုင်ငံ၏ ရာသီဥတုသည် အခြား အရှေ့တောင်အာရှနိုင်ငံများကဲ့သို့ပင် မုတ်သုံလေ လွှမ်းမိုးသော ရာသီဥတုဖြစ်ပြီး အပူပိုင်း စိုစွတ်ခြင်း နှင့် ခြောက်သွေ့ခြင်း အဖြစ် သိရှိကြကာ ရာသီဥတု ကွဲပြားခြင်းမှာ ထင်ရှားစွာ သိသာနေသောကြောင့် ဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံ၏ အပူအချိန်မှာ ၂၁ မှ ၃၅ ဒီဂရီ စင်တီဂရိတ် (၇၀ မှ ၉၅ ဒီဂရီ ဖာရင်ဟိုက်) အထိရှိပြီး အပူပိုင်းမုတ်သုံလေကို ခံစားရသည်။ အနောက်တောင်မုတ်သုံလေသည် ရေငွေ့များဖြင့် ပြည့်နှက်နေသော လေများကို ထိုင်းပင်လယ်ကွေ့နှင့် အိန္ဒိယ သမုဒ္ဒရာတို့မှ မေလ မှ အောက်တိုဘာလ အတွင်း သယ်ဆောင်လာသည်။ အရှေ့မြောက် မုတ်သုံလေသည် နိုဝင်ဘာမှ ဧပြီလအထိ ဖြစ်သော ခြောက်သွေ့သော ရာသီဥတုတွင် တိုက်ခတ်သည်။ နိုင်ငံအတွင်း မိုးအများဆုံးကာလမှ စက်တင်ဘာလမှ အောက်တိုဘာလ အထိ ဖြစ်ပြီး အခြောက်သွေ့ဆုံးကာလမှာ ဇန်နဝါရီလမှ ဖေဖော်ဝါရီလ အထိ ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး သုတေသနဌာန နှင့် ကုလသမဂ္ဂတို့၏ အဆိုအရ ကမ္ဘောဒီးယားသည် ဖိလစ်ပိုင်နိုင်ငံနှင့် အတူ အရှေ့တောင်အာရှတွင် ရာသီဥတုပြောင်းလဲခြင်းအတွက် အထိခိုက်နိုင်ဆုံဂ နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။[၈၅][၈၆] ကမ္ဘောဒီးယားရှိ ပြည်နယ်အားလုံးလိုလိုသည် ရာသီဥတုပြောင်းလဲခြင်း၏ အကျိုးဆက်ကို ခံစားကြရသည်။[၈၇] အထူးသဖြင့် ကမ်းရိုးတန်းရှိ ကျေးလက်နေ လူဦးရေမှာ အန္တရာယ်အများဆုံး ဖြစ်သည်။ ကမ္ဘောဒီးယားရာသီဥတုပြောင်းလဲခြင်း မဟာမိတ်အဖွဲ့၏ အဆိုအရ သန့်ရှင်းသောရေ ရနိုင်မှု နည်းပါးခြင်း၊ အလွန်အမင်း ရေကြီးခြင်း၊ ရွှံ့နွံမြေပြိုခြင်း၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်ခြင်း နှင့် ဖျက်ဆီးနိုင်စွမ်းရှိသည့် မုန်တိုင်းများမှာ အထူးသတိထား စိုးရိမ်ရသည့် ကိစ္စရပ်များ ဖြစ်သည်။ ရာသီဥတုပြောင်းလဲခြင်းသည် တုန်နယ်ဆပ် ရေကန်ဒေသ၏ ရေအတက်အကျ၊ ဂေဟစနစ်နှင့် ကုန်ထုတ်နိုင်စွမ်းအားကို လတ်တလောနှစ်များတွင် အဓိကအားဖြင့် သက်ရောက်မှု ရှိခဲ့သဖြင့် ကမ္ဘောဒီးယား လူဦးရေ အများစု၏ စားရေရိက္ခာလုံလောက်စွာ ရရှိနိုင်မှုနှင့် စိုက်ပျိုးမွေးမြူရေးတို့ကို ထိခိုက်စေခဲ့သည်။[၈၈][၈၉]

ကမ္ဘောဒီးယားတွင် အဓိကအားဖြင့် ရာသီဥတု နှစ်ခု ရှိသည်။​ မိုးရာသီသည် မေလမှ အောက်တိုဘာလ အထိ ဖြစ်ပြီး အပူချိန်သည် ၂၂ ဒီဂရီ စင်တီဂရိတ် (၇၂ ဒီဂရီ ဖာရင်ဟိုက်) အထိကျဆင်းလေ့ ရှိပြီး ၎င်းနှင့်အတူ လေထဲတွင် ရေငွေ့ပါဝင်မှုလည်း အလွန်များပြားလေ့ရှိသည်။ ခြောက်သွေ့သော ရာသီဥတုသည် နိုဝင်ဘာလမှ ဒီဇင်ဘာလအထိ ဖြစ်ပြီး အပူချိန်သည် ဧပြီလဝန်းကျင်တွင် ၄၀ ဒီဂရီ စင်တီဂရိတ် (၁၀၄ ဒီဂရီ ဖာရင်ဟိုက်) အထိ မြင့်တက်လေ့ ရှိသည်။ ကပ်ဘေးဆိုက်သော ရေကြီးမှုမှာ ၂၀၀၁ ခုနှစ်တွင် ဖြစ်ပျက်ခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် နောက်တစ်ကြိမ်ထပ်ဖြစ်ခဲ့ကာ နှစ်စဉ်နှစ်တိုင်း အတိုင်းအတာ တစ်ခု အထိ ရေကြီးလေ့ ရှိသည်။[၉၀] အကြီးအကျယ်ရေလွှမ်းမိုးခြင်းသည် ၂၀၂၀ ခုနှစ် တိုင်ဖွန်းမုန်တိုင်း ရာသီအတွင်းတွင် ကမ္ဘောဒီးယားရှိ ပြည်နယ် ၁၇ ခုကို ထိခိုက်စေခဲ့သည်။[၉၁]

ဇီဝမျိုးကွဲများ[ပြင်ဆင်ရန်]

ကမ်ပုံးချန်ပြည်နယ် ဖနွမ်ပရော့စ်တွင် တွေ့ရသော မျောက်များ

ကမ္ဘောဒီးယားနိုင်ငံ၏ ဇီဝမျိုးကွဲများသည် အပူပိုင်း ရွက်ကြွေတောများတွင်တွေ့ရပြီး မှတ်တမ်းရှိသော သစ်ပင်မျိုးစိတ်ပေါင်း ၁၈၀ နှင့် ရိုင်ပေးရီးယန်း ဂေဟစနစ်တို့ ရှိကြသည်။ နို့တိုက်သတ္တဝါမျိုးစိတ် ၂၁၂ မျိုး၊ ငှက်မျိုးစိတ် ၅၃၆ မျိုး၊ တွားသွားသတ္တဝါမျိုးစိတ် ၂၄၀ မျိုး၊ ရေချိုငါးမျိုးစိတ် ၈၅၀မျိုး (တုန်နယ်ဆပ် ရေကန်ဒေသ) နှင့် ပင်လယ်ငါးမျိုးစိတ် ၄၃၅မျိုးတို့ အား သိပ္ပံနည်းကျ မှတ်တမ်းတင်ထားသည်။ ဇီဝမျိုးကွဲအများစုသည် တုန်နယ်ဆပ် ရေကန်ဒေသနှင့် ပတ်ဝန်းကျင် ဇီဝရပ်ဝန်းဒေသတို့တွင် တွေ့ရသည်။[၉၂]

တုန်နယ်ဆပ် ဇီဝရပ်ဝန်း ထိန်းသိမ်းရေးနယ်မြေမှာ တုန်နယ်ဆပ်ရေကန်များ၏ ပတ်ဝန်းကျင်တွင် ဖြစ်သည်။ ၎င်းတို့တွင် ရေကန်များနှင့် ပြည်နယ် ကိုးခုဖြစ်သော ကမ်ပုံးသွန်၊ ဆီရမ်ယိ၊ ဘာတန်ဘန်၊ ပါဆတ်၊ ကမ်ပုံးချနန်၊ ဘန်တေး မီချေး၊ ပိုင်လင်း၊ အော့ဒါ မီချေး နှင့် ပရီရာ ဗီဟီးယား ပြည်နယ်တို့ ပါဝင်သည်။ ၁၉၉၇ ခုနှစ်တွင် ယူနက်စကို၏ ဇီဝရပ်ဝန်း ထိန်းသိမ်းရေးနယ်မြေ အဖြစ် အောင်မြင်စွာ စာရင်းသွင်းနိုင်ခဲ့သည်။ [၉၃] အခြား တိရစ္ဆာန်တို့ ကျက်စားရာ နေရာများမှာ မွန်ဒိုကီရီပြည်နယ်ရှိ အမြဲစိမ်း နှင့် ခြောက်သွေ့ အင်ကညင်သစ်တောများ အတွင်းရှိ ကီရို ဆေးမား တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးနယ်မြေ၊ ဖနွမ်ပရစ်ချ် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးနယ်မြေ နှင့် ဆရီပေါ့ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး နယ်မြေ တို့ ဖြစ်ကြပြီး ရာတာနာကီရီ ပြည်နယ်နှင့် ပရီရာ မိုနီဗွန် အမျိုးသားဥယျာဉ်၊ ဘိုတမ်-စာကော အမျိုးသားဥယျာဉ်၊ ဖနွမ် အော်ရယ် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးနယ်မြေ နှင့် ဖနွမ်ဆမ်ကော့ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးနယ်မြေ တို့ ပါဝင်သော ကာဒါမွန်တောင်ကုန်း ဂေဟစနစ်တို့ ဖြစ်ကြသည်။

တကမ္ဘာလုံးဆိုင်ရာ သဘာဝ ရန်ပုံငွေ အဖွဲ့က ကမ္ဘောဒီးယားနိုင်ငံတွင် ထင်ရှားသောကုန်းမြေ ဇီဝဒေသ ၆ ခုကို သတ်မှတ်ထားပြီး ၎င်းတို့မှာ ကာဒါမွန် တောင်ကုန်း မိုးသစ်တော၊ အင်ဒိုချိုင်းနားအလယ်ပိုင်း ခြောက်သွေ့တော၊ အရှေ့တောင် အင်ဒိုချိုင်းနား ခြောက်သွေ့အမြဲစိမ်းတော၊ တောင်ပိုင်း အင်နာမိုက်တောင်တန်း အပူပိုင်းသစ်တော၊ တုန်နယ်ဆပ် ရေချို ဒီရေတော နှင့် တုန်နယ်ဆပ်-မဲခေါင် သစ်ဆွေး ဒီရေတော တို့ ဖြစ်ကြသည်။[၉၄]

သဘာဝပတ်ဝန်းကျင်[ပြင်ဆင်ရန်]

ဖနွမ်ကူလန်ရှိ ရေတံခွန်

၂၀၁၆ ခုနှစ် သဘာဝပတ်ဝန်းကျင်လုပ်ဆောင်ချက်ဆိုင်ရာ ညွှန်းကိန်း (EPI) တွင် ကမ္ဘောဒီးယားနိုင်ငံသည် နိုင်ငံပေါင်း ၁၈၀ တွင် အဆင့် ၁၄၆ ရှိသဖြင့် ဆိုးရွားသော်လည်း တိုးတက်လာနေသော လုပ်ဆောင်မှု ရှိသည်။ အရှေ့တောင်အာရှဒေသတွင် အဆိုးဆုံးများထဲတွင် ပါဝင်ပြီး လာအို နှင့် မြန်မာနိုင်ငံထက်သာ သာလွန်သည်။ အီးပီအိုင်အား ၂၀၀၁ ခုနှစ် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် စတင်ခဲ့ပြီး နိုင်ငံတစ်ခုချင်းစီ အနေနှင့် ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ညွှန်းကိန်းများအား အကောင်အထည်ဖော်ရာတွင် မည်မျှကောင်းမွန်သည်ကို တိုင်းတာသည့် တကမ္ဘာလုံးဆိုင်ရာ ညွှန်ပြချက် ဖြစ်သည်။

အီးပီအိုင်တွင် ကမ္ဘောဒီးယားအနေနှင့် အဆိုးရွားဆုံး လုပ်ဆောင်ချက် ရှိသည့် နယ်ပယ်များမှာ လေထုအရည်အသွေး (၁၄၈)၊ ရေအရင်းအမြစ် စီမံခန့်ခွဲမှု (၁၄၀) နှင့် သဘာဝပတ်ဝန်းကျင် ပြဿနာများပေါ်တွင် မူတည်သည့် ကျန်းမာရေး သက်ရောက်မှု (၁၃၇) တို့ ဖြစ်ပြီး ရေဆိုးနှင့်မိလ္လာကိစ္စရပ်များ၊ ငါးဖမ်းလုပ်ငန်းကြောင့် ဖြစ်ပေါ်သည့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနှင့် သစ်တော စီမံခန့်ခွဲမှုတို့မှာ နောက်မှ နီးကပ်စွာ လိုက်လာကြသည်။ ကမ္ဘောဒီးယားတွင် လွန်စွာကျယ်ပြန့်သော ထိန်းသိမ်းစောင့်ရှောက်ထားသည့် ဒေသများ ကုန်းပေါ်နှင့် ရေထဲတွင် ရှိပြီး ကုန်းပေါ်တွင် ရှိသော ထိန်းသိမ်းရေးဒေသမှာ နိုင်ငံ၏ ၂၀% ခန့် ရှိသည်။ ထို့အတွက်ကြောင့် ကမ္ဘောဒီးယားအား ဇီဝမျိုးကွဲများနှင့် တိရစ္ဆာန်တို့ ကျက်စားရာမြေနှင့် ပတ်သက်၍​ ပျမ်းမျှထက်သာလွန်သော အဆင့် ၆၁ ရရှိခဲ့သော်လည်း သစ်တောပြုန်းတီးမှု၊ တရားမဝင် သစ်ခုတ်မှု၊ ဆောက်လုပ်ရေး နှင့် တောရိုင်း တိရစ္ဆာန် သတ်ဖြတ်ခြင်းတို့ကြောင့် ထို ထိန်းသိမ်းရေးဒေသများနှင့် သားကောင်များ ကျက်စားရာမြေတို့မှာ အလွန်အမင်း ပြုန်းတီးလျှက် ရှိပြီး အစိုးရအနေနှင့် စီးပွားရေး လုပ်ဆောင်သည့် နေရာများနှင့် စိုက်ခင်းများကို ထိန်းသိမ်းရေးဒေသများတွင် နေရာချထားမှုကြောင့်လည်း တစိတ်တပိုင်း ပါဝင်သည်။[၉၅][၉၆][၉၇]

ပရေလန်း သစ်တော

ကမ္ဘောဒီးယားနိုင်ငံသည် ကမ္ဘာပေါ်တွင် သစ်တောပြုန်းတီးမှုနှုန်း အမြင့်ဆုံးနိုင်ငံများတွင် တစ်ခု အပါအဝင်ဖြစ်ပြီး နိုင်ငံအတွင်း ပျက်စီးဆုံးရှုံးမှုအများဆုံးသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာ တစ်ခု ဖြစ်သည်။[၉၇] ၁၉၆၉ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၏ အဓိကသစ်တောမှာ ၇၀% ကျော် ဖုံးလွှမ်းနေပြီး ၂၀၀၇ ခုနှစ်တွင် ၃.၁% သာ ကျန်ရှိနေသည်။ စုစုပေါင်းအားဖြင့် ကမ္ဘောဒီးယားနိုင်ငံတွင် ၁၉၉၀ ခုနှစ်နှင့် ၂၀၀၅ ခုနှစ်အတွင်း ၂၅,၀၀၀ km2 (၉,၇၀၀ sq mi) မျှ ရှိသော သစ်တောဧရိယာ ဆုံးရှုံးခဲ့ပြီး ၎င်းတို့ထဲတွင် ၃,၃၄၀ km2 (၁,၂၉၀ sq mi) မှာ ပင်မသစ်တော ဖြစ်သည်။ ၂၀၀၇ ခုနှစ်မှစ၍ အဓိကသစ်တောမှာ ၃,၂၂၀ km2 (၁,၂၄၃ sq mi) အောက်သာ ကျန်ရှိတော့ပြီး ကမ္ဘောဒီးယား၏ အနာဂတ်အတွက် သစ်တောထိန်းသိမ်းရေး ဒေသများအား ဆက်လက်ထိန်းသိမ်းနိုင်မည့် အခြေအနေမှာ အလွန်အမင်း ခြိမ်းခြောက်ခံနေရသည်။[၉၈][၉၉]

၂၀၁၀ မှ ၂၀၁၅ ခုနှစ်အတွင်းတွင် နှစ်စဉ် သစ်တောပြုန်းတီးမှုနှုန်းမှာ ၁.၃ % ဖြစ်သည်။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွင် အမျိုးသားဥယျာဉ်များနှင့် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး နယ်မြေများလည်း အများအပြားပါဝင်ပြီး မျိုးသုဉ်းရန်စိုးရိမ်ရသော တိရစ္ဆာန်နှင့် ဒေသရင်းနေ တိရစ္ဆာန် မျိုးစိတ် အများအပြားမှာ စားကျက်မြေ နည်းပါးလာခြင်းကြောင့် မျိုးသုဉ်းရမည့် အခြေအနေဖြင့် ခြိမ်းခြောက်ခံနေရသည်။ ကမ္ဘောဒီးယားရှိ သစ်တောပြုန်းတီးရခြင်းအတွက် အကြောင်းအရင်း များစွာ ရှိပြီး ၎င်းတို့ထဲတွင် တရားမဝင် သစ်ခုတ်ခြင်း မှစ၍ ဆောက်လုပ်ရေးစီမံကိန်းများနှင့် စိုက်ပျိုးမွေးမြူရေး ပြုလုပ်ရန်အတွက် ကြီးမားစွာ ရှင်းလင်းမှုများကြောင့် ဖြစ်သည်။ တကမ္ဘာလုံး ရင်ဆိုင်နေရသည့် ပြဿနာ ဖြစ်သော မြေရှင်းလင်းခြင်းမှာ ကမ္ဘောဒီးယားတွင် နေရာအနှံ့အပြား ဖြစ်ပွားလျှက် ရှိသည်။ သစ်တောပြုန်းတီးရခြင်းတွင် ဒေသခံပြည်သူများ၊ ကမ္ဘောဒီးယားရှိ စီးပွားရေး လုပ်ငန်းများနှင့် အစိုးရအာဏာပိုင်များ အပြင် တကမ္ဘာလုံးမှ နိုင်ငံတကာ ကော်ပိုရေးရှင်းများလည်း ပါဝင်ပတ်သက်နေသည်။[၁၀၀][၁၀၁]

မဟာမဲခေါင်ဒေသတွင် အထူးသဖြင့် လာအိုနိုင်ငံ၏ ရေအားလျှပ်စစ်ထုတ်လုပ်ရေး တည်ဆောက်မှုလုပ်ငန်းများကြောင့် ဗီယက်နမ်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ အစားအသောက် ရရှိမှုကို အန္တရာယ် အစစ်အမှန် အဖြစ် ခြိမ်းခြောက်လျှက် ရှိသည်။ မြစ်အထက်ပိုင်းမှ ဆည်များ တည်ဆောက်မှုကြောင့် ကမ္ဘောဒီးယား၏ အဓိက ပရိုတိန်းအတွက် ပံ့ပိုးပေးနေသော ငါးများကို အန္တရာယ် ဖြစ်စေပြီး ဗီယက်နမ်နိုင်ငံမှ ဆန်စပါးစိုက်ပျိုးရေးအတွက် လိုအပ်သော မဲခေါင်မြစ်မှ နုန်းမြေကိုလည်း လျော့ကျစေသည်။ အရှေ့တောင်အာရှတွင် အကြီးဆုံးဖြစ်သော ရေချိုကန်ဖြစ်သည့် တုန်နယ်ဆပ်မှ ကြွယ်ဝသော ငါးမျိုးစုံတို့သည် ချို့တဲ့သော နိုင်ငံ၏ ပရိုတိန်းကို အများစု ပံ့ပိုးပေးသည်။ ထိုကန်များသည် ပုံမှန် မဟုတ်ပေ။ ခြောက်သွေ့သော ရာသီဥတုတွင် ပျောက်ကွယ်သွားပြီး မိုးရွာ၍ မဲခေါင်မြစ်မှ ရေစီးသည့်အခါတွင် ကျယ်ပြန့်စွာ ချဲ့ကားသွားခဲ့သည်။ ဝါရှင်တန် တက္ကသိုလ်မှ ပါမောက္ခဖြစ်သော ဂေါ်ဒွန် ဟို့ဂရိ မှ "ဒီငါးတွေဟာ သူတို့အသက်ရှင်သန်ရေးအတွက် အရမ်းအရေးကြီးတယ်။ စီးပွားရေးဘက်ကပဲ ကြည့်ကြည့်။ အာဟာရဘက်ကပဲ ကြည့်ကြည့်။" ဟု ပြောပြီး မဲခေါင်မြစ်ပေါ်တွင် တည်ဆောက်ခဲ့သော သို့မဟုတ် တည်ဆောက်နေသည့် မည်သည့်ဆည်မဆို ငါးများအတွက် ကောင်းသောအလားအလာ မဟုတ် ဟု သူက ဆိုခဲ့သည်။[၁၀၂]

၂၀၁၀ ခုနှစ်များတွင် ကမ္ဘောဒီးယားအစိုးရ နှင့် ပညာရေးစနစ်တို့သည် နိုင်ငံအတွင်းနှင့် နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့များတွင် ပါဝင်ပတ်သက်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို တိုးမြှင့်ခဲ့သည်။[၁၀၃][၁၀၄][၁၀၅] ကမ္ဘောဒီးယား၏ နိုင်ငံတော် သဘာဝပတ်ဝန်းကျင် မဟာဗျူဟာနှင့် လုပ်ဆောင်ချက် အစီအစဉ် အသစ်ကို ၂၀၁၆ ခုနှစ် နှောင်းပိုင်းမှ ၂၀၂၃ အထိ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး ထိုအစီအစဉ်တွင် စိမ်းလန်းစိုပြေရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စဉ်ဆက်မပြတ် တိုးတက်နိုင်ခြင်း အတွက် အိုင်ဒီယာအသစ်များ ပါဝင်သည်။[၁၀၆]

ဗီယက်နမ်စစ်ပွဲအတွင်း ကမ္ဘောဒီးယားနိုင်ငံအတွင်း ကျရောက်ခဲ့သည့် မြေမြှုပ်မိုင်းများနှင့် ဓာတုလက်နက်များ အပါအဝင် မပေါက်ကွဲသေးသည့် လက်နက်ခဲယမ်းများကို ကူညီရှင်းလင်းရန်အတွက် ရန်ပုံငွေကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် အမေရိကန်ပြည်ထောင်စုမှ ဖြတ်တောက်ခဲ့သည်။[၁၀၇]

နိုင်ငံရေး[ပြင်ဆင်ရန်]

အစိုးရ[ပြင်ဆင်ရန်]

ကမ္ဘောဒီးယားဘုရင် နိုရိုဒွန် သီဟာမိုနီ

ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံရေးသည် ၁၉၉၃ ခုနှစ် နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အတိုင်း သက်ဝင်လှုပ်ရှားနေသည်။ အစိုးရမှာ စည်းမျဉ်းခံဘုရင်စနစ် ဖြစ်ပြီး ပါလီမန် ကိုယ်စားပြုဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်။ အစိုးရအဖွဲ့၏ အကြီးအမှူးမှာ ဝန်ကြီးချုပ်ဖြစ်ပြီး ဟွန်ဆန်မှ ၁၉၈၅ ခုနှစ်ကတည်းက ဝန်ကြီးချုပ် အဖြစ် တာဝန်ယူထားပြီး နိုင်ငံတော်၏ အကြီးအမှူးမှာ ဘုရင်ဖြစ်ကာ လက်ရှိဘုရင်မှာ နိုရိုဒွန် သီဟာမိုနီ ဖြစ်သည်။ သမ္မတအား ဘုရင်မှ ခန့်အပ်ပြီး အမျိုးသား လွှတ်တော်၏ အကြံပေးမှု နှင့် ထောက်ခံမှုဖြင့် ဖြစ်သည်။ ဝန်ကြီးချုပ်နှင့် ဝန်ကြီးအဖြစ် ခန့်အပ်ခံရသူများသည် အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးကြသည်။

ဥပဒေပြုရေးအာဏာကို အစိုးရအဖွဲ့နှင့် လွှတ်တော်နှစ်ရပ်မှ ဝေမျှကျင့်သုံးကြပြီး လွှတ်တော်နှစ်ရပ်တွင် အောက်လွှတ်တော်ဖြစ်သော အမျိုးသား လွှတ်တော် နှင့် အထက်လွှတ်တော်ဖြစ်သော ဆီးနိတ်လွှတ်တော်တို့ ပါဝင်သည်။ ကိုယ်စားလှယ် ၁၂၃ ဦး ပါဝင်သော လွှတ်တော်ကို အချိုးကျ ကိုယ်စားပြုစနစ် ဖြင့် ရွေးချယ်ကြပြီး အများဆုံး သက်တမ်းမှာ ၅ နှစ် ဖြ်စသည်။ ဆီးနိတ်လွှတ်တော်တွင် ကိုယ်စားလှယ် ၆၁ ဦး ပါဝင်ပြီး ၂ ဦးကို ဘုရင်မှ ခန့်အပ်ကာ ၂ ဦးကို အမျိုးသား လွှတ်တော်မှ ခန့်အပ်ပြီး ကျန်ကိုယ်စားလှယ်များကို ကမ္ဘောဒီးယားရှိ ပြည်နယ် ၂၄ခုရှိ မြို့နယ် ကောင်ဆယ်လာများမှ ရွေးချယ်ကြသည်။ ဆီးနိတ်လွှတ်တော်အမတ်၏ သက်တမ်းမှာ ၆ နှစ် ဖြစ်သည်။[၁၀၈]

၂၀၀၄ ခုနှစ် အောက်တိုဘာ ၁၄ တွင် နိုရိုဒွန် သီဟာမိုနီအား အထူးအဖွဲ့ဝင် ၉ ဦး ပါဝင်သော တော်ဝင်နန်းအပ်ကောင်စီမှ ရွေးချယ်ခဲ့ပြီး တစ်ပတ်အကြာက ဘုရင် နိုရိုဒွန် သီဟာနု နန်းစွန့်ခဲ့ပြီးနောက် အလျှင်အမြန် ချမှတ်ခဲ့သော ရွေးချယ်ရေး အစီအစဉ်များဖြင့် ဖြစ်သည်။ သီဟာမိုနီအား ရွေးချယ်ခြင်းကို ဝန်ကြီးချုပ် ဟွန်ဆန် နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မင်းသား နိုရိုဒွန် ရာနာရစ်ဒ် (ဘုရင်၏ အဖေတူ အမေကွဲ ညီ နှင့် လက်ရှိ အကြံပေးချုပ်) တို့က ထောက်ခံခဲ့ကြပြီး ၎င်းတို့နှစ်ဦးစလုံးမှာ နန်းအပ်ကောင်စီ အဖွဲ့ဝင်များ ဖြစ်ကြသည်။ ဘုရင်အား ၂၀၀၄ ခုနှစ် အောက်တိုဘာ ၂၉တွင် နန်းတင်ခဲ့သည်။

တရားဝင်အားဖြင့် ပါတီစုံ ဒီမိုကရေစီ စနစ် ဖြစ်သော်လည်း အမှန်တကယ်တွင် "နိုင်ငံမှာ တစ်ပါတီ စနစ်ဖြစ်ပြီး ကမ္ဘောဒီးယား ပြည်သူ့ပါတီနှင့် ခမာနီ အစိုးရမှ ပြောင်းလဲလာပြီး ၁၉၈၅ ခုနှစ်ကတည်းက အာဏာရခဲ့သော ဟွန်ဆန် တို့မှ သာ ကြီးစိုးလျှက် ရှိသည်။သူ၏ အုပ်ချုပ်မှုအောက်တွင် တံခါးဖွင့်ပေးခဲ့သော ရင်းနှီးမြှုပ်နှံမှုအသစ်များမှာ သူနှင့် သူ၏ မိန်းမ ဘန်းရာနီ တို့၏ နောက်လိုက်ခရိုနီများ အတွက်သာ အကျိုးအမြတ် ရှိသည်။" ဟု ဆိုသည်။[၁၀၉]လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့၏ အာရှ ဒါရိုက်တာ ဒေးဗစ်ရောဘတ်မှ ကမ္ဘောဒီးယား အစိုးရအား "အာဏာရှင် ညွန့်ပေါင်း နှင့် အပေါ်ယံ ဒီမိုကရေစီ" ဟု ဖော်ပြခဲ့သည်။[၁၂]

ဝန်ကြီးချုပ် ဟွန်ဆန်သည် ၇၄ နှစ်အထိ အုပ်ချုပ်မည်ဟု ကြွေးကြော်ထားသည်။ [၁၁၀][၁၁၁] သူသည် ဘက်ပြောင်းလာသော ခမာနီ အဖွဲ့ဝင်ဖြစ်သည်။ သူ၏ အစိုးရအား လူ့အခွင့်အရေးကို လျစ်လျူရှုပြီးနှင့် နိုင်ငံရေးအရ မကျေနပ်မှု ထုတ်ဖော်ခြင်းအား ဖိနှိပ်သည် ဟု အမြဲတစေ စွပ်စွဲခံရသည်။ ၂၀၁၃ ခုနှစ် ရွေးကောက်ပွဲရလာဒ်အား ဟွန်ဆန်၏ အတိုက်အခံတို့နှင့် အငြင်းအခုံ ဖြစ်ခဲ့ပြီး မြို့တော်တွင် ဆန္ဒပြမှုများ ဖြစ်ပွားစေခဲ့သည်။ ဆန္ဒပြသူများသည် ထိခိုက်ဒဏ်ရာ ရရှိ၍ သေဆုံးစေခဲ့ပြီး ထိုစဉ်က ဆန္ဒပြသူ ၂၀,၀၀၀ စုရုံးခဲ့ပြီး အချို့မှာ အဓိကရုဏ်းရဲများနှင့် ပဋိပက္ခ ဖြစ်ပွားခဲ့သည်။ [၁၁၂]သာမန် လယ်သမားဘဝမှ လာခဲ့သော ဟွန်ဆန်သည် ၁၉၈၅ ခုနှစ် အာဏာရရှိချိန်တွင် အသက် ၃၃ နှစ်သာ ရှိပြီး သူ့အား အချို့မှ နှစ်ရှည်ကြာ အုပ်ချုပ်သူ အာဏာရှင်ဟု ယူဆကြသည်။[၁၁၃]

၂၀၁၇ ခုနှစ်မှစ၍ နိုင်ငံရေးအရ ဆန့်ကျင်မှုများနှင့် သတင်းစာ လွတ်လပ်ခွင့်ကို ဖိနှိပ်ခဲ့သဖြင့် ကမ္ဘောဒီးယားအား တစ်ပါတီနိုင်ငံအဖြစ် ဖော်ပြခဲ့ကြသည်။[၁၁၄][၁၁၅][၁၁၆]

နိုင်ငံတော်၏ အကြီးအမှူး
အစိုးရ၏ အကြီးအမှူး
ပါလီမန်
တရားလွှတ်တော်ချုပ်

နိုင်ငံရေးယဉ်ကျေးမှု[ပြင်ဆင်ရန်]

Portrait
ဟွန်ဆန်သည် ၁၉၈၅ မှစ၍ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည်။

ကမ္ဘောဒီးယားပြည်သူ့ပါတီသည် ကမ္ဘောဒီးယားတွင် တစ်ခုတည်းသော လက်ဝါးကြီးအုပ်ပါတီဖြစ်သည်။ ၂၀၁၈ ခုနှစ်မှစ၍ စီပီပီသည် ပါလီမန်တွင် ကိုယ်စားလှယ်နေရာ ၄ ခုမှလွဲ၍ ကျန်သော နေရာများကို ရယူထားကာ အမျိုးသားလွှတ်တော်ရှိ ကိုယ်စားလှယ်နေရာ အားလုံးသော ၁၂၅ ခု နှင့် ဆီးနိတ်လွှတ်တော်ရှိ ကိုယ်စားလှယ်နေရာ ၆၂ ခုမှ ၅၈ခုကို ရယူထားသည်။

ကမ္ဘောဒီးယား ဆဌမမြောက် လွှတ်တော်၏ ကိုယ်စားလှယ်များ

ဟွန်ဆန်နှင့် သူ၏ အစိုးရသည် အငြင်းပွားမှုများစွာ ရှိသော အစိုးရ ဖြစ်သည်။ ဟွန်ဆန်သည် ယခင်က ခမာနီတို့၏ စစ်ဆင်ရေးမှူး ဖြစ်ပြီး မူလက ဗီယက်နမ်တို့ အာဏာပေးအပ်ခဲ့သူ ဖြစ်ကာ ဗီယက်နမ်တို့ နိုင်ငံမှ ထွက်ခွာသွားသည့် အခါတွင် သူသည် ကြမ်းတမ်းမှုနှင့် ဖိနှိပ်မှုတို့ကို လိုသလိုအသုံးချ၍ သူ၏ အာဏာ ကို ထိန်းချုပ်ခဲ့သည်။[၁၁၇]၁၉၉၇ ခုနှစ်တွင် သူ၏ လက်ထောက် ဝန်ကြီးချုပ်ဖြစ်သော နိုရိုဒွန် ရာနာရစ်ဒ်၏ အာဏာကြီးထွားလာမှုကို စိုးရိမ်၍ သူသည် စစ်တပ်ကို အသုံးပြု၍ အာဏာသိမ်းခဲ့ပြီး ရာနာရစ်ဒ်နှင့် ၎င်းအား ထောက်ခံသူများကို ဖယ်ရှားခဲ့သည်။ ရာနာရစ်ဒ်သည် ရာထူးပြုတ်၍ ပဲရစ်သို့ ထွက်ပြေးခဲ့ရပြီး အခြားသော ဟွန်ဆန်၏ ပြိုင်ဘက်များမှာ အဖမ်းခံရကာ ညှင်းပန်းနှိပ်စက်ခံရပြီး အချို့မှာ ကွပ်မျက်ခံခဲ့ရသည်။[၁၁၇][၁၁၈]

နိုင်ငံရေးအရ ဖိနှိပ်မှုအပြင် ကမ္ဘောဒီးယားအစိုးရသည် ရွာသားထောင်ပေါင်းများစွာကို နှင်ထုတ်ကာ မြေများကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသို့ ရောင်းချခဲ့ခြင်းကြောင့် လည်းကောင်း၊[၁၁၉] လာဘ်ငွေရယူကာ ကမ္ဘောဒီးယား၏ ရေနံနှင့် သတ္တုရင်းမြစ်များကို ခေါင်းပုံဖြတ်ရယူစေခွင့် ပြုခဲ့ခြင်းကြောင့် လည်းကောင်း [၁၂၀]အကျင့်ပျက်ခြစားသည်ဟုလည်း စွပ်စွဲခံရသည်။ ကမ္ဘောဒီးယားသည် ကမ္ဘာပေါ်တွင် ခြအစားဆုံး အစိုးရအဖြစ် အမြဲတစေ စာရင်းသွင်း ဖော်ပြခြင်း ခံရသည်။[၁၂၁][၁၂၂][၁၂၃]အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာရေး အဖွဲ့ မှ ကမ္ဘောဒီးယားမှ အသက် ၃၃ နှစ်အရွယ်ရှိ မြေယာအခွင့်အရေး လှုပ်ရှားသူ ယောင် ဘိုဖ အား ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူ အဖြစ် အသိအမှတ်ပြုထားသည်။[၁၂၄]

၂၀၁၃ ခုနှစ် စက်တင်ဘာ ၂၂ ရက် ဖနွမ်းပင်တွင် အငြင်းပွားနေသော ရွေးကောက်ပွဲရလာဒ်ကို ဆန္ဒပြနေခြင်းအား သတင်းယူနေသော သတင်းသမားများအား ရဲများနှင့် အရပ်ဝတ်များက လေးဂွများ နှင့် ကျင်စက်များဖြင့် တမင်သက်သက် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ နိုင်ငံတကာ သတင်းထောက်ကလပ်၏ ဥက္ကဋ္ဌ ရစ်ခ် ဗယ်လန်ဇူးလားအား တိုက်ခိုက်နေခြင်းကို ဗွီဒီယို မှတ်တမ်းအဖြစ် တွေ့ရသည်။ အတိုက်အခံတို့မှ ရွေးကောက်ပွဲမသမာမှုများနှင့် ပတ်သက်၍ စိုးရိမ်သဖြင့် ပါလီမန်ဖွင့်လှစ်ခြင်းကို သပိတ်မှောက်ခဲ့ကြသဖြင့် နိုင်ငံရေးအရ တင်းမာမှု ဖြစ်ပွားပြီး အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်။ အနည်းဆုံး သတင်းထောက် ၇ ယောက်တို့သည် ဒဏ်ရာ အနည်းငယ် ရခဲ့ပြီး ကမ္ဘောဒီးယား ဆန္ဒပြသူ အနည်းဆုံး ၂ ဦးမှာ လေးခွထိမှန်ခံခဲ့ရသဖြင့် ဆေးရုံတက်ရောက် ကုသခဲ့ရသည်။[၁၂၅]

၂၀၁၇ ခုနှစ်တွင် ကမ္ဘောဒီးယား တရားလွှတ်တော်ချုပ်မှ အဓိက အတိုက်အခံ ပါတီဖြစ်သော ကမ္ဘောဒီးယားအမျိုးသားကယ်ဆယ်ရေးပါတီ (စီအင်န်အာရ်ပီ) ကို ဖျက်သိမ်းခဲ့သဖြင့် ပိုမို၍ အာဏာရှင်ဆန်သော နိုင်ငံရေးစနစ်ကို ပြန်လည် အသက်ဝင်ရန် လမ်းခင်းပေးခဲ့သည်။[၁၂၆]

အကျင့်ပျက် ခြစားမှု[ပြင်ဆင်ရန်]

ကမ္ဘောဒီးယားရှိ အကျင့်ပျက်ခြစားမှု အဆင့်သည် ကမ္ဘာပေါ်ရှိ နိုင်ငံအများစုထက် ပို၍မြင့်သည်။ ၂၀၁၀ ခုနှစ်တွင် "ခြစားမှု တိုက်ဖျက်ရေးဥပဒေ" ကို ပြဌာန်းခဲ့သော်လည်း နိုင်ငံတဝှမ်းလုံးတွင် အကျင့်ပျက်ခြစားမှုများ ရှိနေသည်။ ခြစားမှုသည် တရားစီရင်ရေး၊ ရဲ နှင့် အခြားသော နိုင်ငံတော်ဆိုင်ရာ အဖွဲ့အစည်းများကို သက်ရောက်စေသည်။ အစိုးရ အရာရှိများ အနေနှင့် နီးစပ်သူကို ဦးစားပေးခြင်း နှင့် အပြစ်ရှိသူကို လျစ်လျူရှု ပေးခြင်းတို့ကို နေရာတကာ တွေ့ရသည်။ တရားစီရင်ရေး နှင့် အစိုးရ၏ အုပ်ချုပ်ရေး ဌာနတို့ကြားတွင် ရှင်းလင်းသော ကွဲပြားခြားနားမှုမရှိခြင်းကြောင့် တရားစီရင်ရေးစနစ်တွင် နိုင်ငံရေးအရ လွှမ်းမိုးမှုများစွာ ရှိသည်။[၁၂၇]

ကမ္ဘောဒီးယားပြည်သူတို့၏ နေ့စဉ်ဘဝတွင် လာဘ်စားမှုများကို ကြုံတွေ့နေရသည်မှာ ကျန်းမာရေး စောင့်ရှောက်မှု ရယူခြင်း၊ ယာဉ်စည်းကမ်း ချိုးဖောက်ခြင်း နှင့် လျှော့ပေါ့သော တရားစီရင်ချက် ရရှိစေရေး တို့အတွက် ဖြစ်သည်။ကုမ္ပဏီများ အနေနှင့် လိုင်စင်များနှင့် ပါမစ်များ ရယူရန် အထူးသဖြင့် ဆောက်လုပ်ရေးနှင့် ပတ်သက်သော ပါမစ်များအတွက် လာဘ်ပေးလာဘ်ယူ ပြုလုပ်ခြင်းမှာ အမြဲတွေ့နေရသော အလေ့အထ ဖြစ်သည်။ ၂၀၁၀ ခုနှစ် ခြစားမှု တိုက်ဖျက်ရေး ဥပဒေတွင် သတင်းပေးသူများအား ကာကွယ်ပေးမှု မရှိပဲ သူတို့ သတင်းပေးသည့် ခြစားမှုကို သက်သေမပြနိုင်ပါက ထောင်ခြောက်လအထိ အပြစ်ပေးခြင်း ခံရနိုင်သည်။[၁၂၇]

နိုင်ငံခြား ဆက်ဆံရေး[ပြင်ဆင်ရန်]

ဝန်ကြီးချုပ် ဟွန်ဆန် အား အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ နှင့် အတူ နယူးဒေလီတွင် တွေ့ရပုံ ၊​၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၇ ရက်

ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံခြားဆက်ဆံရေးကို ပရက် ဆိုခွန် ဦးဆောင်သော နိုင်ငံခြားရေး ဝန်ကြီးဌာနက ကိုင်တွယ်သည်။ ကမ္ဘောဒီးယားသည် ကုလသမဂ္ဂ၊ ကမ္ဘာ့ဘဏ်အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့တို့၏ အဖွဲ့ဝင် ဖြစ်သည်။ ထို့ပြင် အာရှ ဖွံ့ဖြိုးတိုးတက်ရေးဘဏ် ၊​အာဆီယံ​တို့၏ အဖွဲ့ဝင်လည်း ဖြစ်ပြီး ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ သို့ ၂၀၀၄ ခုနှစ်တွင် ဝင်ရောက်ခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ကမ္ဘောဒီးယားသည် မလေးရှားနိုင်ငံတွင် ကျင်းပသော အရှေ့အာရှထိပ်သီးညီလာခံ သို့ ပထမဆုံးအကြိမ် အဖြစ် တက်ရောက်ခဲ့သည်။

ကမ္ဘောဒီးယားသည် နိုင်ငံပေါင်း များစွာနှင့် သံတမန် ဆက်ဆံရေး ရှိပြီး အစိုးရ၏ ထုတ်ပြန်ချက်အရ နိုင်ငံအတွင်း သံရုံး ၂၀ ရှိပြီး[၁၂၈] အာရှတိုက်ရှိ အိမ်နီးချင်းနိုင်ငံများ အပါအဝင် ပဲရစ်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် အဓိက ပါဝင်လှုပ်ရှားခဲ့သော နိုင်ငံများဖြစ်သည့် အမေရိကန်၊ ဩစတြေးလျ၊ တရုတ် နှင့် ဥရောပသမဂ္ဂ၊ ဂျပန် နှင့် ရုရှားတို့လည်း ပါဝင်သည်။[၁၂၉]နိုင်ငံတကာ ဆက်ဆံရေးကြောင့် အလှူရှင်အဖွဲ့အစည်းများမှ လူမှုရေး၊​စီးပွားရေး နှင့် မြို့ပြလူမှုအဆောက်အအုံများအတွက် လိုအပ်သည်များကို အကူအညီပေးခဲ့ကြသည်။

ဝန်ကြီးချုပ် ဟွန်ဆန်အား ရုရှားသမတ ဗလာဒီမီယာ ပူတင်နှင့် အတူ မော်စကိုတွင် တွေ့ရပုံ ၊​၂၀၁၆ မေ ၁၉

၁၉၇၀ ခုနှစ်များနှင့် ၁၉၈၀ ခုနှစ်များမှ ပြင်းထန်ကြမ်းတမ်းသော အကွဲအပြဲများကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သော်လည်း ကမ္ဘောဒီးယားနှင့် အိမ်နီးချင်းနိုင်ငံများ အကြား နယ်စပ် အငြင်းပွားမှု အချို့ ရှိနေဆဲ ဖြစ်သည်။ ထိုအရာများမှာ ကမ်းလွန်ပင်လယ်အတွင်းရှိ ကျွန်းအချို့၊ ဗီယက်နမ် နှင့် နယ်နိမိတ်၏ အချို့အစိတ်အပိုင်းများ နှင့် သတ်မှတ်မထားသော ပင်လယ်နယ်နိမိတ် တို့ ဖြစ်ကြသည်။ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အနေနှင့် နယ်နိမိတ် အငြင်းပွားမှုများ ရှိပြီး အထူးသဖြင့် ပရီးယား ဗီဟီးယား ပုထိုးနှင့် ကပ်လျှက် နေရာတွင် စစ်တပ်အချင်းချင်း ပဋိပက္ခ ဖြစ်ပွားပြီး ဆက်ဆံရေး ပျက်ယွင်းခဲ့သည်။ ကမ္ဘောဒီးယား အနေနှင့် နယ်မြေအများစုကို ပိုင်ဆိုင်သည် ဖြစ်သော်လည်း ထိုင်းနိုင်ငံမှ နိုင်ငံတကာဥပဒေများကို မလိုက်နာပဲ ကမ္ဘောဒီးယား စစ်တပ်မှ အရင်းအမြစ် အလုံအလောက် မရှိသဖြင့် ၁၉၆၂ ခုနှစ်ကတည်းက မဖြေရှင်းနိုင်ပဲ ထားခဲ့သော နေရာများတွင် အခိုင်အမာတည်ဆောက်မှုများ ပြုလုပ်ကြသည်။ [၁၃၀][၁၃၁]

ကမ္ဘောဒီးယားနှင့် တရုတ်တို့သည် ၂၀၁၀ ခုနှစ်များတွင် ဆက်ဆံရေး တည်ဆောက်ခဲ့ကြသည်။ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ နောက်ခံပေးထားသော တရုတ်ကုမ္ပဏီတစ်ခုသည် ကမ္ဘောဒီးယားနိုင်ငံ ကိုကောင်းပြည်နယ်ရှိ ထိုင်းပင်လယ်ကွေ့ ကမ်းရိုးတန်း၌ ၉၀ km (၅၆ mi) ရှည်လျားသော နေရာတွင် ရေနက်ဆိပ်ကမ်းတစ်ခု တည်ဆောက်လျှက် ရှိသည်။ ထိုဆိပ်ကမ်းသည် အပျော်စီးသင်္ဘောများ၊ ဝမ်းပုံလောင်းသင်္ဘောများ နှင့် စစ်သင်္ဘောများ ကပ်ရောက်နိုင်သည် အထိ ရေစူးနက်သည်။ ကမ္ဘောဒီးယား၏ သံတမန် ရေးအရ ထောက်ခံမှုသည် တရုတ်တို့၏ တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားနေသည့် နေရာများအား ရယူရန်ကြိုးပမ်းမှုကို အထောက်အကူပေးသည်။ ကမ္ဘောဒီးယားသည် အာဆီယံ အဖွဲ့ဝင် နိုင်ငံဖြစ်ပြီး အာဆီယံ၏ စည်းမျဉ်းအရ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံက ကန့်ကွက်ပါက အဖွဲ့တစ်ခုလုံး အနေဖြင့် ဦးဆောင်လှုပ်ရှားမှုကို ရပ်တန့်စေနိုင်သည်။ ကမ္ဘောဒီးယားသည် အမေရိကန်ပြည်ထောင်စုနှင့် နီးကပ်သော ဆက်ဆံရေးရှိသည့် အရှေ့တောင်အာရှနိုင်ငံများ အတွက် တရုတ်တို့အတွက် ချိန်ညှိပေးမည့် အလေးတုံး တစ်ခု ဖြစ်သည်။ [၁၃၂]

စစ်ရေး[ပြင်ဆင်ရန်]

ကမ္ဘောဒီးယား တော်ဝင်ကြည်းတပ်မှ အရာရှိများ ချီတက်လာပုံ

တော်ဝင် ကမ္ဘောဒီးယားကြည်းတပ်၊ တော်ဝင်ကမ္ဘောဒီးယား ရေတပ် နှင့် တော်ဝင် ကမ္ဘောဒီးယား လေတပ်၊ တော်ဝင်တပ်ရဲ တို့ကို အားလုံးစုပေါင်း၍ ကမ္ဘောဒီးယား တော်ဝင်တပ်မတော် ဟု ခေါ်ဆိုကြပြီး နိုင်ငံတော် ကာကွယ်ရေး ဝန်ကြီးဌာ၏ အမိန့်ပေးထိန်းချုပ်မှုအောက်တွင် ရှိကာ ၎င်းတို့၏ အထက်တွင် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ရှိသည်။ ဘုရင်မင်းမြတ် နိုရိုဒွန် သီဟာမိုနီမှ ကမ္ဘောဒီးယား တော်ဝင် တပ်မတော်၏ စစ်သေနာပတိချုပ် ဖြစ်သည်။ ဝန်ကြီးချုပ် ဟွန်ဆန်မှာမူ အရေးပါသော ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို ထိရောက်စွာ ရယူထားသည်။

၂၀၀၀ ခုနှစ်များ အစောပိုင်းတွင် ပြင်ဆင်ထားသော ဖွဲ့စည်းပုံကို စတင်မိတ်ဆက်ခြင်းသည် ကမ္ဘောဒီးယားစစ်တပ်ကို ပြန်လည်ဖွဲ့စည်းခြင်း၏ အစ ဖြစ်သည်။ ထိုမှတဆင့် ကာကွယ်ရေးဝန်ကြီးဌာနသည် လက်အောက်ခံ အထွေထွေ ရုံး ၃ခုဖြစ်သော ထောက်ပံ့ပို့ဆောင်ရေးနှင့် ဘဏ္ဍာရေး၊ စစ်လက်နက်ပစ္စည်းနှင့် နည်းပညာဌာန၊ ကာကွယ်ရေးဌာနတို့ကို ဗဟိုဌာနချုပ်၏ လက်အောက်တွင် ဖွဲ့စည်းခဲ့သည်။

နိုင်ငံတော် ကာကွယ်ရေးဝန်ကြီးဌာန၏ ဝန်ကြီးမှာ ဗိုလ်ချုပ်ကြီး တီးဘန် ဖြစ်သည်။ သူသည် ကာကွယ်ရေးဝန်ကြီးအဖြစ် ၁၉၇၉ မှ စတင် တာဝန်ထမ်းဆောင်ခဲ့သည်။ ကာကွယ်ရေး ဒု-ဝန်ကြီးများမှာ ချေဆိုင်ယွန် နှင့် ပေါ်ဘန်ဆရူး တို့ ဖြစ်ကြသည်။

၂၀၁၀ ခုနှစ်တွင် ကမ္ဘောဒီးယား တော်ဝင်တပ်မတော်၌ အမြဲတမ်းအင်အား ၁၀၂,၀၀၀ ဦး (အရန်အင်အား ၂၀၀,၀၀၀ ဦး) ရှိသည်။ ကမ္ဘောဒီးယား၏ စစ်ရေးအသုံးစရိတ်မှာ နိုင်ငံတော် စုစုပေါင်းပြည်တွင်းထုတ်ကုန်၏ ၃% ရှိသည်။ ကမ္ဘောဒီးယား တော်ဝင်တပ်ရဲတွင် တပ်သား ၇,၀၀၀ ရှိသည်။ ၎င်း၏ တာဝန်များတွင် လုံခြုံရေးနှင့် ပြည်သူတို့ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ရန်၊ စနစ်တကျ စီစဉ်လုပ်ဆောင်သော ရာဇဝတ်မှုကြီးများ ၊ အကြမ်းဖက်မှုများနှင့် အခြားကြမ်းတမ်းသော အဖွဲ့အစည်းများကို ကို စုံစမ်းဖော်ထုတ်ရန်နှင့် တားဆီးရန်၊ နိုင်ငံတော်နှင့် အများပြည်သူတို့၏ အိုးအိမ်များကို ကာကွယ်ရန်၊ အရေးပေါ်အခြေအနေများ ၊ သဘာဝဘေးအန္တရာယ်များ၊ ပြည်တွင်းရေး မတည်ငြိမ်မှုများနှင့် လက်နက်ကိုင်တိုက်ပွဲများတွင် ပြည်သူများနှင့် အခြား အရေးပေါ်အဖွဲ့များကို အကူအညီပေးရန် တို့ ဖြစ်သည်။

ဟွန်ဆန်သည် ကမ္ဘောဒီးယားနိုင်ငံအတွင်း အလွန်အားကောင်းသော ဩဇာအာဏာကို တည်ဆောက်ထားပြီး နိုင်ငံ၏ ပုံမှန်စစ်တပ်များနှင့် အပြိုင်နီးပါး စွမ်းရည်ရှိသော ခါးပိုက်ဆောင်တပ်လည်း ပါဝင်ကာ နိုင်ငံရေးအရ ပြိုင်ဘက်များကို ဖိနှိပ်ရန် အသုံးပြုသည်ဟု စွပ်စွဲခြင်း ခံရသည်။[၁၃၃] ကမ္ဘောဒီးယားသည် ကုလသမဂ္ဂ၏ အဏုမြူတားဆီးရေး စာချုပ်အား ပါဝင်လက်မှတ်ရေးထိုးထားသည်။[၁၃၄]

ဥပဒေဝန်ထမ်း[ပြင်ဆင်ရန်]

ကမ္ဘောဒီးယား၏ ဥပဒေရေးရာ ဝန်ဆောင်မှုများကို ၁၉၃၂ ခုနှစ်တွင် စတင်ခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် ခမာနီအစိုးရကြောင့် ဥပဒေစနစ် တစ်ခုလုံးကို ဖျက်သိမ်းခဲ့ပြီး တရားသူကြီးများနှင့် ရှေ့နေများအားလုံးမှာ ဓနရှင်ရန်သူ များအဖြစ် စွပ်စွဲခံရပြီး ကွပ်မျက်ခံခဲ့ရသည်။ ဥပဒေဝန်ထမ်း ၆ ဦးမှ ၁၂ ဦး အထိသာ နိုင်ငံအတွင်း အသက်ရှင် ကျန်ရှိခဲ့သည်။[၁၃၅] ၁၉၉၅ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံ ဘား အဖွဲ့အား တည်ထောင်သည့် အချိန်အထိ ရှေ့နေ့ မရှိခဲ့ပေ။[၁၃၆][၁၃၇]

လူ့အခွင့်အရေး[ပြင်ဆင်ရန်]

ကမ္ဘောဒီးယား၏ ဒုတိယ အတိုက်အခံခေါင်းဆောင် ကမ်ဆိုခ (ဝဲ)အား ၂၀၁၇ စက်တင်ဘာတွင် ဖမ်းဆီးခဲ့ပြီး အတိုက်အခံ ခေါင်းဆောင် ဆမ်ရိန်းဆီးမှာ ၂၀၁၅ နိုဝင်ဘာလ ကတည်းက ပြည်ပတွင် နေထိုင်ခဲ့ရသည်။

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အစီရင်ခံစာအရ ဟွန်ဆန်၏ လက်အောက်ရှိ တပ်များးနှင့် ကမ္ဘောဒီးယားပြည်သူ့ပါတီတို့သည် ကြီးကျယ်ပြီး မကြာခဏဖြစ်သော မတရားမှုများကို ကျူးလွန်ကြပြီး ၎င်းတို့တွင် ဥပဒေမဲ့ သတ်ဖြတ်ခြင်း၊ ညှဉ်းဆဲခြင်းတို့ ပါဝင်ကာ ထိုအတွက် နောက်ဆက်တွဲ အရေးယူမှုများ မရှိဟု ဖော်ပြခဲ့သည်။[၁၃၈] ၂၀၁၆ ခု ကမ္ဘာ့ကျွန်ပြုမှုညွှန်းကိန်း အရ ယနေ့ခေတ် ကမ္ဘောဒီးယားတွင် ခန့်မှန်းခြေ လူဦးရေ ၂၅၆,၈၀၀ ဦးမျှ ကျွန်ပြုခံနေရပြီး လူဦးရေ စုစုပေါငး်၏ ၁.၆၅ ရာခိုင်နှုန်းမျှ ဖြစ်သည်။[၁၃၉]

အစိုးရဝန်ထမ်း ရာထူးကြီးသူများ၊ စစ်တပ်များနှင့် အစိုးရနှင့် ဆက်နွယ်နေသော စီးပွားရေးသမားများမှ မြေမတရားသိမ်းယူခြင်းမှာ ကမ္ဘောဒီးယားတွင် အမြဲတွေ့ရလေ့ရှိသည့် ကိစ္စတစ်ခု ဖြစ်သည်။[၁၄၀] ဆယ်စုနှစ်တစ်ခုအတွင်း သိန်းပေါင်းများစွာသော ကမ္ဘောဒီးယားပြည်သူများထံမှ မြေယာများကို သိမ်းယူခြင်း ခံခဲ့ရပြီး ကိုယ်ကျိုးစီးပွားအတွက် နှင့် အမျိုးမျိုးသော အဖွဲ့အစည်းများ၏ အကျိုးစီးပွားအတွက် ဩဇာအာဏာတည်ဆောက်ရန် အစရှိသည်တို့အတွက် ဖြစ်သည်။[၁၄၁] ယုံကြည်စိတ်ချရသော အစိုးရဆိုင်ရာ အဖွဲ့အစည်းများ၏ ခန့်မှန်းချက်အရ လူဦးရေ ၇၇၀,၀၀၀ တို့သည် အနည်းဆုံး ဟက်တာ ၄ သန်း ( ဧက ၁၀ သန်း) မျှသော မြေသိမ်းမှုကြောင့် နစ်နာဆုံးရှုံးခဲ့ရသည်ဟု ပဲရစ်တွင် အခြေစိုက်သော နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်း (IFDH) က ပြောကြားခဲ့သည်။[၁၄၂]

၂၀၁၈ ခုနှစ် မတ်လ ၁၄ ရက်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူမှ "ကမ္ဘောဒီးယားတွင် ဇူလိုင်လ ရွေးကောက်ပွဲမတိုင်မီ မီဒီယာများ၊ လွတ်လပ်စွာ ပြောဆိုခွင့်များနှင့် နိုင်ငံရေးအရ ပါဝင်မှုများကို ကန့်သတ်ခြင်းကြောင့် လွန်စွာ စိုးရိမ်ရသည်။" ဟု ထုတ်ဖော်ပြောကြားခဲ့သည်။[၁၄၃]အစိုးရအား ဝေဖန်သူများမှာ ကမ္ဘောဒီးယားတွင် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ပတ်သက်၍ သတင်းမှားများ ထုတ်လွှင့်သည် ဆိုသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခြင်း ခံကြရသည်။[၁၄၄][၁၄၅]

အုပ်ချုပ်ရေးဒေသများ[ပြင်ဆင်ရန်]

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စည်ပင်သာယာနယ်နိမိတ်များနှင့် ပြည်နယ်များသည် ကမ္ဘောဒီးယားနိုင်ငံ၏ ပထမအဆင့် အုပ်ချုပ်ရေးဒေသများ ဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စည်ပင်သာယာနယ်နိမိတ်များ အပါအဝင် ပြည်နယ် ၂၅ ခု အဖြစ် ပိုင်းခြားထားသည်။

စည်ပင်သာယာနယ်နိမိတ်များနှင့် ခရိုင်များသည် ဒုတိယအဆင့် အုပ်ချုပ်ရေးဒေသများ ဖြစ်သည်။ ပြည်နယ်များအား ခရိုင် ၁၅၉ခု နှင့် စည်ပင်သာယာနယ်နိမိတ် ၂၆ ခု အဖြစ် ထပ်မံပိုင်းခြားထားသည်။ ခရိုင်များနှင့် စည်ပင်သာယာနယ်နိမိတ်များကို မြို့နယ်နှင့် ရပ်ကွက်များ အဖြစ် ထပ်မံ ပိုင်းခြားထားသည်။

စဉ် ပြည်နယ် မြို့တော် ဧရိယာ (km2) လူဦးရေ (၂၀၁၉)
ဗန်တေးမိန်ဇယ (Banteay Meanchey) Serei Saophoan and Poipet ၆,၆၇၉ ၈၆၁,၈၈၃
ဗတ္တမ်ဗောင်း (Battambang) ဗတ္တမ်ဗောင်း ၁၁,၇၀၂ ၉၉၇,၁၆၉
ကမ်ပုန်းချမ် (Kampong Cham) ကမ်ပုန်းချမ် ၄,၅၄၉ ၈၉၉,၇၉၁
ကမ်ပုန်းချနန်း (Kampong Chhnang) ကမ်ပုန်းချနန် ၅,၅၂၁ ၅၂၇,၀၂၇
ကမ်ပုန်စပူ (Kampong Speu) Chbar Mon ၇,ဝ၁၇ ၈၇၇,၅၂၃
ကမ်ပုန်ထုမ် (Kampong Thom) Stung Saen ၁၃,၈၁၄ ၆၈၁,၅၄၉
ကမ်ပုတ် (Kampot) ကမ်ပုတ် ၄,၈၇၃ ၅၉၃,၈၂၉
ကဏ္တာလ (Kandal) Ta Khmau ၃,၁၇၉ ၁,၂၀၁,၅၈၁
ကပ် (Kep) ကပ် ၃၃၆ ၄၂,၆၆၅
၁၀ ကော့ကောင်း (Koh Kong) Khemarak Phoumin ၁၀,၀၉၀ ၁၂၅,၉၀၂
၁၁ ကရာကျယ် (Kratié) ကရာကျယ် ၁၁,ဝ၉၄ ၃၇၄,၇၅၅
၁၂ မဏ္ဍလဂီရီ (Mondulkiri) Senmonorom ၁၄,၂၈၈ ၉၂,၂၁၃
၁၃ ဥတ္တရမိန်ဇယ (Oddar Meanchey) Samraong ၆,၁၅၈ ၂၇၆,၀၃၈
၁၄ ပိုင်လင် (Pailin) ပိုင်လင် ၈၀၃ ၇၅,၁၁၂
၁၅ ဖနွမ်းပင် (Phnom Penh) Doun Penh ၆၇၉ ၂,၂၈၁,၉၅၁
၁၆ ဖရဲသီဟနု (Preah Sihanouk) ဖရဲသီဟနု ၁,၉၃၈ ၃၁၀,၀၇၂
၁၇ ဖရဲဝိဟာရ (Preah Vihear) Tbaeng Meanchey ၁၃,၇၈၈ ၂၅၄,၈၂၇
၁၈ ဗောဓိစတ် (Pursat) ဗောဓိစတ် ၁၂,၆၉၂ ၄၁၉,၉၅၂
၁၉ ပရေဗင် (Prey Veng) ပရေဗင် ၄,၈၈၃ ၁,၀၅၇,၇၂၀
၂၀ ရတနဂီရီ (Ratanakiri) Banlung ၁၀,၇၈၂ ၂၁၇,၄၅၃
၂၁ စီရမ်ရိ (Siem Reap) စီရမ်ရိ ၁၀,၂၉၉ ၁,ဝ၁၄,၂၃၄
၂၂ စီတောင်တရင်း (Stung Treng) Stung Treng ၁၁,ဝ၉၂ ၁၆၅,၇၁၃
၂၃ စဝေရင်း (Svay Rieng) Svay Rieng and Bavet ၂,၉၆၆ ၅၂၅,၄၉၇
၂၄ တကောင် (Takéo) Doun Kaev ၃,၅၆၃ ၉၀၀,၉၁၄
၂၅ တပေါင်ခနုမ်း (Tboung Khmom) Suong ၅,၂၅၀ ၇၇၆,၈၄၁

စီးပွားရေး[ပြင်ဆင်ရန်]

ကမ္ဘောဒီးယားနိုင်ငံ၏ လူထုဖွံ့ဖြိုးမှု ညွှန်းကိန်း (၁၉၇၀-၂၀၁၀)

၂၀၁၇ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၏ လူတစ်ဦးချင်းဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၁,၃၀၉ ဖြစ်ပြီး ဝယ်ယူနိုင်စွမ်းအား ကွာခြားမှုနှုန်းကို ထည့်တွက်ပါက အမေရိကန်ဒေါ်လာ ၄,၀၂၂ မျှ ရှိသည်။ ကုလသမဂ္ဂမှ ကမ္ဘောဒီးယားနိုင်ငံအား ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများတွင် တစ်နိုင်ငံ အဖြစ် သတ်မှတ်ထားသည်။ ကျေးလက်အိမ်ထောင်စု အများစုမှာ စိုက်ပျိုးမွေးမြူရေးနှင့် ၎င်းနှင့် ဆက်စပ်နေသော လုပ်ငန်းများ အပေါ်တွင် မှီခိုကြသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ အဓိက တင်ပို့ကုန်များမှာ ဆန်စပါး၊ ငါး၊ သစ်၊ အဝတ်အထည် နှင့် ရာဘာတို့ ဖြစ်ကြသည်။ နိုင်ငံတကာ ဆန်စပါးသုတေသန အင်စတီကျု (IRRI) မှ ၎င်းတို့၏ ဖိလစ်ပိုင်နိုင်ငံရှိ မျိုးစပါးဘဏ်မှ စပါးမျိုးပေါင်း ၇၅၀ ကို ကမ္ဘောဒီးယားနိုင်ငံသို့ ပြန်လည် မိတ်ဆက်တင်ပို့ပေးခဲ့သည်။[၁၄၆] ထိုမျိုးစပါးများမှာ ၁၉၆၀ ခုနှစ်များတွင် ကမ္ဘောဒီးယားမှ စုဆောင်းထားခဲ့ခြင်း ဖြစ်သည်။

အီကော်နောမစ်မဂ္ဂဇင်း နှင့် နိုင်ငံတကာ ငွေကြေးအဖွဲ့တို့၏ အဆိုအရ ၂၀၀၁ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံ၏ ပျမ်းမျှ ဂျီဒီပီ တိုးတက်နှုန်းမှာ ၇.၇% ဖြစ်သဖြင့် ကမ္ဘာပေါ်တွင် နှစ်စဉ် ပျမ်းမျှ ဂျီဒီပီ တိုးတက်နှုန်း အများဆုံး ၁၀ နိုင်ငံတွင် ပါဝင်ခဲ့သည်။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းသည် ကမ္ဘောဒီးယားနိုင်ငံ၏ ဖွံ့ဖြိုးမှု အမြန်ဆန်ဆုံး လုပ်ငန်းဖြစ်ပြီး ၁၉၉၇ ခုနှစ်တွင် ခရီးသွား ၂၁၉,၀၀၀ မျှ ရှိရာမှာ ၂၀၀၇ ခုနှစ်တွင် ၂ သန်း အထိ တိုးတက်လာခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁.၇% ဖြစ်ပြီး နိုင်ငံခြားသို့ တင်ပို့မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံ မျှ ဖြစ်သည်။

ဆီယမ်ရိမြို့ရှိ အစားအသောက် အရောင်းဆိုင်တစ်ခု

ကမ္ဘောဒီးယားနိုင်ငံကို လေ့လာတင်ပြသော စာတမ်းဖြစ်သည့် "ဆင်းရဲသားတွေ ဘယ်ရောက်သွားသလဲ။ ကမ္ဘောဒီးယား ဆင်းရဲမွဲတေမှု စစ်တမ်း ၂၀၁၃" တွင် ကမ္ဘာ့ဘဏ်မှ ကောက်ချက်ဆွဲခဲ့သည်မှာ "၂၀၀၄ ခုနှစ်မှ ၂၀၁၁ ခုနှစ် ၇ နှစ်တာ ကာလအတွင်း ကမ္ဘောဒီးယား၏ စီးပွားရေး တိုးတက်မှုသည် အလွန်အမင်းအားကောင်းပြီး ကမ္ဘာပေါ်တွင် အကောင်းဆုံးများထဲတွင် အပါအဝင် ဖြစ်သည်။ ထို့အပြင် အိမ်ထောင်စုများ၏ သုံးစွဲနှုန်းမှာ ၄၀% အထိ တိုးတက်လာခဲ့သည်။ ထိုသို့ တိုးတက်မှုများသည် ဆင်းရဲသားများအတွက် ကောင်းမွန်ပြီး ဆင်းရဲချမ်းသာ မညီမျှမှုကို လျှော့ချနိုင်ရုံမျှမက ဆင်းရဲသားများ၏ သုံးစွဲနှုန်းကို ဆင်းရဲသားမဟုတ်သူများနှင့် ယှဉ်လျှင် ပိုမို များပြားလာစေခဲ့သည်။ ရလာဒ်အနေနှင့် ဆင်းရဲမွဲတေမှုနှုန်းသည် ၅၂.၂% မှ ၂၀.၅% သို့ လျော့ကျခဲ့ပြီး မျှော်မှန်းချက်အားလုံးကို ကျော်လွန်ရုံသာမက နိုင်ငံ၏ ထောင်စုနှစ် ဖွံ့ဖြိုးမှု ပန်းတိုင်၏ ဆင်းရဲမွဲတေမှုနှုန်း ပစ်မှတ်ကိုပင် ကျော်လွန်ခဲ့သည်။ သို့သော်လည်း ဆင်းရဲမွဲတေမှုမှ လွတ်မြောက်လာသူ အများစုမှာ အနည်းငယ်မျှသော ပမာဏဖြင့် လွတ်မြောက်လာခြင်း ဖြစ်ပြီး အလွန် စိတ်မချရသော အခြေအနေတွင် ရှိသေးသည်။ အနည်းငယ်မျှသော လှုပ်ခတ်မှုကြောင့်ပင်လျှင် သူတို့အနေနှင့် ဆင်းရဲမွဲတေသူ အဖြစ် ပြန်လည်သက်ဆင်း သွားနိုင်သည်။" ဟု ဖော်ပြထားခဲ့သည်။[၁၄၇]

ဆယ်စုနှစ် နှစ်ခုမျှ စီးပွားရေး တိုးတက်ခဲ့ခြင်းသည် ကမ္ဘောဒီးယားအား ဆင်းရဲမွဲတေမှု လျှော့ချရာတွင် ကမ္ဘာ့ဦးဆောင်နိုင်ငံ တစ်ခု ဖြစ်စေခဲ့သည်။ အောင်မြင်ခဲ့သော ဇာတ်ကြောင်းအရ အရှေ့တောင်အာရှနိုင်ငံသည် ဆိုးရွားသော ပြည်တွင်းစစ်ကို ကျော်လွန်ပြီးနောက် ကမ္ဘာ့ဘဏ်မှ အလယ်အလတ်တန်း အနိမ့်ပိုင်း ဝင်ငွေ ရှိသော စီးပွားရေးရှိသည့် နိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်နိုင်ခဲ့သည်။ နှိုင်းယှဉ်နိုင်သော အချက်အလက်ရှိသည့် နိုင်ငံ ၆၉ နိုင်ငံတွင် ကမ္ဘောဒီးယားသည် ၂၀၀၄-၂၀၀၈ အတွင်း အလျှင်အမြန်ဆုံး ဆင်းရဲမွဲတေမှု လျှော့ချရာ၌ စတုတ္ထနေရာတွင် ရှိနေခဲ့သည်။ ဆင်းရဲမွဲတေမှုနှုန်းသည် ၂၀၁၃ ခုနှစ်တွင် ၁၀ ရာခိုင်နှုန်း လျော့ကျခဲ့ပြီး ၂၀၁၅-၂၀၁၆ တွင် ကျေးလက်နှင့် မြို့ပြ အိမ်ထောင်စုများအတွင် ဆင်းရဲမွဲတေမှုနှုန်း ထပ်မံ လျော့ကျလိမ့်မည်ဟု မျှော်လင့်ထားသည်။ သို့သော်လည်း လူထုဖွံ့ဖြိုးမှု ညွှန်းကိန်း အထူးသဖြင့် ကျန်းမာရေးနှင့် ပညာရေးတို့တွင် ကမ္ဘောဒီးယားသည် စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရဆဲ ဖြစ်ပြီး တိုးတက်မှုအတွက် ဦးစားပေးအဆင့်အတန်း ရှိနေသေးသည်။[၁၄၈]

၂၀၀၅ ခုနှစ်တွင် ကမ္ဘောဒီးယား ရေပိုင်နက်အတွင်း တွေ့ရှိခဲ့သော ရေနံနှင့် သဘာဝဓာတ်ငွေ့များမှာ ထုတ်ယူနိုင်စွမ်း အများအပြား ရှိသော်လည်း ထိုင်းနိုင်ငံနှင့် နယ်နိမိတ် အငြင်းပွားမှုကြောင့် အများစုမှာ မထုတ်လုပ်ရသေးပေ။[၁၄၉][၁၅၀]

ဆီယမ်ရိပြည်နယ်ရှိ စပါးခင်း

ကမ္ဘောဒီးယား နိုင်ငံတော်ဘဏ် သည် နိုင်ငံ၏ ဗဟိုဘဏ် ဖြစ်ပြီး နိုင်ငံ၏ ဘဏ်လုပ်ငန်းကဏ္ဍနှင့် ပတ်သက်၍ နည်းဥပဒေများဖြင့် ထိန်းကြောင်း ကြပ်မတ်ပေးပြီး နိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ရန်အတွက်လည်း တစိတ်တပိုင်း တာဝန်ရှိသည်။ ၂၀၁၀ ခုနှစ်မှ ၂၀၁၂ ခုနှစ် အတွင်းတွင် နိုင်ငံအတွင်း မှတ်ပုံတင်ထားသော ဘဏ်နှင့် အသေးစားငွေကြေးလုပ်ငန်းများမှာ ၃၁ ခုမှ ၇၀ ကျော်သို့ တိုးတက်လာခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ ဘဏ်လုပ်ငန်းနှင့် ငွေကြေးကဏ္ဍတွင် တိုးတက်မှုအား ထင်ရှားစေခဲ့သည်။

၂၀၁၂ ခုနှစ်တွင် ကမ္ဘောဒီးယား ခရက်ဒစ် ဗျူရို ကို ကမ္ဘောဒီးယားနိုင်ငံတော်ဘဏ်၏ စည်းမျဉ်းစည်းကမ်းအောက်တွင် တည်ထောင်ခဲ့သည်။[၁၅၁] ယခုအခါ ဘဏ်များနှင့် အသေးစား ငွေကြေးလုပ်ငန်းများ အနေနှင့် ဥပဒေအရ ချေးငွေပေးဆပ်မှုနှင့် ဆိုင်သည့် တိကျသော အချက်အလက်နှင့် ကိန်းဂဏန်းများကို အစီရင်ခံရသဖြင့် ခရက်ဒစ်ဗျူရိုမှ တဆင့် ကမ္ဘောဒီးယား ဘဏ်လုပ်ငန်းကဏ္ဍအတွင်း ပွင့်လင်းမြင်သာမှုနှင့် တည်ငြိမ်မှုကို ပိုမိုတိုးတက်စေခဲ့သည်။

ကမ္ဘောဒီးယားတွင် ကြုံတွေ့နေရသော ကြီးမားသည့် စိန်ခေါ်မှု တစ်ခုမှာ အသက်ကြီးသော လူကြီးများသည် ပညာရေး မရှိကြပေ။ အထူးသဖြင့် ကျေးလက်ဒေသတွင် ဖြစ်ပြီး ထိုဒေသများတွင် အခြေခံ အဆောက်အအုံလည်း မရှိပေ။ အသစ်တဖန် ဖြစ်ပေါ်လာမည့် နိုင်ငံရေး မတည်ငြိမ်မှုများနှင့် အစိုးရအတွင်း အကျင့်ပျက်ခြစားမှုများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို တွန့်ဆုတ်စေပြီး နိုင်ငံခြား အကူအညီများကို နှောင့်နှေးစေသည်။ သို့ရာတွင် နိုင်ငံအချင်းချင်း အကူအညီပေးမှုများနှင့် နိုင်ငံများ ပေါင်းစပ်၍ အကူအညီပေးမှုများ ရှိသည်။ ၂၀၀၄ ခုနှစ်၌ လှူဒါန်းသူများမှ အမေရိကန် ဒေါ်လာ ၅၀၄ သန်း လှူဒါန်းရန် အဆိုပြုခဲ့ပြီး [၂] အာရှဖွံ့ဖြိုးရေးဘဏ် တစ်ခုတည်းမှ ချေးငွေ၊ အကူအညီနှင့် နည်းပညာ အထောက်အကူ စုစုပေါင်း အမေရိကန်ဒေါ်လာ ၈၅၀ သန်း အကူအညီပေးခဲ့သည်။[၁၅၂] ကမ္ဘောဒီးယားတွင် အလုပ်လုပ်ကိုင်နေသော ကုမ္ပဏီများထံမှ ပါမစ်လျှောက်ရာတွင် လာဘ်ငွေ တောင်းယူခြင်းများ ရှိပြီး ဆောက်လုပ်ရေးနှင့် သက်ဆိုင်သည့် ပါမစ် အစရှိသည်တို့ ဖြစ်သည်။[၁၅၃]

ဗတ္တမ်ဗောင်းပြည်နယ်တွင် လယ်သမားများ စပါးရိတ်သိမ်းနေပုံ

၂၀၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်၏ ကမ္ဘာလုံးဆိုင်ရာ အခွင့်အရေး ညွှန်းကိန်းတွင် ကမ္ဘောဒီးယားအား အလုပ်သမား စုစည်းမှုများအတွက် အဆိုးဆုံး အဆင့်များတွင် ပါဝင်ခဲ့ပြီး "အခွင့်အရေးအတွက် အာမခံချက်မရှိ" သည့် နိုင်ငံများတွင် ပါဝင်ခဲ့သည်။[၁၅၄]

၂၀၁၆ ဧပြီလတွင် ကမ္ဘောဒီးယား အမျိုးသားလွှတ်တော်မှ အလုပ်သမားသမဂ္ဂများ ဥပဒေကို အတည်ပြု ပြဌာန်းခဲ့သည်။ ထိုဥပဒေအား စက်ရုံများတွင် အလုပ်သမားများမှ အကန့်အသတ်ရှိသော ဆန္ဒပြမှုများ ပြုလုပ်နေချိန်နှင့် လမ်းမများပေါ်တွင် လစာတိုးရန်နှင့် အလုပ်လုပ်ရသည့် ပတ်ဝန်းကျင် အခြေအနေ တိုးတက်ကောင်းမွန်စေရန် တောင်းဆိုသည့် အချိန်တွင် ပြဌာန်းခဲ့ခြင်း ဖြစ်သည်။[၁၅၅] ကမ္ဘောဒီးယား၏ ဥပဒေအသစ်နှင့် ပတ်သက်သည့် စိုးရိမ်မှုများကို အလုပ်သမားနှင့် လူ့အခွင့်အရေး အဖွဲ့များသာမကဘဲ နိုင်ငံတကာ အဖွဲ့အစည်းများကပါ ယေဘုယျအားဖြင့် စိုးရိမ်မကင်း ဖြစ်ခဲ့ကြသည်။ နိုင်ငံတကာ အလုပ်သမား အဖွဲ့၏ ထိုင်း၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံ ရုံးမှ ထိုဥပဒေတွင် အချို့သော အဓိကစိုးရိမ်ဖွယ် အချက်များနှင့် ဟာကွက်များ ရှိသည်ဟု မှတ်ချက်ပေးခဲ့သည်။[၁၅၆]

အမှီအခိုကင်းသော သမဂ္ဂများနှင့် အလုပ်ရှင်များမှ ညှိမရသော အခြေအနေ ဖြစ်နေဆဲပင်ဖြစ်သည်။ "သမဂ္ဂ ၂၅ ခု ရှိတဲ့ စက်ရုံတစ်ခု အနေနဲ့ ဘယ်လို ရပ်တည်ရမလဲ။" ဟု ကမ္ဘောဒီးယားနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဗန်ဆိုအင်းက မေးခွန်းထုတ်ခဲ့သည်။ သူက "အလုပ်ရှင်အနေနှင့် အငြင်းပွားမှုတွေကို အဖွဲ့မတူတဲ့ သမဂ္ဂခေါင်းဆောင် ၂၅ ယောက်နဲ့ ညှိရမယ် ဆိုတာ နားမလည်နိုင်ဘူး။ ဥပဒေ အနေနဲ့ နိုင်ငံအတွင်းက သမဂ္ဂတွေကိုလည်း ထိန်းကွပ်သင့်တယ်။" ဟု ထပ်၍ ပြောခဲ့သည်။ အထည်ချုပ်လုပ်ငန်းရှင်အသင်း၏ အဆိုအရ နိုင်ငံအတွင်းရှိ အဝတ်အစားနှင့် အထည်အလိပ်တင်ပို့သော စက်ရုံ ၅၅၇ ရုံနှင့် ဖိနပ်စက်ရုံ ၅၈ ရုံတို့တွင် အလုပ်သမား ၅၀၀,၀၀၀ အတွက် သမဂ္ဂပေါင်း ၃,၁၆၆ ခု ရှိသည်ဟု ဆိုသည်။ အထည်ချုပ် လုပ်ငန်းသည် ကမ္ဘောဒီးယား၏ အကြီးဆုံး လုပ်ငန်း ဖြစ်နေပြီး နိုင်ငံ၏ စုစုပေါင်း ပြည်တွင်း ထုတ်ကုန်၏ ၂၆.၂ ရာခိုင်နှုန်း မျှ ရှိသော်လည်း ဗန်ဆိုအင်း၏ အဆိုအရ အလုပ်သမား သမဂ္ဂ ဥပဒေ မရှိပါက နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ အနေနှင့် စီးပွားရေး လာရောက်လုပ်ကိုင်လိမ့်မည် မဟုတ် ဟု ဆိုသည်။[၁၅၇]

"အလုပ်သမား သမဂ္ဂ ဥပဒေ ရှိမှသာ ကျွန်တော်တို့ အလုပ်ရှင်တွေ အသက်ဆက်နိုင်မယ်။ ကမ္ဘောဒီးယား တစ်နိုင်ငံတည်း မဟုတ်ဘူး။ နိုင်ငံတိုင်းမှာ အလုပ်သမား သမဂ္ဂ ဥပဒေ ရှိတယ်။ ဥပဒေကို ဝေဖန်တဲ့သူတွေ ကိုယ်တိုင် စီးပွားရေး လုပ်ကြည့်သင့်တယ်။ ဒါမှ သူတို့ နားလည်မယ်။" ဟု သူက ဆိုသည်။

ချည်မျှင်နှင့် အထည်လုပ်ငန်း[ပြင်ဆင်ရန်]

၂၀၁၇ ခုနှစ် ကမ္ဘောဒီးယား ပို့ကုန် ပြပုံ

အထည်ချုပ်လုပ်ငန်းသည် ကမ္ဘောဒီးယားနိုင်ငံ ကုန်ထုတ်လုပ်ငန်း၏ အကြီးဆုံးသော အပိုင်းဖြစ်ပြီး နိုင်ငံ ပို့ကုန်၏ ၈၀% မျှ ရှိသည်။ ၂၀၁၂ ခုနှစ်တွင် တင်ပို့မှု ပမာဏ အမေရိကန်ဒေါ်လာ ၄.၆၁ ဘီလီယံ အထိ တိုးတက်လာခဲ့ပြီး ၂၀၁၁ ခုနှစ်နှင့် ယှဉ်လျင် ၈% တိုးတက်လာခြင်း ဖြစ်သည်။ ၂၀၁၃ ခုနစ်၏ ပထမနှစ်ဝက်တွင် အထည်ချုပ်လုပ်ငန်း၏ အစီရင်ခံချက် အရ တင်ပို့ကုန် ပမာဏမှာ အမေရိကန်ဒေါ်လာ ၁.၅၆ ဘီလီယံမျှ ရှိသည်ဟု ဆိုသည်။[၁၅၈] ထိုကဏ္ဍတွင် အလုပ်သမား ၃၃၅,၄၀၀ ဦးကို အလုပ်အကိုင်ပေးထားခဲ့ပြီး ၎င်းတို့ထဲတွင် ၉၁% မှာ အမျိုးသမီးများ ဖြစ်သည်။

ကမ္ဘောဒီးယားအတွက် ပိုမိုကောင်းမွန်သော စက်ရုံများ အဖွဲ့ကို ၂၀၀၁ ခုနှစ်တွင် ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့နှင့် ကမ္ဘာ့ဘဏ်အဖွဲ့မှ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်းတို့ ပူးပေါင်း ဖွဲ့စည်းခဲ့သည်။ ထိုအစီအစဉ်မှ အလုပ်သမားများ၊ အလုပ်ရှင်များ နှင့် အစိုးရတို့နှင့် ဆက်သွယ်ဆောင်ရွက်၍ အလုပ်လုပ်ရသည့် ပတ်ဝန်းကျင် အခြေအနေကို တိုးတက်ရန်နှင့် အထည်ချုပ်လုပ်ငန်းအတွင်း ပြိုင်ဆိုင်နိုင်မှု ပိုမိုကောင်းမွန်လာစေရန်တို့ အတွက် ဖြစ်သည်။[၁၅၉] ၂၀၁၈ ခုနှစ် မေလ ၁၈ ရက်တွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့၏ ကမ္ဘောဒီးယားအတွက် ပိုမိုကောင်းမွန်သော စက်ရုံများ အစီအစဉ် မှ စီမံကိန်း၏ အကြံပေးအဖွဲ့သည် ဖနွမ်းပင်မြို့တွင် တွေ့ဆုံပြီး အဖွဲ့၏ ကာလတဝက် သုံးသပ်မှုနှင့် ပတ်သက်၍ သုံးသပ်ကောက်နှုတ်ချက် နှင့် အကြံပေးချက် မူကြမ်းအတွက် ထည့်သွင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့သည့်အပြင် အစီအစဉ်အတွက် ပွင့်လင်းမြင်သာသော အစီရင်ခံမှု အစပျိုးရန် အတွက် မည်သို့ ပိုမိုခိုင်မာအောင် လုပ်ဆောင်သင့်သည် ဆိုသည့် နည်းလမ်းများကိုလည်း ဆွေးနွေးခဲ့သည်။

စီမံကိန်း၏ အကြံပေးအဖွဲ့မှ အစီအစဉ်၏ ကမ္ဘောဒီးယား အထည်ချုပ်လုပ်ငန်းနှင့် လုပ်သားများအပေါ် သက်ရောက်မှုများနှင့် ပတ်သက်၍ စစ်ဆေးမှုများ၏ တွေ့ရှိချက်များကို အနှစ်ချုပ်သုံးသပ်ရာတွင် အောက်ပါတို့ ပါဝင်သည်။

  • အထည်ချုပ်လုပ်ငန်း တစ်ခုလုံး၏ ဖွံ့ဖြိုးမှု အပေါ်တွင် ပါဝင် အကျိုးပြုနိုင်ခဲ့သည်။
  • ပိုမိုကောင်းမွန်သော စက်ရုံများ အစီအစဉ်မှာ အလုပ်သမား ၅ သိန်းကျော် အပြင် သူတို့ မိသားစုများ၏ ဘဝများကိုပါ တိုးတက်စေခဲ့သည်။
  • အလုပ်သမားများအနေနှင့် မှန်ကန်သော လစာနှင့် လူမှုရေးဆိုင်ရာ ကာကွယ်မှု အခွင့်အလမ်းများ ရရှိရန် သေချာစေခဲ့သည်။
  • ကလေးအလုပ်သမားများကို ထိုကဏ္ဍမှ လုံးဝ နီးပါး ဖယ်ရှားပစ်နိုင်ခဲ့သည်။
  • အားလုံး အနေနှင့် ကမ္ဘောဒီးယား၏ အထည်ချုပ်လုပ်ငန်းကို ပိုမိုလုံခြုံစိတ်ချရသည့် အနေအထား ဖြစ်စေခဲ့သည်။
  • အထည်ချုပ်လုပ်ငန်းအတွင်းရှိ အလုပ်သမားများ အားလုံးအတွက် အခွင့်အလမ်း ညီမျှသော အနေအထား အဖြစ် ဖန်တီးပေးနိုင်ခဲ့သည်။
  • စီးပွားရေး လုပ်ငန်း ဆောင်ရွက်ချက်များကို (၁) စက်ရုံ၏ အချက်အလက်များကို အသုံးပြု၍ တိုးတက်နိုင်သည့် နေရာများကို မီးမောင်းထိုးပြခဲ့ခြင်း (၂) နိုင်ငံတကာ အမှတ်တံဆိပ်များ/ဝယ်ယူသူများ၏ အန္တရာယ် စီမံခန့်ခွဲမှုအတွက် အဓိက အစိတ်အပိုင်းဖြစ် ရပ်တည်ပေးခဲ့ခြင်းဖြင့် လွှမ်းမိုးနိုင်ခဲ့သည်။[၁၆၀]

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း[ပြင်ဆင်ရန်]

စိုက်ပျိုးမွေးမြူရေး[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ကမ္ဘောဒီးယားနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေး

သယ်ယူပို့ဆောင်ရေး[ပြင်ဆင်ရန်]

လူ့အဖွဲ့အစည်း[ပြင်ဆင်ရန်]

လူဦးရေပျံ့နံ့ နေထိုင်မှု[ပြင်ဆင်ရန်]

လူမျိုးများ[ပြင်ဆင်ရန်]

လူဦးရေ အများဆုံးဒေသများ[ပြင်ဆင်ရန်]

ဘာသာစကား[ပြင်ဆင်ရန်]

ကိုးကွယ်ယုံကြည်မှု[ပြင်ဆင်ရန်]

ခမာတို့သည်ဗုဒ္ဓဘာသာကိုကိုးကွယ်သည်။

ပညာရေး[ပြင်ဆင်ရန်]

ရာဇဝတ်မှု[ပြင်ဆင်ရန်]

ယဉ်ကျေးမှု[ပြင်ဆင်ရန်]

ကမ္ဘာ့အရှေ့ဖျားတွင် တစ်ကြိမ်က အထက်တန်းကျလှသော ခမာတို့၏ ယဉ်ကျေးမှု ပေါ်ပေါက်ပြောင်းလဲလာပုံမှာ သီးခြား ဖော်ပြသင့်သော အကြောင်းရပ် တစ်ခုဖြစ်ပေသည်။ ပထမသော် ကျောက်ခေတ်သစ်နှင့် ကြေးဝါခေတ်တို့မှ ယဉ်ကျေးမှု အနည်းငယ်မျှသာ ရရှိခဲ့သည်။ ထို့နောက် အိန္ဒိယပြည်တောင်ပိုင်းမှ ပလ္လဝါယဉ်ကျေးမှု ရောက်ရှိ၍ မိမိတို့အ မွေခံရရှိထားသော အချက်အလက်တို့ကို မတိမ်မြုပ်စေဘဲ ပြုပြင်၍ ပြင်ပယဉ်ကျေးမှုကို လက်ခံခဲ့ကြသည်။ ပုံစံအားဖြင့် ကျောက်ခေတ်က မြင်မားသော ကျောက်တိုင်ကြီးများကို စိုက်ထူသော အားဖြင့် ဘုရားနှင့် ဆက်သွယ်နိုင်သည်ဟု ယုံကြည်သကဲ့သို့ ဗြဟ္မဏ အယူဝါဒကို လက်ခံလာသောအခါ လိင်္ဂကိုးကွယ်မှုကို ကျောက်တိုင်နှင့် ကိုယ်စားပြုကြ၏။ ထို့နောက် သိဝကိုးကွယ်မှုကို လက်ခံရာတွင် သိဝရဂီရိဟု သိဝတောင်အဖြစ် ကောင်းကင်ရှိ ဘုရားနှင့် ဆက်သွယ်မိရန် ပြုပြင်ကိုးကွယ်ကြသည်။ အလားတူပင် ဒေဝရာဇာ ကိုးကွယ်မှုမှာလည်း ယခင်က လိင်္ဂကို ကိုယ်စားပြုခြင်းဖြစ်သည်။ ပိဿနိုး ကိုးကွယ်မှုကို လက်ခံလာပြန်ရာ ပိဿနိုးသည် ဒေဝရာဖာကို ကိုယ်စားပြုရပြန်သည်။

ခမာစကားတွင် ပနွမ်းမှာ တောင်ဟုအဓိပ္ပါယ်ရ၍ ယင်းစကားကို ယူကာ ထိုဒေသ၏ ပထမပြည်ကို တရုတ်တို့ ဖူနန်ဟု ခေါ်ကြောင်း၊ နောက်ခေတ်တို့တွင် ထိုဒေသ၏ဘုရင်များကို ခမာစကားဖြင့် ကုရွန်းဗနမ်ဟုခေါ်ကြောင်း၊ အဓိပ္ပါယ်မှာ တောင်ဘုရင် (ဂီရိရာဇာ) ရကြောင်းနှင့် ပြင်သစ်ပညာရှင် စီဒေက ဆိုထားပေသည်။ မဟာယနဗုဒ္ဓအယူဝါဒ ရောက်ရှိလာသော အခါတွင်လည်း ဒေဝရာဇာမှာ လောကီတေသွာဖြစ်လာ၍ ပုံထုလုပ်ရာတွင် အုပ်ချုပ်သူဘုရင်၏ မျက်နှာပုံနှင့် တူစေလေသည်။ ဤကဲ့သို့ ကျောက်ခေတ် သစ်ကြေးဝါခေတ် ယုံကြည်မှုများတွင် အိန္ဒိယယဉ်ကျေးမှု ရောနှောလာသော အခါ၌ မိမိတို့၏ ပင်ကိုယ်ဗီဇ အရည်အချင်းဖြင့် မွမ်းမံ၍ ပြုပြင်ကာ ထူးခြားသော ယဉ်ကျေးမှုတစ်ရပ်မှု တစ်ရပ်ကို ဖန်တီးခဲ့ကြပေသည်။ တရုတ်ပြည်နှင့် ဆက်သွယ်မှုများ ရှိခဲ့သည့်အတိုင်း တရုတ်ယဉ်ကျေးမှု အချက်အလက်တို့လည်း ရောပြွမ်းလျက်ရှိပေသည်။

ယခုခေတ် ခမာတို့မှာ မြန်မာတို့နည်းတူ ထေရဝါဒ ဗုဒ္ဓဘာသာကို လက်ခံကိုးကွယ်ကြ၍ ဘုရားတရားကို များစွာ လေးစား ကြည်ညိုသူများ ဖြစ်သည်။ ပွင့်လင်းစွာ ဆက်ဆံတတ်၍ ချစ်ခင် ပျူငှာတတ်သူများ ဖြစ်ကြသည်။ ယဉ်ကျေးသိမ်မွေ့ခြင်း၊ ဧည့်ဝတ်ကျေခြင်းတို့မှာ သူတို့၏ ထူးခြားချက်များပင်တည်း။

များသောအားဖြင့် အရပ်အမောင်း ကောင်း၍ သန်စွမ်းကြံ့ခိုင်ကြသည်။ အသားညို၊ အသားလတ် ရောင်အသွေးရှိကာ၊ မွန်မြန်မာတို့နှင့် သွင်ပြင်လက္ခဏာဆင်သော သူများဖြစ်ကြသည်။ ခမာတို့သည် များသောအားဖြင့် ဆံတို ညှပ်ကြသည်။ လယ်ယာလုပ်ခြင်း၊ ငါးဖမ်းခြင်းတို့ဖြင့် လူများစုသည် ခက်ခဲစွာ အသက်မွေးဝမ်းကျောင်းကြရသည်။

သမာရိုးကျ ဝတ်စားဆင်ယင်မှုမှာ လှပပေသည်။ တောက်ပြောင်၍ အရောင်စုံသော စမ်းပေါ့ ခေါ် ခါးဝတ်ကို လှပစွာ ခါးတောင်းကျိုက် ဝတ်ဆင်တတ်ကြသည်။ အမျိုးသားတို့မှာ ကိုယ်ကျပ်လက်ရှည် အင်္ကျီတို့ကို ဆင်မြန်းကြ၍ အမျိုးသမီးတို့မှာ လှပသော ပုဝါရှည်များကို ခြုံကြလေသည်။

ဗုဒ္ဓအယူဝါဒကို သက်ဝင်ယုံကြည်သူများ ဖြစ်သည့်အတိုင်း မြန်မာနိုင်ငံမှာ ကဲ့သို့ပင် ဘုန်းတော်ကြီးကျောင်းများမှာ ခမာတို့၏ လူမှုရေး ဗဟိုဌာနများ ဖြစ်ကြသည်။ အာရှအရှေ့တောင်ပိုင်းရှိ အခြားနိုင်ငံသားတို့ ကဲ့သို့ပင် စစ်ပြီးနောက် တစ်ခေတ်အတွင်း ခမာတို့မှ အဖက်ဖက်မှ ကြိုးစား၍ တိုးတက်လျှက် ရှိကြပေသည်။

ဟင်းလျာများ[ပြင်ဆင်ရန်]

အဖျော်ယမကာများ[ပြင်ဆင်ရန်]

အမျိုးသမီးများ[ပြင်ဆင်ရန်]

အားကစား[ပြင်ဆင်ရန်]

အက[ပြင်ဆင်ရန်]

ဂီတ[ပြင်ဆင်ရန်]

သိပ္ပံနှင့်နည်းပညာ[ပြင်ဆင်ရန်]

ဆက်စပ်ကြည့်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Cambodia။ Dictionary.reference.com။ 16 March 2013 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ၂.၂ Cambodia. CIA World FactBook.
  3. Cambodia to celebrate day for indigenous people near Angkor Wat။ News.xinhuanet.com။ 25 August 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 March 2013 တွင် ပြန်စစ်ပြီး။
  4. ၄.၀ ၄.၁ Chandler, David P. (1992) History of Cambodia. Boulder, CO: Westview Press, ISBN 0813335116.
  5. Consumerism booms as Cambodia embraces once-forbidden capitalismReuters။ 1 October 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 October 2014 တွင် ပြန်စစ်ပြီး။
  6. 2013 Freedom HouseFreedom House (2013)။ 6 April 2014 တွင် ပြန်စစ်ပြီး။
  7. 2013 Corruption Perceptions IndexTransparency International (2013)။ 6 April 2014 တွင် ပြန်စစ်ပြီး။
  8. The 2013 Human Development Report – "The Rise of the South: Human Progress in a Diverse World" 144–147။ Human Development Report Office United Nations Development Programme။ 2 March 2013 တွင် ပြန်စစ်ပြီး။
  9. Welthungerhilfe, IFPRI, and Concern Worldwide: 2013 Global Hunger Index – The challenge of hunger: Building Resilience to Achieve Food and Nutrition Security. Bonn, Washington D. C., Dublin. October 2013.
  10. Cambodia's opposition leader says Australian asylum seeker deal will fund corruption။ Australian Broadcasting Corporation။ 28 October 2014 တွင် ပြန်စစ်ပြီး။
  11. Chueyprasit, Orapa။ "Thailand ranks 2nd in ASEAN for the best quality of life"၊ 27 March 2014။ Archived from the original on 28 March 2014။ 
  12. ၁၂.၀ ၁၂.၁ David Roberts (29 April 2016)။ Political Transition in Cambodia 1991–99: Power, Elitism and Democracy။ Taylor & Francis။ ISBN 978-1-136-85054-7 (section XI, "Recreating Elite Stability, July 1997 to July 1998")
  13. CONSTITUTION OF THE KINGDOM OF CAMBODIA။ Office of the Council of Ministers (25 January 2017)။ 4 September 2019 တွင် ပြန်စစ်ပြီး။
  14. "Cambodian Parliament launches era of one-party rule"၊ 5 September 2018။ 26 July 2019 တွင် ပြန်စစ်ပြီး 
  15. Boyle၊ David။ "Cambodia Set to Become One Party State"၊ Voice of America၊ VOA Cambodia၊ 30 July 2018။ 26 July 2019 တွင် ပြန်စစ်ပြီး 
  16. "Cambodia to outgrow LDC status by 2020"၊ The Phnom Penh Post၊ 18 May 2011။ 20 June 2011 တွင် ပြန်စစ်ပြီး 
  17. UN list of Least Developed Countries။ 4 November 2019 တွင် ပြန်စစ်ပြီး။
  18. WJP Rule of Law Index® 2018–2019။ 4 November 2019 တွင် ပြန်စစ်ပြီး။
  19. Relazione del primo viaggio intorno al mondo – Wikisource
  20. "kampuchea. (n.d.). Collins English Dictionary – Complete & Unabridged 10th Edition."Dictionary.com31 October 2015 တွင် ပြန်စစ်ပြီး
  21. Cambodia။ 31 October 2015 တွင် ပြန်စစ်ပြီး။
  22. On some Cambodian WordsThai-Yunnan Project Newsletter No. 20., Department of Anthropology, Research School of Pacific Studies Australian National University by Serge Thion။ Nectec။ 31 October 2015 တွင် ပြန်စစ်ပြီး။
  23. 3 Unlikely Cambodian Allies Map War on Vietnam (9 July 1982)။ 18 August 2017 တွင် ပြန်စစ်ပြီး။
  24. ၂၄.၀ ၂၄.၁ ၂၄.၂ Stark, Miriam (2005)။ "Pre-Angkorian and Angkorian Cambodia" (PDF)။ in Glover၊ Ian; Bellwood၊ Peter S. (eds.)။ Southeast Asia: from prehistory to history။ Routledge။ ISBN 978-0-415-39117-7။ 10 June 2010 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး26 August 2020 တွင် ပြန်စစ်ပြီး
  25. Tranet၊ Michel (20 October 2009)။ The Second Prehistoric Archaeological Excavation in Laang Spean (2009)။ 1 January 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 November 2009 တွင် ပြန်စစ်ပြီး။
  26. The Oldest Ceramic in Cambodia's Laang Spean (1966–68) (20 October 2009)။ 1 January 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 November 2009 တွင် ပြန်စစ်ပြီး။
  27. ၂၇.၀ ၂၇.၁ Higham, Charles (January 2002)။ The civilization of Angkor။ Phoenix။ ISBN 978-1-84212-584-7, pp.13–22
  28. Research History။ Memot Centre for Archaeology။ 6 February 2009 တွင် ပြန်စစ်ပြီး။
  29. Albrecht, Gerd (2000). "Circular Earthwork Krek 52/62 Recent Research on the Prehistory of Cambodia". Asian Perspectives 39 (1–2). ISSN 0066-8435. Retrieved on 15 November 2009. 
  30. Higham, Charles (1989)။ The Archaeology of Mainland Southeast Asia။ Cambridge University Press။ ISBN 978-0-521-27525-5, p.120
  31. "Archaeology and Archaeozoology of Phum Snay: A Late Prehistoric Cemetery in Northwestern Cambodia" (2006). Asian Perspectives 45 (2). ISSN 0066-8435. 
  32. Domett, K. M., O'Reilly, D. J. W., & Buckley, H. R. (2011). Bioarchaeological evidence for conflict in Iron Age northwest Cambodia. Antiquity, 85(328).441–458
  33. Domett, K. M., O'Reilly, D. J. W., & Buckley, H. R. (2011). Bioarchaeological evidence for conflict in Iron Age northwest Cambodia. Antiquity, 85(328)
  34. ၃၄.၀ ၃၄.၁ Carter, A. K. (2011). Trade and Exchange Networks in Iron Age Cambodia: Preliminary Results from a Compositional Analysis of Glass Beads. Bulletin of the Indo-Pacific Prehistory Association, 30, 178–188.
  35. "History of Cambodia"Britannica.com16 March 2013 တွင် ပြန်စစ်ပြီး
  36. Khmer Empire Map။ Art-and-archaeology.com။ 27 June 2010 တွင် ပြန်စစ်ပြီး။
  37. Cœdès, George. (1956) The Making of South East Asia, pp.127–128.
  38. Windows on Asia။ 21 May 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  39. Angkor Era – Part III (1181–1309 A.D) Archived 1 December 2012 at the Wayback Machine., Cambodia Travel.
  40. "Proceedings of the National Academy of Sciences of the United States of America: A comprehensive archaeological map of the world's largest pre-industrial settlement complex at Angkor, Cambodia" (2007). Proceedings of the National Academy of Sciences 104 (36): 14277–14282. doi:10.1073/pnas.0702525104. PMID 17717084. PMC:1964867. Retrieved on 27 June 2010. 
  41. Metropolis: Angkor, the world's first mega-city, The Independent, 15 August 2007
  42. Chandler, David P (1991) The Land and the People of Cambodia, HarperCollins. New York, New York. p. 77, ISBN 0060211296.
  43. Scientists dig and fly over Angkor in search of answers to golden city's fall, The Associated Press, 13 June 2004
  44. Colquhoun, Archibald Ross (1885). Amongst the Shans (p. 53). London: Field & Tuer; New York: Scribner & Welford. https://books.google.com/books?id=3wQPAAAAMAAJ&pg=PA53
  45. "Slavery in Nineteenth-Century Northern Thailand (Page 4 of 6)". Kyoto Review of South East Asia; (Colquhoun 1885:53).
  46. ၄၆.၀ ၄၆.၁ ၄၆.၂ Kamm၊ Henry (1998)။ Cambodia: report from a stricken land။ New York: Arcade Publishing။ p. 27ISBN 1-55970-433-0
  47. ၄၇.၀ ၄၇.၁ "Cambodia – Population". Library of Congress Country Studies.
  48. Kamm၊ Henry (1998)။ Cambodia Report from a Stricken Land။ New York: Arcade Publishing။ p. 23ISBN 1-55970-507-8
  49. Washington Post, 29 December 1967
  50. Morris, p. 44, ISBN 0804730490.
  51. Bombing in Cambodia: Hearings before the Committee on Armed Services, U.S. Senate, 93d Cong., 1st sess., July/August 1973, pp. 158–160, the primary source on the "secret bombings".
  52. Clymer, K. J., The United States and Cambodia, Routledge, 2004, p.22
  53. Norodom Sihanouk (1973)။ My War with the CIA, The Memoirs of Prince Norodom Sihanouk as related to Wilfred Burchett။ Pantheon Books။ ISBN 0-394-48543-2
  54. "Bombs Over Cambodia" (October 2006). The Walrus: 32–36. “The evidence of survivors from many parts of [Cambodia] suggests that at least tens of thousands, probably in the range of 50,000 to 150,000 deaths, resulted from the US bombing campaigns ..."”  See Making More Enemies than We Kill? Calculating U.S. Bomb Tonnages Dropped on Laos and Cambodia, and Weighing Their ImplicationsThe Asia-Pacific Journal (26 April 2015)။ 19 September 2016 တွင် ပြန်စစ်ပြီး။
  55. Morris, pp. 48–51.
  56. Mosyakov, Dmitry (2004) "The Khmer Rouge and the Vietnamese Communists: A History of Their Relations as Told in the Soviet Archives", in Susan E. Cook, ed., Genocide in Cambodia and Rwanda, Yale Genocide Studies Program Monograph Series No. 1, pp. 54 ff.: "In April–May 1970, many North Vietnamese forces entered Cambodia in response to the call for help addressed to Vietnam not by Pol Pot, but by his deputy Nuon Chea. Nguyen Co Thach recalls: "Nuon Chea has asked for help and we have liberated five provinces of Cambodia in ten days."" Archived copy။ 9 March 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 April 2015 တွင် ပြန်စစ်ပြီး။
  57. Short, Philip (2004) Pol Pot: Anatomy of a Nightmare, Henry Holt & Co.: New York, p. 204, ISBN 0805080066.
  58. Short, Philip (2004) Pol Pot: Anatomy of a Nightmare, Henry Holt & Co.: New York, p. 4, ISBN 0805080066.
  59. Locard, Henri (March 2005). "State Violence in Democratic Kampuchea (1975–1979) and Retribution (1979–2004)". European Review of History 12 (1): 121–143. doi:10.1080/13507480500047811. 
  60. Kiernan, Ben (2003). "The Demography of Genocide in Southeast Asia: The Death Tolls in Cambodia, 1975–79, and East Timor, 1975–80". Critical Asian Studies 35 (4): 585–597. doi:10.1080/1467271032000147041. “We may safely conclude, from known pre- and post-genocide population figures and from professional demographic calculations, that the 1975–79 death toll was between 1.671 and 1.871 million people, 21 to 24 percent of Cambodia's 1975 population.” 
  61. Heuveline၊ Patrick (2001)။ "The Demographic Analysis of Mortality Crises: The Case of Cambodia, 1970–1979"။ Forced Migration and Mortality။ National Academies Press။ pp. 102–105။ ISBN 978-0-309-07334-9As best as can now be estimated, over two million Cambodians died during the 1970s because of the political events of the decade, the vast majority of them during the mere four years of the 'Khmer Rouge' regime. This number of deaths is even more staggering when related to the size of the Cambodian population, then less than eight million. ... Subsequent reevaluations of the demographic data situated the death toll for the [civil war] in the order of 300,000 or less. cf. Cambodia: U.S. bombing, civil war, & Khmer Rouge။ World Peace Foundation (7 August 2015)။
  62. Stanton, Gregory H. (22 February 1992) The Cambodian Genocide and International Law, Yale Law School.
  63. ""The Khmer Rouge and Pol Pot's Regime Archived 14 July 2018 at the Wayback Machine.. Mount Holyoke University.
  64. Kaplan, Robert D. (1996) The Ends of the Earth, Vintage, 1996, p. 406, ISBN 0679751238.
  65. Kevin Baker (3 November 2014)။ The Worst World Disasters of All Time။ p. 23။ ISBN 978-1-4566-2343-2
  66. A Brief History of the Cambodian Genocide။ cambodiangenocide.org။ 18 January 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 January 2021 တွင် ပြန်စစ်ပြီး။
  67. Morris, p. 220
  68. ၆၈.၀ ၆၈.၁ Bultmann, Daniel (2015) Inside Cambodian Insurgency. A Sociological Perspective on Civil Wars and Conflict, Ashgate: Burlington, VT/Farnham, UK, ISBN 9781472443076.
  69. Autobiography of Thiounn Prasith – Cambodian Genocide Program – Yale University
  70. Provisional verbatim record of the sixty-ninth meeting. United Nations, General Assembly, New York, 8 November 1985.
  71. "Lifting the US embargo against Cambodia"၊ Department of State Dispatch 54၊ 20 January 1992။ 
  72. Country Profile of Cambodia။ State.gov (13 June 2012)။
  73. STATEMENT BY AMBASSADOR THOMAS HAMMARBERG, SPECIAL REPRESENTATIVE OF THE SECRETARY-GENERAL OF THE UNITED NATIONS FOR HUMAN RIGHTS IN CAMBODIA. UN OHCHR Cambodia (9 July 1997)
  74. Carolyn L. Gates; Mya Than (2001)။ ASEAN Enlargement: impacts and implications။ Institute of Southeast Asian Studies။ ISBN 978-981-230-081-2
  75. Statement by the Secretary-General of ASEAN Welcoming the Kingdom of Cambodia as the Tenth Member State of ASEAN: 30 April 1999, ASEAN SecretariatASEAN Secretariat (2008)။
  76. Strangio၊ Sebastian (2014)။ Hun Sen's Cambodia။ Yale University Press။ ISBN 978-0-300-19072-4
  77. Brinkley၊ John (2011)။ Cambodia's Curse: The Modern History of a Troubled Land။ Hachette UK။ pp. 460–463။ ISBN 978-1-4596-2493-117 November 2019 တွင် ပြန်စစ်ပြီး[Javier Merelo de Barbera] spoke to dozens of [villagers] during the 2008 election campaign, and he said he observed a constant theme: 'People were very afraid of the CCP losing. They were very afraid of change.' After all, for centuries change in Cambodia has generally led to misery or death.
  78. De Launey, Guy (26 July 2010)။ Khmer Rouge prison chief Duch found guilty။ Bbc.co.uk။
  79. "Leader of Khmer Rouge torture prison gets life sentence"၊ CNN၊ 3 February 2012။ 
  80. Carmichael, Robert။ Cambodian Premier says No More Khmer Rouge Trials | News | English။ Voanews.com။
  81. John D. Ciorciari, "Cambodia in 2019: Backing Further into a Corner" Asian Survey 60#1 pp. 125–131. online
  82. The World Factbook — Central Intelligence Agency (in en)။
  83. Geography of Cambodia – World Atlas (in en)။
  84. ၈၄.၀ ၈၄.၁ Hays၊ Jeffrey။ TONLE SAP | Facts and Details (in en)။
  85. Laurenson၊ Jack။ Climate Change Hits Coastal Cambodia Hard
  86. Reaksmey။ UN Reports: Cambodia At High Risk From Climate Change – Cambodia's Official Climate Change Website
  87. Overland, Indra et al. (2017) Impact of Climate Change on ASEAN International Affairs: Risk and Opportunity Multiplier, Norwegian Institute of International Affairs (NUPI) and Myanmar Institute of International and Strategic Studies (MISIS).
  88. @NatGeoUK (2020-08-17)။ Cambodia's biggest lake is running dry, taking forests and fish with it (in en-gb)။
  89. Osborne၊ Zoe။ "Mekong basin's vanishing fish signal tough times ahead in Cambodia" (in en-GB)၊ The Guardian၊ 2019-12-16။ 
  90. Nobleman၊ Marc Tyler (2003)။ Cambodia။ Mankato, Minn: Bridgestone Books။ p. 7ISBN 978-0-7368-1370-9
  91. Rising Rivers Flood Schools, Prisons, Over 180,000 Hectares of Farms။ VOD (14 October 2020)။
  92. Tonle Sap Biosphere Reserve: perspective 2000, Mekong River Commission (MRC), 1 March 2003.
  93. Complete list of biosphere reserves. Publication Date: 3 November 2008, retrieved from UNESCO website. (PDF) . Retrieved on 5 July 2015.
  94. Eric Wikramanayake, Eric Dinerstein, Colby J. Loucks et al. (2002). Terrestrial Ecoregions of the Indo-Pacific: a Conservation Assessment. Island Press; Washington, DC, ISBN 1559639237.
  95. EPI (2016): Cambodia Archived 30 December 2016 at the Wayback Machine.
  96. 2016 Report | Environmental Performance Index – Development (11 February 2017)။ 4 February 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 January 2021 တွင် ပြန်စစ်ပြီး။
  97. ၉၇.၀ ၉၇.၁ Handley, Erin။ "Kingdom ranks low on global green list"၊ 18 February 2016။ 
  98. Logging threatens Cambodian tragedy – UN။ Planet Ark (6 March 2003)။
  99. Butler, Rhett (15 August 2014)။ Cambodia။ Mongabay။
  100. Cambodia။ Chatham House, The Royal Institute of International affairs (2015)။
  101. Cambodian Government Authorises Clear-Cutting in National Park။ Global Witness (9 July 2004)။
  102. Cambodia Sleeps With the FishesForeign Policy (6 June 2014)။
  103. LalinDuch (9 December 2015)။ Mother Nature's Youthful Ambassadors Get to WorkKhmer Times
  104. Cambodia: Environmental groups given chance to address PM Hun Sen at forum။ chatham House (22 August 2016)။
  105. Otsuki, Kei (17 January 2012)။ Environmental management: Boosting research in Cambodia။ United Nations University။
  106. Cox၊ Jonathan (2 November 2015)။ Charting the Next Seven Years of Environmental PolicyKhmer Times
  107. Ananth Baliga and Phak Seangly US cuts funding to CMAC amid government’s war of words with superpower 7 November 2017, The Phnom Penh Post.
  108. Cambodia 1993 (rev. 2008)
  109. Bahree, Megha (24 September 2014)။ In Cambodia, A Close Friendship With The PM Leads To Vast Wealth For One Power CoupleForbes
  110. NEOU၊ VANNARIN။ "Hun Sen Reveals Plan to Win 3 More Elections, Retire at Age 74"၊ 7 May 2013။ 
  111. Thul၊ Prak Chan။ "As protest looms, Cambodia's strongman Hun Sen faces restive, tech-savvy youth"၊ 6 September 2013။ 
  112. Cambodia protest clashes leave one dead, several wounded. Channel Asia. 16 September 2013
  113. Analysis: Punished at the polls, Cambodia's long-serving PM is smiling againReuters။ 18 October 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 January 2021 တွင် ပြန်စစ်ပြီး။
  114. "Cambodian Parliament launches era of one-party rule"၊ 5 September 2018။ 
  115. Boyle၊ David။ "Cambodia Set to Become One Party State"၊ Voice of America၊ VOA Cambodia၊ 30 July 2018။ 
  116. Ellis-Petersen၊ Hannah။ "Cambodian PM now 'fully fledged military dictator', says report"၊ The Guardian၊ 28 June 2018။ 
  117. ၁၁၇.၀ ၁၁၇.၁ Adams, Brad (31 May 2012)။ Adams, Brad, 10,000 Days of Hun Sen, International Herald Tribune, reprinted by Human Rights Watch.org။ Hrw.org။
  118. Open letter to Second Prime Minister Hun Sen from Amnesty International။ Hartford-hwp.com (11 July 1997)။
  119. "Country for Sale"၊ 26 April 2008။ 
  120. Country for Sale။ Global Witness။
  121. Coverage of Transparency International's Corruption Report by Rasmei Kampuchea Daily carried on Asia News Network, 2 December 2011။ Asianewsnet.net။ 10 December 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 January 2021 တွင် ပြန်စစ်ပြီး။
  122. Perrin, C.J. (30 March 2011) Australia, Singapore: Least Tainted with Corruption—survey, International Business Times.
  123. Transparency International's latest index။ Transparency.org။
  124. Convictions of activists in Cambodia demonstrates dire state of justice။ Amnesty International (27 December 2012)။
  125. Overseas Press Club of Cambodia condemns violent attack on journalists in Phnom PenhAustralia Network News
  126. "Guardian report on Hun Sen as strongman"၊ 3 December 2017။ 
  127. ၁၂၇.၀ ၁၂၇.၁ Retrieved November-14-2015. Globalwitness.org. Retrieved on 5 July 2015.
  128. Royal Government of Cambodia.Foreign Embassies။ 12 February 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 January 2021 တွင် ပြန်စစ်ပြီး။
  129. Cambodia's Political Future: Issues for U.S. PolicyAsia Society (26 March 1998)။ 28 October 2005 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 January 2021 တွင် ပြန်စစ်ပြီး။
  130. "Preah Vihear temple: Disputed land Cambodian, court rules"၊ BBC News၊ 11 November 2013။ 
  131. Judgment: Request for Interpretation of the Judgment of 15 June 1962 in the Case Concerning the Temple of Preah Vihear (Cambodia v. Thailand)။ International Court of Justice (11 November 2013)။ 11 November 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 January 2021 တွင် ပြန်စစ်ပြီး။
  132. name="Kynge"James Kynge, Leila Haddou and Michael Peel, FT Investigation: How China bought its way into Cambodia, Financial Times (8 September 2016).
  133. Fuller, Thomas (6 January 2014) Cambodia Steps Up Crackdown on Dissent With Ban on Assembly. New York Times
  134. Chapter XXVI: Disarmament – No. 9 Treaty on the Prohibition of Nuclear Weapons။ United Nations Treaty Collection (7 July 2017)။
  135. CO-PROSECUTORS' SUBMISSION ON STATUTE OF LIMITATIONS FOR NATIONAL CRIMES (2 May 2011)။
  136. Peng၊ Hor; Phallack၊ Kong; Menzel၊ Jörg, eds. (2012)။ Introduction to CAMBODIAN LAW။ Konrad-Adenauer-Stiftung, Cambodia။ pp. 7–8, 15–16။ ISBN 978-99950-982-1-6
  137. "LAW OF THE BAR: KINGDOM OF CAMBODIA (STATUTORY UNDERPINNINGS OF THE DEVELOPMENT OF AN INDEPENDENT BAR IN CAMBODIA: CODE OF ETHICS; INTERNAL REGULATIONS)" (1996). California Western International Law Journal 27: 2, Art. 5: 357–387. 
  138. World Report 2014: Cambodia Human Right Watch
  139. Cambodia။ The Minderoo Foundation Pty Ltd။ 14 March 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 June 2021 တွင် ပြန်စစ်ပြီး။
  140. Cambodia။ The Minderoo Foundation Pty Ltd။ 14 March 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 June 2021 တွင် ပြန်စစ်ပြီး။
  141. Cambodia။ The Minderoo Foundation Pty Ltd။ 14 March 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 June 2021 တွင် ပြန်စစ်ပြီး။
  142. 'Ruling Elite' in Cambodia Face ICC Complaint Over Land GrabsRadio Free Asia
  143. ""Cambodia at a crossroads": UN expert calls on Government to choose path of human rights"၊ Office of the High Commissioner for Human Rights (OHCHR)၊ 14 March 2018။ 
  144. "Cambodia accused of political clampdown amid coronavirus outbreak"၊ Al Jazeera၊ 24 March 2020။ 
  145. "Cambodia: Covid-19 Spurs Bogus 'Fake News' Arrests"၊ Human Rights Watch၊ 29 April 2020။ 
  146. Rice Today, April–June 2007, Vol. 6, No. 2. irri.org
  147. "Where Have All The Poor Gone? Cambodia Poverty Assessment 2013", World Bank May 2014
  148. Cambodia is now a lower-middle income economy: What does this mean? | East Asia & Pacific on the rise. Blogs.worldbank.org (1 July 2016). Retrieved on 20 December 2016.
  149. "The struggle between Thailand and Cambodia over oil and gas resources"၊ 17 September 2010။ 
  150. Gronholt-Pedersen, Jacob။ "Cambodia Aims for Offshore Production Next Year"၊ 26 September 2012။ 
  151. CBC's Mission။ Creditbureaucambodia.com။ 13 June 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 July 2021 တွင် ပြန်စစ်ပြီး။
  152. A Fact Sheet: Cambodia and Asian Development Bank။ Adb.org (25 February 2013)။ 4 April 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 July 2021 တွင် ပြန်စစ်ပြီး။
  153. Bribes hamper business in Cambodia – Asia-Pacific – Worldbulletin NewsWorld Bulletin
  154. Teehan, Sean (16 June 2015) Kingdom ranked low in labour rights index. Phnompenh Post.
  155. The Trouble With Cambodia’s New Law on Trade Unions. The Diplomat. Retrieved on 20 December 2016.
  156. ILO's statement on Trade Unions law in Cambodia. Ilo.org (4 April 2016). Retrieved on 20 December 2016.
  157. Unions and Employers Deeply Divided Over Cambodia’s Trade Union Law. Voacambodia.com (15 June 2016). Retrieved on 20 December 2016.
  158. Maierbrugger၊ Arno (11 July 2013)။ Cambodia's textile industry grew 32%Inside Investor
  159. Better Factories Cambodia Annual Report 2018: An Industry and Compliance Review
  160. Statement from the Project Advisory Committee of Better Factories Cambodia on its 47th Meeting – Better Work

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]