ဗီယက်နမ်နိုင်ငံ
| ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ | |||||
| Cộng hòa xã hội chủ nghĩa Việt Nam | |||||
|
|||||
| နိုင်ငံတော်ဆောင်ပုဒ် - "လွတ်လပ်ရေး - လွတ်မြောက်ရေး - သုခ" | |||||
| နိုင်ငံတော်သီချင်း - Tiến Quân Ca | |||||
| ပထဝီ |
|||||
| မြို့တော် | ဟာနွိုင်း | ||||
| အကြီးဆုံးမြို့ | ဟိုချီးမင်းမြို့ | ||||
ဧရိယာ
|
|||||
| စံတော်ချိန်ဇုန် | UTC +၇ | ||||
| လူနေမှု | |||||
| ရုံးသုံးဘာသာများ | ဗီယက်နမ် | ||||
လူဦးရေ
|
|||||
| လူမျိုးများ | ဗီယက် (၈၆.၂%)၊ တေး (၁.၉%)၊ ထိုင်း (၁.၇%)၊ မွမ်း (၁.၅%)၊ ခမာ (၁.၄%)၊ တရုတ် (၁.၁%)၊ နုန် (၁.၁%)၊ မြောင်ဇီ (၁%)၊ အခြား (၄.၁%) | ||||
| ကိုးကွယ်ယုံကြည်မှု | ဗုဒ္ဓ (၈၅%)၊ ခရစ်ယာန်ဘာသာ (၈%)၊ ခေါက်ဒိုင်းဘာသာ (၃%)၊ အခြား (၄%) | ||||
| နိုင်ငံရေး | |||||
| အမျိုးအစား | ဆိုရှယ်လစ်သမ္မတနိုင်ငံ | ||||
အစိုးရခေါင်းဆောင်များ
|
|||||
ထူထောင်မှု
|
|||||
| စီးပွားရေး | |||||
| GDP(PPP) | USD $၂၆၂.၅ သိန်းကုဋေ (အဆင့် - ၃၆) | ||||
| GDP(PPP) | USD $၃,၁၀၀ (အဆင့် - ၁၂၃) | ||||
| HDI | ၀.၇၃၃ (အလယ်) (အဆင့် - ၁၀၅) | ||||
| ငွေ | ဒုန်း (VND "₫") | ||||
| နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ | |||||
| ISO 3166-1 | VN | ||||
| CCLTD | .vn | ||||
| Calling code | +၈၄ | ||||
ဗီယက်နမ် (English:Vietnam အသံထွက် /ˌviːɛtˈnɑːm/; Vietnamese: Việt Nam) သို့ တရားဝင်အမည်အားဖြင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ (Vietnamese: Cộng hòa xã hội chủ nghĩa Việt Nam; /koŋ˨ hʊa˨˩ sa˧˨˧ hoi˨ tɕu˧˩˧ ŋiə˧˨˧ vɪət˨ nam/) သည် အရှေ့တောင်အာရှတွင် ရှိပြီး အင်ဒိုချိုင်းနားကျွန်းဆွယ်၏ အရှေ့ဖက်စွန်းတွင် တည်ရှိသည်။ မြောက်ဖက်တွင် တရုတ်နိုင်ငံ ၊ အနောက်မြောက်ဖက်တွင် လောနိုင်ငံ ၊ အနောက်တောင်ဘက်တွင် ကမ္ဘောဒီးယားနိုင်ငံ နှင့် အရှေ့ဖက်တွင် တောင်တရုတ်ပင်လယ်တို့က ဝိုင်းရံထားသည်။ လူဦးရေ ၈၆ သန်းရှိပြီး ကမ္ဘာပေါ်တွင် ၁၃ နိုင်ငံမြောက် လူဦးရေအများဆုံးနိုင်ငံဖြစ်သည်။
ဗီယက်နမ်သည် ၁၀ရာစုနှစ် နိုင်ငံအဖြစ်သို့မရောက်မီ တရုတ်တို့၏ အုပ်ချုပ်မှုအောက်တွင် နှစ်ပေါင်းထောင်ကျော်မျှနေခဲ့ရသည်။ အဆက်ဆက်သောမင်းဆက်တို့သည် အရှေ့တောင်အာရှ အတွင်းပိုင်းအထိ ပထဝီအနေအထား နှင့် နိုင်ငံရေးဆိုင်ရာ ဖြန့်ကျက်မှု တို့ဖြင့် ကြွယ်ဝချမ်းသာခဲ့ကြသည်မှာ ၁၉ရာစုအလယ်ပိုင်း ပြင်သစ်တို့၏ ကိုလိုနီအဖြစ် သိမ်းပိုက်ခြင်းမခံရမီ အချိန်အထိပင်ဖြစ်သည်။ ပြင်သစ်တို့ကို ခုခံတွန်းလှန်ရန် ကြိုးစားအားထုတ်မှုများကြောင့် ပြင်သစ်တို့ ကို ၂၀ရာစုအလယ်ပိုင်းတွင် မောင်းထုတ်နိုင်ခဲ့သော်လည်း နိုင်ငံကို နိုင်ငံရေးအားဖြင့် နှစ်ခြမ်းကွဲစေခဲ့သည်။ ဗီယက်နမ်စစ်ပွဲအတွင် တစ်ဖက်နှင့်တစ်ဖက် အပြင်းအထန် တိုက်ခိုက်ခဲ့ကြပြီး ကွန်မြူနစ်တို့၏ အောင်ပွဲအဖြစ် ၁၉၇၅ တွင် အဆုံးသတ်ခဲ့သည်။
ရှည်လျား၍ ခါးသီးသော စစ်ပွဲကို လွန်မြောက်ပြီးနောက် စစ်ဒဏ်ခံခဲ့ရသော ဗီယက်နမ်မှာ နိုင်ငံရေးအားဖြင့် အထီးကျန်ဖြစ်ခဲ့သည်။ အစိုးရ၏ ဗဟိုမှချုပ်ကိုင်သော စီးပွားရေးဆုံးဖြတ်ချက်များသည် စစ်အပြီး ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို အဟန့်အတား ဖြစ်စေခဲ့ပြီး စစ်ရှုံးနိမ့်သောဖက်သို့ ဆက်ဆံရေးများမှာ ပြန်လည်သွေးစည်းရေးထက် ဒေါသဖြစ်မှု ကို ပို၍ ဖြစ်စေခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို စတင်ခဲ့ပြီး နိုင်ငံတကာနှင့် ပြန်လည်ပေါင်းစပ်ရေးသို့ ဦးတည်ခဲ့သည်။ ၂၀၀၀ ခုနှစ်တွင် နိုင်ငံအများစုနှင့် သံတမန်ဆက်ဆံရေး ပြန်လည်တည်ဆောက်နိုင်ခဲ့ပြီးဖြစ်သည်။ ပြီးခဲ့သော ဆယ်စုနှစ်အတွင်းက ဗီယက်နမ်သည် ကမ္ဘာတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံးနိုင်ငံများတွင် ပါဝင်ခဲ့သည်။ ထိုသို့သော ကြိုးပမ်းအားထုတ်မှုများကြောင့် ဗီယက်နမ်သည် ၂၀၀၇ ခုနှစ်တွင် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့အစည်း (World Trade Organization) သို့ ဝင်ရောက်နိုင်ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်းမဟုတ်သော အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။
မာတိကာ |
အမည်ရင်းမြစ် [ပြင်ဆင်ရန်]
သမိုင်း [ပြင်ဆင်ရန်]
တရုတ်လက်အောက်တွင် နှစ်ပေါင်းများစွာကျရောက်ခဲ့ပြီး နန်းစောနိုင်ငံအင်အားကောင်းလာချိန်တွင် နန်းစောတို့ကတစ်လှည့် တရုတ်တို့ကတစ်လှည့်စီ ပိုင်ဆိုင်ခဲ့ကြသည်။ ထို့နောက် ၉၃၈ တွင်လွတ်လပ်ရေးရခဲ့သည်။ ဂီယာလောင်ဘုရင်လက်ထက်တွင် အင်အားကောင်းခဲ့သည်။ နောက်ပိုင်းမင်းများလက်ထက်တွင်အင်အားနည်းလာခဲ့ပြီး ပြင်သစ်တို့လက်အောက်ကျရောက်ခဲ့သည်။
နိုင်ငံရေးနှင့် အစိုးရ [ပြင်ဆင်ရန်]
နိုင်ငံခြားဆက်ဆံရေးနှင့် စစ်ရေးကိစ္စများ [ပြင်ဆင်ရန်]
ပြည်နယ်များ [ပြင်ဆင်ရန်]
ပထဝီနှင့် ရာသီဥတု [ပြင်ဆင်ရန်]
စီးပွါးရေး [ပြင်ဆင်ရန်]
ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှု၏ မဟာဗျူဟာဖြစ်သော လယ်ယာစိုက်ပျိုးထုတ်လုပ်မှု မှာ ၁၉၇၅ ခုနှစ် တစ်မျိုးသားလုံးပေါင်းစည်းပြီးနောက်ပိုင်းကာလတွင် တစ်နှစ်နှင့်တစ်နှစ် မတူ သိသာစွာ တက်ကျပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သည်။ အထူးသဖြင့် လယ်ယာကဏ္ဍ၏ မှတ်တမ်းတင်တိုးတက်မှုမှာ ၁၉၇၆ ခုနှစ်တွင် ရရှိခဲ့သည်။ ၁၉၇၅ ခုနှစ်အပေါ် ၁၀ ရာခိုင်နှုန်းထိ တိုးတက်ခဲ့သည်။ သို့သော် ၁၉၇၇ နှင့် ၁၉၇၈ ခုနှစ်များတွင်မူ ၁၉၇၆ ခုနှစ် ထုတ်လုပ်မှု၏ ၉၅ ရာခိုင်နှုန်းခန့်ထိ ကျဆင်းသွားခဲ့ရာမှ ၁၉၇၆ ခုနှစ် ထုတ်လုပ်မှုကို ၁၉၇၈ ခုနှစ်ရောက်မှ ပြန်လည် ကျော်လွန်နိုင်ခဲ့လေသည်။
ဗီယက်နမ် သီးနှံနှင့် အသားထုတ်လုပ်မှုသည် ဖော်ပြပါကာလအတွင်း တစ်ခုလျော့ တစ်ခုကူ သည်ကို တွေ့ရသည်။ ဥပမာအားဖြင့် ၁၉၇၇ ခုနှစ်တွင် အသားထုတ်လုပ်မှုတန်ဘိုး ၈ ရာခိုင်နှုန်းတိုးတက်မှုသည် သီးနှံထုတ်လုပ်မှု ၈ ရာခိုင်နှုန်း ကျဆင်းခြင်း (အထူးသဖြင့် စပါးထွက်ရှိမှု ၁ မက်ထရစ်တန် လျော့နည်းထွက်ရှိခြင်း)ကို ကာမိစေကြောင်း တွေ့ရသည်။ ၁၉၇၈ ခုနှစ်တွင်မူ ပြောင်းပြန်ဖြစ်သည်။ အသားထုတ်လုပ်မှု များစွာကျဆင်းသွားခြင်းကို နှံစားသီးနှံ ထုတ်လုပ်မှု သိသာစွာ တိုးတက်ခြင်းက ကာမိစေခဲ့သည်။ ဤကာလတွင် သီးနှံ ထုတ်လုပ်မှုတန်ဘိုးသည် အကြမ်းအားဖြင့် သားငါးထုတ်လုပ်မှု၏ ၄ ဆမျှရှိသည်။[၁]
လူဦးရေပျံနှင့် နေထိုင်မှု [ပြင်ဆင်ရန်]
အယူဘာသာများ [ပြင်ဆင်ရန်]
ယဉ်ကျေးမှု [ပြင်ဆင်ရန်]
အားကစား [ပြင်ဆင်ရန်]
ဆက်စပ်ကြည့်ရှုရန် [ပြင်ဆင်ရန်]
ရည်ညှန်းချက်များ [ပြင်ဆင်ရန်]
ပြည်ပဆက်သွယ်ရေး [ပြင်ဆင်ရန်]
|
||||||||
