အေအိုင်ဒီအက်စ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Acquired immunodeficiency syndrome (AIDS)
Classification and external resources
အနီရောင်ဖဲကြိုးသည် အိတ်ချ်အိုင်ဗွီ ရောဂါပိုးရှိသော လူနာများနှင့် အေအိုင်ဒီအက်စ် ဖြစ်နေသူတို့နှင့် စည်းလုံးခြင်း အထိမ်းအမှတ် သင်္ကေတ ဖြစ်သည်။
ICD-10 B24.
ICD-9 042
DiseasesDB 5938
MedlinePlus 000594
eMedicine emerg/253
MeSH D000163
AIDSရောဂါသည်တစ်ဦး

AIDS[ပြင်​ဆင်​ရန်​]

AIDS (အေအိုင်ဒီအက်စ်)ရောဂါသည် “အိတ်ချ်အိုင်ဗွီပိုး” (HIV virus) ကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။ လူ့ကိုယ်ခံစွမ်းအားကျ ကူးစက်ရောဂါပိုးဟု အဓိပ္ပါယ်ရပါသည်။ အိတ်ချ်အိုင်ဗွီပိုးသည် အလွန်သေးငယ် နုနယ်ပြီး သာမန်မျက်စိဖြင့် မမြင်ရချေ။ အလွန်အားကောင်းသော ခေတ်မီအဏုကြည့် မှန်ဘီလူးများဖြင့် ကြည့်မှသာ မြင်နိုင်ပါသည်။ AIDS ဆိုသည့် စကားလုံးသည် A=Acquired (မွေးရာပါမဟုတ်၊ ကူးစက်ခြင်းဖြင့် ရရှိလာသော)၊ I=Immune (ခုခံအား/ကိုယ်ခံအား)၊ D=Deficiency (လျော့နည်းကျဆင်းမှု)၊ S=Syndrome (ရောဂါလက္ခဏာစု) ကို ကိုယ်စားပြုပါသည်။ ထို့ကြောင့် AIDS ကို မြန်မာလို “ခုခံအားကျဆင်းမှု ကူးစက်ရောဂါ” ဟု ခေါ်ဆိုပါသည်။ အချို့ဒေသများတွင် ဤရောဂါကို “လေးလုံးရောဂါ” (သို့မဟုတ်) အေဝမ်းဒီဖိုက်လို့ အရပ်ခေါ် ခေါ်ကြပါသည်။ အေအိုင်ဒီအက်စ်ရောဂါဟု ပြောနေရေးနေကြသော်ငြား နိုင်ငံတကာတွင်တော့ စာလုံးလေးလုံးကို ပေါင်းစပ်ပြီး “အေ့ဒ်စ်”ရောဂါဟု အသံထွက် ခေါ်ဝေါ်ကြပါသည်။

HIV ရောဂါပိုးအစ[ပြင်​ဆင်​ရန်​]

အိတ်ချ်အိုင်ဗွီရောဂါပိုးသည် အာဖရိကတိုက် တောတောင်တွေထဲက လူဝံ၊ မျောက် အစရှိသည့် သတ္တဝါများဆီမှာ ရှိခဲ့သည်ဟု ယူဆကြပါသည်။ ထိုသတ္တဝါတွေဆီက ရောဂါပိုးသည် အသွင်ကူးပြောင်းပြီး လူတွေဆီကို ရောက်ရှိလာပုံရကြာင်း အချို့သိပ္ပံပညာရှင်များက ရေးသားဖော်ပြကြပါသည်။ လူသူနည်းတဲ့ တောတောင်တွေထဲမှာ အိတ်ချ်အိုင်ဗွီပိုးဟာ လူတစ်ဦးကနေ တစ်ဦးကို အလွယ်တကူ ကူးစက်ဖို့ အခွင့်အရေး မရခဲ့ပေ။ တဖြည်းဖြည်းနှင့် နည်းပညာတွေ တိုးတက်လာပြီး ဆက်သွယ်သွားလာမှု အင်မတန်လျင်မြန် လွယ်ကူလာတဲ့အခါမှာတော့ လူတွေဟာ တစ်နေရာကနေ တစ်နေရာ၊ တစ်နိုင်ငံကနေ တစ်နိုင်ငံကို နေ့ချင်းညချင်း အရောက် ကူးလူးသွားနိုင်ကြသည်။ တစ်ချိန်တည်းမှာပင် လူများ၏ နေပုံထိုင်ပုံလည်း ပြောင်းလဲလာသည်။ လိင်မှုဆိုင်ရာ အမူအကျင့်များလည်း ပြောင်းလဲလာသည်။ ဘိန်းဖြူပေါ်လာသည့်အခါ ဘိန်းဖြူကို သွေးကြောထဲ ထိုးသွင်း သုံးစွဲကြသည်။ ထိုသို့ ဘိန်းဖြူထိုးသည့်အခါ ဆေးထိုးအပ်များကို အတူတူ မျှသုံးကြသည့်အတွက် ဆေးထိုးအပ်၊ ဆေးထိုးပြွန်တွေမှာ ကပ်ကျန်သည့် သွေးကနေတစ်ဆင့် အိတ်ချ်အိုင်ဗွီပိုး အလွယ်တကူ ကူးစက်ပျံ့နှံ့တော့သည်။ ဆေးစွဲသူများမှတဆင့် ၎င်းတို့၏ ဇနီးမယားများ၊ လိင်ဆက်ဆံဘက်များ၊ ပြည့်တန်ဆာများဆီကို ကူးစက်ကြပါသည်။ ဆေးစွဲသူတွေထဲမှာ ပြည့်တန်ဆာအလုပ်လုပ်နေကြသူတွေ ရှိနေပြန်တော့ သူတို့ကနေတစ်ဆင့် လူအများကြီးကို ရောဂါကူးနိုင်ပြန်သည်။ အေ့ဒ်စ်ရောဂါ၏ ကူးစက်နည်းသည် တစ်နည်းမကဘဲ တစ်နည်းနှင့်တစ်နည်း ဆက်နွယ်ပြီးလည်း ကူးစက်နိုင်သည့်အတွက် ကူးစက်မှု ပိုမိုတွင်ကျယ်လာပါသည်။ ထိုသို့ဖြင့် တစ်နေရာမှာရှိသည့် ရောဂါပိုးသည် နေရာအနှံ့အပြားကို ရောက်ရှိသွားပြီး ယခုအခါမှာတော့ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံအားလုံးကို အိတ်ချ်အိုင်ဗွီပိုး ကူးစက်ပျံ့နှံ့လျက် ရှိပါသည်။

အေအိုင်ဒီအက်စ်ရောဂါကို စတင်တွေ့ရှိပုံ== အေအိုင်ဒီအက်စရောဂါကို ၁၉၈၁ ခုနှစ်က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် စတင်တွေ့ရှိ ဖော်ထုတ်နိုင်ခဲ့သည်။ အေအိုင်ဒီအက်စ်ရောဂါသည် ထိုမတိုင်မီကတည်းကပင် ကမ္ဘာပေါ်ရှိနေရာဒေသ အနှံ့အပြားတွင် ရှိနေခဲ့ပြီး နောက်ပိုင်းနှစ်တွေမှာ ကပ်ရောဂါအသွင်ဖြင့် အာဖရိက၊ အမေရိက နိုင်ငံအပါအဝင် နိုင်ငံအတော်များများတွင် ဖြစ်ပွားခဲ့သည်။

ရောဂါပေါ်ကာစအချိန်က အနောက်နိုင်ငံသား ယောက်ျားချင်း လိင်တူဆက်ဆံသူတွေမှာ အများဆုံး တွေ့ခဲ့ရပြီး နောက်ပိုင်းတွင်တော့ ဖိုမဆက်ဆံရာမှ၊ မူးယစ်ဆေးသုံးစွဲရမှ ကူးစက်ကုန်ကြသည်။ အာရှနိုင်ငံများတွင် မူးယစ်ဆေးအကြောထဲထိုးသုံးတဲ့ လူတွေဆီမှာ ရောဂါပိုး စတွေ့ခဲ့ပါသည်။ ရောဂါပိုးသည် စတွေ့ခဲ့တဲ့လူတွေဆီမှာသာ ရှိနေခြင်းမဟုတ်ဘဲ ထိုမှတစ်ဆင့် ပြည့်တန်ဆာအမျိုးသမီးများဆီသို့၊ ပြည့်တန်ဆာအမျိုးသမီးများမှ လိင်အပျော်အပါးလိုက်စားတဲ့ အမျိုးသားများဆီသို့၊ လိင်အပျော်အပါး လိုက်စာသည့် အမျိုးသားများမှတဆင့် ယင်းတို့၏ ဇနီးများဆီသို့ အဆင့်ဆင့် ကူးစက်ခဲ့သည်။ အမျိုးသမီးများကို ရောဂါပိုးကူးသွားသည့်အခါ ၎င်းတို့ ကိုယ်ဝန်ဆောင်သည့်အချိန်တွင် သန္ဓေသားကိုပါ တဆင့် ကူးစက်ပြန်လေသည်။

အိတ်ချ်အိုင်ဗွီပိုး နှစ်မျိုး[ပြင်​ဆင်​ရန်​]

အိတ်ချ်အိုင်ဗွီပိုး နှစ်မျိုးရှိသည်။ ကမ္ဘာပေါ်တွင် အဓိက ကူးစက်ပျံ့နှံ့နေတာက အိတ်ချ်အိုင်ဗွီ-၁ ဖြစ်သည်။ အိတ်ချ်အိုင်ဗွီ-၂ ကို ၁၉၈၆ ခုနှစ်မှာ စတင်စမ်းသပ် တွေ့ရှိခဲ့သည်။ ၎င်းပိုးနှစ်မျိုးသည် ပုံစံဆင်တူသော်လည်း အသေးစိတ်မှာ ကွဲပြားခြားနားကြသည်။ အိတ်ချ်အိုင်ဗွီ-၂ သည် အိတ်ချ်အိုင်ဗွီ-၁ လောက် ကူးစက်မှုနှုန်း မမြန်ပေ။ ရောဂါလက္ခဏာများမှာလည်း အိတ်ချ်အိုင်ဗွီ-၁ လောက် မပြင်းထန်ပေ။ အိတ်ချ်အိုင်ဗွီ-၂ ကို အနောက်အာဖရိက တိုင်းပြည်အချို့မှာသာ တွေ့ရှိရပါသည်။

အေ့ဒ်စ်ရောဂါကြောင့် ကိုယ်ခံအားကျဆင်းခြင်း[ပြင်​ဆင်​ရန်​]

လူတို့၏ ပတ်ဝန်းကျင်တွင် ဒုက္ခပေးနိုင်သည့် ရောဂါပိုးအမျိုးမျိုး ရှိလေသည်။ နေ့စဉ်သွားလာလှုပ်ရှားရင်း၊ စားရင်းသောက်ရင်းဖြင့် ထိုရောဂါပိုးများ ခန္ဓာကိုယ်ထဲ ရောက်လာတတ်သည်။ သို့သော် ကိုယ်ခံအားကောင်းနေလျှင် ဘာရောဂါမှ ဖြစ်မလာနိုင်ပေ။ ဖျားခြင်း၊ နာခြင်း၊ အအေးမိ ချောင်းဆိုးခြင်းများသည် ခဏသာဖြစ်တတ်ပြီး ရက်ပိုင်းအတွင်း ပျောက်ကင်းသွားတတ်သည်။ အဘယ်ကြောင့်ဆိုသော် သွေးထဲမှာ ရှိသည့် သွေးဖြူဥများက အပြင်မှ ဝင်လာသည့် ရောဂါပိုးများကို ဖျက်ဆီးတိုက်ဖျက်ပေးနေ၍ ဖြစ်သည်။ သွေးဖြူဥများနှင့် ဖွဲ့စည်းထားသည့် ခုခံမှု စွမ်းအားစနစ်ကြောင့် ကိုယ်ခံအား ရှိနေပြီး လူတွေမှာ တော်ရုံတန်ရုံ ရောဂါမဖြစ်နိုင်ချေ။ အိတ်ချ်အိုင်ဗွီပိုးသည် သွေးဖြူဥထဲကိုဝင်၍ မျိုးတူ အိတ်ချ်အိုင်ဗွီပိုးတွေ များများထုတ်လုပ်ပြီး သွေးဖြူဥများကို ပျက်စီးစေသည်။ သွေးဖြူဥ ပျက်စီးတာများလာသည့်အခါတွင် ဝင်လာသော တခြားရောဂါပိုးများကို တိုက်ဖျက်နိုင်စွမ်း မရှိတော့ချေ။ ခုခံမှုစွမ်းအားစနစ် ပျက်စီးသွားပြီး ကိုယ်ခံအားများလည်း လျော့ကျသွားတော့သည်။ ကိုယ်ခံအား လျော့ကျသွားသူမျာသည် အဆုတ်တီဘီရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အပြင်းစားရေယုန်၊ ဦးနှောက်ယောင်ရောဂါ အစရှိသည့် စိုးရိမ်စရာကောင်းသည့် ရောဂါများ အလွယ်တကူ ဖြစ်လာပါသည်။

အိတ်ချ်အိုင်ဗွီပိုးသည် သွေးထဲမှာပင်ရှိသလား[ပြင်​ဆင်​ရန်​]

သွေးဖြူဥများသည် ကိုယ်တွင်းရှိ အရည်အားလုံးတွင် ရှိသည်။ ထို့ကြောင့် ကိုယ်တွင်းရှိ အရည်အားလုံးဆီကို အိတ်ချ်အိုင်ဗွီပိုး အနည်းနှင့်အများ ရောက်သွားနိုင်သည်။ သို့သော် မျက်ရည်၊ ချွေး၊ ဆီးတို့ကိုတော့ ရောက်ရှိနိုင်မှု အင်မတန်နည်းသည့်အတွက် ယင်းတို့မှတစ်ဆင့် ကူးစက်မှုမရှိနိုင်ပါ။ သုတေသနပြုချက်များအရ အိတ်ချ်အိုင်ဗွီပိုးသည် သွေး၊ သုတ်ရည်နှင့် မိန်းမလိင်အင်္ဂါမှ ထွက်သည့် အရည်များတွင် အဓိက အများဆုံး ရှိပါသည်။

အိတ်ချ်အိုင်ဗွီပိုးသည် လူခန္ဓာကိုယ်ပြင်ပတွင် ဘယ်လောက်ကြာ အသက်ရှင်နေနိုင်သလဲ[ပြင်​ဆင်​ရန်​]

အိတ်ချ်အိုင်ဗွီပိုးသည် လူ့ခန္ဓာကိုယ်၏ ပြင်ပတွင် ကြာကြာအသက်မရှင်နိုင်ချေ။ ပြင်ပမှ နေရောင်၊ လေထုတို့နှင့် တွေ့ထိလျှင် သေသွားသည်။ ခန္ဓာကိုယ်အပြင်ဘက် ရောက်လာသည့် သွေးများ၊ အရည်များ ခြောက်ခမ်းသွားချိန်တွင် ပိုးလည်း သေသွားပြီဖြစ်သည်။ အိတ်ချ်အိုင်ဗွီပိုး ပါဝင်သည့် သွေး(သို့)အရည် ကျသွားသည့် နေရာ၏ စွတ်စိုမှု၊ နေရောင်ထိတွေ့မှုနှင့် အရည်ပမာဏ အနည်းအများ (ဥပမာ-သွေးပုလင်း၊ သွေးကွက်၊ သွေးစက်) ပေါ်မှာ မူတည်ပြီး စက္ကန့်ပိုင်း၊ မိနစ်ပိုင်း၊ နာရီပိုင်း၊ ရက်ပိုင်း စသည်ဖြင့် ကွာခြားသွားနိုင်ပါသည်။ ထို့ကြောင့် အပြင်ရောက်ပြီး ဘယ်လောက်ကြာတဲ့ သွေး(သို့)အရည်ပဲဖြစ်စေ အလွယ်တကူ မကိုင်တွယ်သင့်ချေ။ ကိုင်တွယ်သည့်အခါ ကာကွယ်မှု ယူရပါမည်။ အိတ်ချ်အိုင်ဗွီပိုးသည် အလွယ်တကူ မကူးစက်နိုင်၊ လိင်ဆက်ဆံခြင်း၊ သွေးသွင်းခြင်း၊ ပိုးမသတ်ထားသည့် ဆေးထိုးအပ်များဖြင့် ဆေးထိုးခြင်းများဆီကသာ အဓိက ကူးစက်နိုင်ပါသည်။

ရောဂါလက္ခဏာများ[ပြင်​ဆင်​ရန်​]

လူတစ်ယောက်၏ ရုပ်ရည်ကိုကြည့်ပြီး ထိုလူမှာ အိတ်ချ်အိုင်ဗွီပိုးရှိမရှိ သေချာမပြောနိုင်ချေ။ ရောဂါပိုးရှိသူ အများအပြားသည် အပေါ်ယံကြည့်လျှင် ပုံမှန် ကျန်းမာနေသည်ဟု ထင်ရသည်။ သို့သော် လူ၏ ခန္ဓာကိုယ်ထဲတွင် အိတ်ချ်အိုင်ဗွီပိုးသည် လက္ခဏာမပြဘဲ နှစ်ပေါင်းများစွာ ရှိနေနိုင်ပေသည်။ နှစ်ပေါင်းအတော်ကြာပြီး သွေးဖြူဥတွေ အတော်များများ ပျက်စီးပြီးသည့်အခါမှ စ၍ ဖျားတတ်သည်။ ထိုအချိန်ကျမှ ရောဂါလက္ခဏာများ ပေါ်လာပါမည်။

ရောဂါပိုးကူးစက်ခြင်း[ပြင်​ဆင်​ရန်​]

ရောဂါပိုးပါဝင်သည့် သွေး၊ သုတ်ရည်၊ မိန်းမအင်္ဂါမှထွက်သည့် အရည်များ မိမိ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လျှင် ရောဂါကူးစက်နိုင်ပါသည်။ ထို့ကြောင့်

  • ရောဂါပိုးရှိသူနှင့် ဖိုမဆက်ဆံခြင်းမှ ရောဂါကူးစက်နိုင်ပါသည်။ ယောကျ်ားခြင်း လိင်တူဆက်ဆံလျှင်လည်း ကူးစက်နိုင်ပါသည်။ လိင်ဆက်ဆံသည့် အဖော်များလေ အိတ်ချ်အိုင်ဗွီပိုး ကူးစက်ဖို့ အခြေအနေများလေပဲ ဖြစ်သည်။
  • ရောဂါပိုးပါသည့် သွေးသွင်းမိပါက ရောဂါကူးစက်နိုင်ပါသည်။
  • ရောဂါပိုးရှိသည့် လူနာကို ထိုးပြီးသည့် ဆေးထိုးအပ်နှင့် ဆေးထိုးပြွန်ကို သေသေချာချာ ရေနွေးဆူဆူဖြင့် မပြုတ်ဘဲ နောက်တစ်ယောက်ကို ထိုးလျှင်လည်း ရောဂါပိုး ကူးစက်နိုင်ပါသည်။ မူးယစ်ဆေး သွေးကြောထဲထိုးသွင်းသူများ ရောဂါကူးစက်သည်မှာ ဤနည်းဖြင့် ဖြစ်သည်။
  • ရောဂါပိုးရှိနေသည့် ကိုယ်ဝန်ဆောင်မိခင်မှ သူ၏ သန္ဓေသားကို ကူးစက်နိုင်သည့်အတွက် မွေးကင်းစကလေးတွင် ရောဂါပိုးပါဝင်လာတတ်ပါသည်။

(Che bella lengua =) (El mejor idioma)

အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး[ပြင်​ဆင်​ရန်​]

နှစ်စဉ် ဒီဇင်ဘာ တစ်ရက်နေ့ကို ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ထားသည်။ ၁၉၉၃ နှစ်လည် အခြေအနေခန့်မှန်းချက်အရ ကမ0x056ာ၌ အိပ်ချ်အိုင်ဗွီပိုးစွဲကပ်နေသူ ၁၃ သန်း ရှိ၍ အေအိုင်ဒီအက်စ် ရောဂါဝေဒနာရှင်ပေါင်း ၂ ဒသမ ၅ သန်းရှိသည်။ မြန်မာနိုင်ငံ ပြည့်တန်ဆာများတွင် သွေးထဲ ံ၍ဥ0x038 ရောဂါပိုး ရှိသူ ၉ဇ0x040 ရှိနေပြီ။ လွန်ခဲ့သော ၂ နှစ်က ဝ ဒသမ ၅ဇ0x040 သာ ရှိသည်။

ဤရောဂါကို ၁၉၈၁ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၌ စတင်တွေ့သည်။ ၁၉၉၃ ခုနှစ်တွင် ခုခံအားကျဆင်းမှု ကူးစက် ရောဂါ (အေအိုင်ဒီအက်စ်) ဖြစ်ပွားနေပြီဟု သတင်းပို့ထားသူ ၇၁၈၈၉၄ ဦး ရှိသည်ဟု ကမ0x056ာ့ကျမ်းမာရေးအဖွဲ့ (ဒဗလျူ အိပ်ချ်အို)က ေ0x100ကညာသည်။

ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (အေအိုင်ဒီအက်စ်) ေ0x100ကာင့် သက0x033ရာဇ် ၂ဝဝဝ အတွင်းတွင် နောက်ထပ် လူခြောက်သန်း သေဆုံးလိမ့်မည်ဟု ကမ0x056ာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိပ်ချ်အို) ညွှန်0x100ကားရေးမှူး မိုက်ကယ်မာဆန်က ပြော 0x100ကားသည်။

အေအိုင်ဒီအက်စ်ရောဂါ ကူးစက်မှု အာရှတိုက်တွင်မ0x100ကုံဖူးအောင်ပျံ့နှံ့လျက်ရှိ ခုခံအားကျဆင်းမှု ကူးစက်ရောဂါသည် အာရှတိုက်တွင် မ0x100ကုံဖူးအောင် ကူးစက်ပျံ့နှံ့လျက်ရှိရာ သက0x033ရာဇ် ၂ဝဝဝ ပြည့်နှစ်၌ တစ်ကမ0x056ာလုံး ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ဝေဒနာရှင် ၁ဝ သန်းရှိမည်ဟု ခန့်မှန်းထားသည့်အနက် အများစုမှာ အာရှတိုက်တွင်ရှိမည့် အလားအလာရှေိ0x100ကာင်းဖြင့် အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) အစီရင်ခံစာတွင် ဖော်ပြ လိုက်သည်။

အ0x1150x050ိယနှင့် ထိုင်းနိုင်ငံတို့တွင် ခုခံအားကျဆင်းမှု ကူးစက် ရောဂါ (အေအိုင်ဒီအက်စ်) ဖြစ်ပွားနိုင်သည့် ဗိုင်းရပ်စ်ပိုး တွေ့ရှိသူဦးရေမှာ ၁၉၈၇ ခုနှစ်၌ ၁ဝဝဝ စီရှိခဲ့ရာမှ ယခုအခါ တွင် ရောဂါဖြစ်ပွားသူ ဝေဒနာရှင်ထောင်ပေါင်းများစွာ ရှိနေ ပြီကို တွေ့ရသည်ဟုလည်း ဖော်ပြလိုက်သည်။ ထိုင်းနိုင်ငံတွင် အေအိုင်ဒီအက်စ် ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ နှစ်သိန်းမှ လေးသိန်း0x100ကားရှိမည်ဖြစ်ပြီး၊ အိ0x1150x050ိယနိုင်ငံတွင် လေးသိန်းမှ တစ်သန်းအတွင်းရှိမည်ဟု ခန့်မှန်းသည်။ ယခုရာစုနှစ်ကုန်တွင် ကမ0x056ာတစ်ဝန်း၌ အေအိုင်ဒီအက်စ် ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ သန်း ၄ဝ အထိ ရှိမည်ခန့်မှန်းထားရာ ထက်ဝက်ကျော်မှာ အာရှတိုက်တွင် တွေ့ရှိမည်ဟုလည်း ခန့်မှန်းတွက်ဆထားသည်။

အာရှတိုက်တွင် အေအိုင်ဒီအက်စ်ရောဂါ ပျံ့နှံ့ရသည့် အေ0x100ကာင်းရင်းများတွင် ပြည့်တန်ဆာလုပ်ငန်းနှင့် မူးယစ် ဆေးဝါးများ အေ0x100ကာတွင်းထိုးသွင်းမှုတို့ အဓိကပါဝင်သည် စသည်ဖြင့် ရိုက်တာသတင်း၊ 0x100သဂုတ် ၄၊ ၁၉၉၂ က ဖော်ပြ လိုက်သည်။

လိင်တူဆက်ဆံသူများ၊ သွေးသွင်းဆေးကုသမှု ခံယူသူ များတွင်သာ ဤရောဂါ အဓိကဖြစ်ပွားခဲ့သည်။ ယခုတော့ ပြည်တန်ဆာများက တစ်ဆင့် ဖိုမစိတ်ဆ0x1150x050လွန်ကဲသော ယောကျ‡ားများ၊ ပြည့်တန်ဆာများ၊ ကလေးများသို့ ကူးစက်နေပြီ။

ရောဂါပိုးကို ရှာလို့မတွေ့နိုင်သောကာလ အေအိုင်ဒီအက်စ်ရောဂါကို ဖြစ်စေသော အိပ်ချ်အိုင်ဗွီ ဗိုင်းရပ်စ်ပိုးကို ရောဂါကူးစက်ခံရပြီဆိုသည်နှင့် ချက်ချင်း သွေးထဲမှာ ရောဂါပိုးရှေိ0x100ကာင်း ပြမည်မဟုတ်ပါ။ အိပ်ချ်အိုင်ဗွီ ရောဂါပိုးသည် ကူးစက်ခံရသူ၏ ခ0x1150x051ာကိုယ်၌ ပွားများနေပြီး၊ ကာလအတော်ကလေး0x100ကာတော့မှ ရောဂါပိုး သွေးထဲရှေိ0x100ကာင်း ပြမည်ဖြစ်ပါသည်။ ဤသို့ ရောဂါပိုးကူးစက်ခံပြီး ရောဂါ လက0x034ဏာ မပြသေးသော ကာလကို ဆေးပညာရှင်များက တ0x048၍0x1150x050ီဥတ0x048 စ0x038နမ0x057၍ဦ ဟု ခေါ်0x100ကသည်။ ဤကာလသည် အနည်းဆုံး နှစ်လမှ တစ်နှစ်နီးပါး အချိန်0x100ကာတတ်သဖြင့် ယခုမကောင်းသော အမျိုးသမီးနှင့် ဆက်ဆံမိပြီး တစ်ပတ် လောက်အတွင်း သွေးထဲ၌ အိပ်ချ်အိုင်ဗွီရောဂါပိုး ရှိ မရှိ စစ်ဆေးကာ သွေးထဲရောဂါပိုးမရှိဟု အဖြေရရုံနှင့် စိတ် မချရပါ။

နောက်ထပ်ပိုပြီး ထူးခြားသော တွေ့ရှိချက်တစ်ခုက အိပ်ချ်အိုင်ဗွီနှင့် အလားတူသော အခြားဗိုင်းရပ်စ်ရောဂါပိုး အချို့ကလည်း အေအိုင်ဒီအက်စ်ရောဂါကို ဖြစ်စေတတ်ပါ သေးသည်။ ဤပိုးအမျိုးအစားတို့ကို ယခုအသုံးပြုနေသော သမားရိုးကျသွေးစစ်ဆေးသည့်နည်းဖြင့် ဖော်ထုတ်နိုင်ခြင်း မရှိပါ။

အ0x100ကမ်းအားဖြင့် ရောဂါကူးစက်ခံရသော ရောဂါသည် ၉ဝဇ0x040 လောက်ကိုသာ ယခုအသုံးပြုနေသော သွေးစစ်သည့်နည်း ဖြင့် ရောဂါပိုးရှိ မရှိကို အဖြေပေးနိုင်ပါသည်။

အိပ်ချ်အိုင်ဗွီပိုးရှိ မိခင်နို့ရည် ရင်သွေးငယ်ကို ကူးစက်နိုင် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (အေအိုင်ဒီအက်စ်) ကို ဖြစ်ပွားစေသည့် အိပ်ချ်အိုင်ဗွီ ဗိုင်းရပ်စ်ပိုး ကူးစက်နေသူ အမျိုးသမီးများသည် ၎င်းတို့၏ ရင်သွေးငယ်များကို နို့ချို တိုက်ကျွေးခြင်းဖြင့် ရင်သွေးငယ်၌ အိပ်ချ်အိုင်ဗွီံရောဂါပိုး ကူးစက်ပျံ့ပွားနိုငေ်0x100ကာင့်လေ့လာချက်တစ်ရပ်တွင် ဖော်ပြ ထားသည်။

သို့ရာတွင် မိခင်များသည် အိပ်ချ်အိုင်ဗွီဗိုင်းရပ်စ်ပိုး ကူးစက်နေလျှင်သော်မှ ၎င်းတို့၏ ရင်သွေးငယ်များကို နို့ချိုတိုက်ကျွေးခြင်း ရပ်မပစ်သငေ့်0x100ကာင်းဖြင့်လည်း အခြားအစီရင်ခံစာတစ်ရပ်၌ ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

ထိုသို့ အိပ်ချ်အိုင်ဗွီ ဗိုင်းရပ်စ်ပိုးကူးစက်နေသည့် မိခင်၏ နို့ရည်တိုက်ကျွေးခြင်းဖြင့် ရင်သွေးငယ်၌ အိပ်ချ်အိုင်ဗွီပိုးကူး စက်နိုငေ်0x100ကာင်းကို လောလောလတ်လတ် ကလေးမွေးဖွားခဲ့ 0x100ကသည့် အိပ်ချ်အိုင်ဗွီပိုး ကူးစက်နေသော မိခင် ၂၁၅ ဦး၏ နို့ရည်များကို စူးစမ်းလေ့လာခဲ့ရာမှ သိရှိခဲ့ရခြင်းဖြစ်သည်။

မြန်မာနိုင်ငံ အေအိုင်ဒီအက်စ်ရောဂါနောက်ဆုံးတွေ့ရှိချက်များ ၁၉၉၂ ပထမသုံးလပတ်၌ အေအိုင်ဒီအက်စ်ရောဂါ ဖြစ်သူ လေးဦးရှိခဲ့သည်။ ၁၉၉၃ ၌ အေအိုင်ဒီအက်စ်ရောဂါဖြစ်သူ ၁၆ ဦးရှိသည်။ ၁၉၉၃ ဒုတိယသုံးလပတ်၌ လူနာ ၂၂ ဦး ရှိလာသည်။

လုပ်အားပြည့်ဝသည့် အသက် ၂ဝ - ၃၉ အရွယ်၌ ဖြစ်နေ၍၊ နိုင်ငံ၏စီးပွားရေး ထိခိုက်လာနိင်သည်။ ပြည့်တန် ဆာများအ0x100ကား သွေးထဲအိပ်ချ်အိုင်ဗွီပိုးတွေ့ရသူ ၉ဇ0x040 အထိ မြင့်မားလာပြီ။

မြန်မာနိုင်ငံ အထူးကုဆရာဝန်0x100ကီးများ၏ (၆) 0x100ကိမ်မြောက် ညီလာခံကို ရန်ကုန်မြို့ဆရာဝန်အသင်းတိုက်၌ ၁၉၉၃ တွင် ကျင်းပခဲ့ရာ အမြို့မြို့အနယ်နယ်မှ ဆရာဝန်0x100ကီးပေါင်း ၂ဝဝ ကျော်တက်ရောက်ခဲ့0x100ကသည်။

အဆိုပါ သုတေသနညီလာခံ၌ စာတမ်းများကို တင်သွင်း ဆွေးနွေးခဲ့0x100ကရာ အများပြည်သူလူထုနှင့် သက်ဆိုင်သည်ဟု စာရေးသူ ထင်မြင်သော အေအိုင်ဒီအက်စ်ရောဂါအခြေအနေကို ဖော်ပြပါရှိသည့် စာတမ်းကောက်နုတ်ချက်အချို့ကို အောက်တွင် ဖော်ပြပါသည်။

၁။ ကျိုင်းတုံမြို့ အေအိုင်ဒီအက်စ်အခြေအနေ သွေးလှူရှင်အားလုံးနှင့်ရောဂါရှိလိမ့်မည်ဟု ထင်ရသော ဝေဒနာရှင်များကို စစ်ဆေးခဲ့သည်။ ကျန်းမာသန်စွမ်းသော သွေးလှူရှင်ပေါင်း ၄၉၄ ဦးအနက် ၁၄ ဦး၏ သွေးထဲတွင် တစ်နေ့ကျလျှင် အေအိုင်ဒီအက်စ်ရောဂါကို ဖြစ်စေမည်ဖြစ်သော အိပ်ချ်အိုင်ဗွီပိုးကို စစ်ဆေးတွေ့ရသည်။ ရောဂါပိုးပြန့်ပွားမှုနှုန်း ၃ ဒသမ ဝ၂ ဇ0x040 ရှိသည်။ အေအိုင်ဒီအက်စ်ရောဂါ ဖြစ်ကောင်း ဖြစ်နေလိမ့်မည်ဟု ထင်ရသော ဆေးရုံပေါ်မှဝေဒနာရှင် ၈၉ ဦး ကို ဆေးစစ်ခဲ့ရာ ၃၇ ဦး(၄၁ ဒသမ ၅၇ဇ0x040) တွင် သွေးထဲ၌ ရောဂါပိုးရှိနေသည်ကိုတွေ့ရသည်။

၂။ ထားဝယ်မြို့ အေအိုင်ဒီအက်စ်ရောဂါအခြေအနေ ထားဝယ်မြို့ ပြည်သူ့ဆေးရုံ0x100ကီးတွင် ၁၉၉၂ ခုနှစ်၊ အောက်တိုဘာလအတွင်းက အေအိုင်ဒီအက်စ်ရောဂါ ပြန့်ပွား နေသော ပထမဆုံးလူနာကိုတွေ့ရသည်။ သည်နောက်တွင် အေအိုင်ဒီအက်စ်ရောဂါဖြစ်နေလိမ့်မည်ဟုထင်ရသော ရောဂါသည်များကိုဆက်တိုက် တွေ့ရှိလာသည်။ သို့သော် သွေးကိုစစ်ဆေးရန် အခွင့်အလမ်းမရ0x100ကသဖြင့် ဆရာဝန်များက ရောဂါအမည်ကို မဖော်နိုင်ခဲ့0x100ကချေ။

၁၉၉၃ 0x100သဂုတ်လကစပြီး သွေးထဲ၌ ရောဂါပိုးရှိမရှိ စစ်ဆေးရန် ကိရိယာပစ0x038ည်းများ ထားဝယ်ဆေးရုံသို့ ရောက် လာသည်။ ၁၉၉၃ 0x100သဂုတ်နှင့် စက်တင်ဘာလ နှစ်လအတွင်း ဆေးရုံပေါ်မှ အေအိုင်ဒီအက်စ်ရောဂါ ဖြစ်နေလိမ့်မည်ဟု ထင်ရ သော ဝေဒနာရှင် ၁၄ ဦးကို သွေးစစ်ဆေးခဲ့ရာ ၉ ဦးတွင် ရောဂါပိုးရိနေသည်ကိုတွေ့ရသည်။ ယင်းဝေဒနာရှင်များအနက် ၇ ဦးမှာ ယောကျ‡ားများဖြစ်0x100က၍ ၂ ဦးမှာ အမျိုးသမီးများ ဖြစ်0x100ကသည်။

ဆွေးနွေးချက် အေအိုင်ဒီအက်စ်ရောဂါသည် မြန်မာပြည်အနှံ့အပြားသို့ ကူးစက်နေပြီ၊ ယောကျ‡ားများမှာသာမက အမျိုးသမီးများကို ကူးစက်နေပြီ။ ယင်းတို့ကတစ်ဆင့် ကလေးများဆီကို ကူးစက် တော့မည်။အခြားမြို့နယ်များတွင်လည်း သွေးစစ်စရာ ဓာတ်ခွဲခန်း ပစ0x038ည်းများရရှိပါက ရောဂါသည်တွေ ပိုမိုတွေ့လာစရာ ရှိနေသည်။

၃။ တကယ် မူးယစ်ဆေးဝါးသုံးစွဲနေသူများ၏ နှုန်းထား မြန်မာနိုင်ငံတွင် မူးယစ်ဆေးစွဲသူများ မှတ်ပုံတင်ခြင်း လုပ်ငန်းကို ၁၉၇၄ ခုနှစ်က စတင်သည်။ ရန်ကုန်မြို့ ဆေးစွဲ သူများ ကုသရေးဌာနက ၁၉၈၇ ခုနျစ်ကစပြီး ဆေးစွဲနေ လိမ့်မည် ထင်ရသော သူများစာရင်းကို ကောက်ယူထားရှိသည်။ အထက်ပါ မိမိဘာသာဆေးစွဲနေပါသည်ဟု မှတ်ပုံတင် ထားသူ လူအရေအတွက်ကို ဥပဒေအရ မူးယစ်ဆေး သုံးစွဲ နေသည်ဟု မသက‡ာပါဆိုပြီး အမ်ဘီစံရသူများ၏ အရေအတွက် နှင့် နှိုင်းယှဉ်0x100ကည့်လျှင် မူးယစ်ဆေးကို တကယ်သုံးစွဲနေသူ တွေက မှတ်ပုံတင်ထားသော စာရင်းထက် သုံးလေးဆ ပိုလိမ့်မည်ဟု ယူဆရသည်။

ဆွေးနွေးချက် မူယစ်ဆေးစွဲနေသူ အရေအတွက်သည် ရေခဲတုံးကဲ့သို့ ရေပေါ်ပေါ်နေသူတွေကနည်းနည်း ရေအောက်မြုပ်နေသူ တွေကများများ၊ သူတို့အများစုမှာ အိပ်ချ်အိုင်ဗွီပိုးတွေ ကူးစက် နေပြန်ရာ သူတို့အတွက် ဆေးထိုးအပ်ကို အလကားဝေ0x100ကရ မလားမသိ။

၄။ အိပ်ချ်အိုင်ဗွီရောဂါပိုးနှင့် တီဘီရောဂါ ရန်ကုန်အလုပ်သမားဆေးရုံ0x100ကီးမှ တင်သွင်းသော သုတေ သနစာတမ်းဖြစ်သည်။ အဆိုပါ ဆေးရုံတွင် တီဘီရောဂါနှင့် အတူ သွေးထဲ၌ အိပ်ချ်အိုင်ဗွီရောဂါပိုးရှိသူ ၁ဝ ဦးကို ကုသ ပေးခဲ့ရသည်။ သူတို့အားလုံးမှာ အသက် ၂၃ နှစ်မှ ၃၉ နှစ်အတွင်းရှိ မြန်မာ လူမျိုးဗုဒ0x051ဘာသာဝင် အမျိုးသားများဖြစ်0x100ကသည်။ မြန်မာ့မီးရထားဌာနမှ အများဆုံး ၄ ဦး ပါဝင်သည်။ သူတို့ အားလုံး ဆေးလိပ်သောက်ခဲ့0x100ကသည်။ အရက်သောက်သူ အရေအတွက် ၈ဝဇ0x040 ဖိုမစိတ်လွန်ကဲသူ (ဇနီး၊ မယားတစ်ဦးနှင့် မကျေနပ်သူ) ၇ ဦးပါဝင်သည်။ ဆေးစွဲသူက ၅ ဦး။ ယင်းဝေဒနာရှင်များအနက် လေးဦးအသက်သေဆုံးသာီးပြီး သွေးထဲရောဂါပိုးတွေ့သည့်ရက်နှင့် အသက်သေဆုံးသည့် ရက်တို့မှာ ၆ ရက်၊ ၁ လ၊ ၂ လနှင့် ၅ လ တို့ဖြစ်သည်။

သတင်းကောင်း ၁။ ရောဂါလက0x034ဏာပေါ်လာမည့်အချိန် ံ၍ဥ0x038 ပိုးက လူသားတို့၏ ခ0x1150x051ာကိုယ်အတွင်းရှိ ကိုယ်ခံအား ကို ဖြစ်စေသော ဤ၄ ခေါ်ဤ ့နူစနမ ခနူူ တို့ကို ဖျက်ဆီး၏။ အသေးစိတ်ရေးရလျှင် လူသားတို့၏ ကလာပ်စည်း အပြင်ခန်း၌ ရှိသော ဂ0x035ီ၄ မော်လီကျူးကို တွယ်ထားနိုင်စွမ်းရှိ၏။ ထိုအခါ ဤ၄ ကလာပ်စည်းများပွားနိုင်ခြင်း မရှိတော့ချေ။ ထိုအခါဤ၄

ကလာပ်စည်းများပွားနိုင်ခြင်းမရှိတော့ချေ။ ဤတွင် ရောဂါ ကူးစက်ခံရသော ဝေဒနာရှင်၌ ကိုယ်ခံအားကျဆင်း၏။ ယခု ခေတ်တွင် ဆရာဝန်တွေက လူမမာများ၏ ဂ0x035ီ၄ သွေးဖြူဥ အရေအတွက်ကို ရေတွက်လေ့ရှိသည်။ ဂ0x035ီ၄ အရေအတွက် ကျလျှင် ံ၍ဥ0x038 ပိုးကူးခံထားရသောဝေဒနာရှင်၌ ဗ၍ှီ လက0x034ဏာပေါ်တော့မည်ဟုပြ၏။ဂ0x035ီ၄ အရေအတွက် မကျသေး ပါက ဝေဒနာရှင်၏ သွေးထဲ၌ ံ၍ဥ0x038 ပိုးရှိနေမည့် ဗ၍ှီ လက0x034ဏာ ရုတ်တရက်မပေါ်နိုင်သေးဟု ပြ၏။ သေို့0x100ကာင့်သွေးထဲ၌ံ၍ဥ0x038 ရောဂါပိုးတွေ့ရှိသူတိုင်း ယနေ့ နက်ဖြန်ဆိုသလို ဗ၍ှီ ရောဂါလက0x034ဏာ ဖြစ်ပေါ်မည် မဟုတ်ပါ။ အချိန်အတော်0x100ကာမှ ရောဂါလက0x034ဏာများ ပေါ်လာမည်ဖြစ်ပါသည်။

၁၉၇၉ ခုနှစ်ကပင်သွေးထဲ၌ ံ၍ဥ0x038 ရောဂါပိုးတွေ့ရှိပြီးသူ အချို့ယနေ့တိုင် ဗ၍ှီ ရောဂါလက0x034ဏာ မဖြစ်ပေါ်လာသေးသူ တွေရှိနေသည်။ သိပ0x053ံပညာရှင်များက သွေးထဲ၌ ံ၍ဥ0x038 ရောဂါပိုး တွေ့ရပြီးသူတွေထဲက လူ ၅ဇ0x040 မှာ ဗ၍ှီ ရောဂါလက0x034ဏာ မဖြစ်ပေါ်ဘဲ ရှိနေမည်ဟု ခန့်မှန်း0x100ကပါသည်။ ၎င်းမှာ အလွန် ကောင်းသော သတင်းဖြစ်၏။

၂။ မိမိ၏ သွေးဖြင့် မိမိခာကိုယ် ခွဲစိတ်ကုသရာတွင်အသုံးပြုခြင်း မိမိ၏ ခ0x1150x051ာကိုယ်မှ သွေးကို 0x100ကိုတင်ထုတ်ထားပြီး မိမိခွဲစိတ်ကုသသည့်နေ့တွင် မိမိအတွက် ပြန်လည်သုံးစွဲသည့် နည်းဖြစ်သည်။ အသစ်အဆန်းတော့မဟုတ်ပါ။ သို့သော် ယခုလိုသွေးသွင်းရာမှ အ0x1150x048ရာယ်အမျိုမျိုးရတတ်သော ခေတ်တွင် ပြန်လည်အသုံးဝင်လာသော နည်းဖြစ်သည်။ ဤနည်းဖြင့် ဝေဒနာရှင် ၁၉ ဦးကို ရန်ကုန် အမှတ် (၂) တပ်မတော် ဆေးရုံ0x100ကီးနှင့် မျက်စိ၊ နား၊ နှာခေါင်း ဆေးရုံ0x100ကီးတို့မှ ပညာ ရှင်များတွဲဖက် သုံးစွဲ0x100ကည့်ရာ လူနာ ၁၅ ဦး(၇၈ ဒသမ ၉ဇ0x040) တွင် အောင်မြင်စွာ သွေးသွင်း ကုသနိုင်ခဲ့ပါသည်။ လူနာ ၄ ဦးတွင် မအောင်မြင်ပါ။ မအောင်မြင်ရသည့် အေ0x100ကာင်းတို့မှာ - - သွေးထုတ်ရာမှ မူးသွားခြင်း - ပင်ကိုသွေး အားနည်းခြင်း - ရေခဲသေတ0x048ာ အခက်အခဲ - ရောဂါရှာဖွေရာမှ အခက်အခဲတို့ ဖြစ်0x100ကပါသည်။ ယခုကုထုံးက သမားရိုးကျ သွေးသွင်းကုသသည့်နည်းနှင့် ကွာခြားသောအချက်မှာ လူမမာထံမှ 0x100ကိုတင်ထုတ်ယူထားသော သွေးကို ရေခဲခန်းထဲ၌ အခဲအဖြစ် သိမ်းဆည်းထားခြင်း ဖြစ်သည်။ ဤနည်းဖြင့် သွေးကို သာမန်သွေးလှူဘဏ်များ၌ သိမ်းဆည်းထားခြင်းထက် ကာလတစ်ဆ ပိုပြီး0x100ကာအောင် သိမ်းဆည်းထားနိုင်သည်ဟု သိသရပါသည်။

၃။ ကုသရန်ဆေးသစ်များ ဗဇဤ ဆေးက အေအိုင်ဒီအက်စ် ရောဂါသည်များကို အနည်းဆုံး အသက်တစ်နှစ် ပိုရှည်အောင် ကူညီနိုင်စွမ်းရှိသည်။ ဗဇဤ ကို အေအိုင်ဒီအက်စ်လက0x034ဏာမပေါ်မီ 0x100ကိုတင်သုံးစွဲလို့ အကျိုးမရှိပါ။ ဤဆေးကို အပြိုင်ထုတ်လုပ်နေ0x100ကသဖြင့် ဗဇဤ ဆေး မ0x100ကာခင်ဈေးနှုန်းချိုသာတော့မည်။ ဗဇဤ ကို ဆရာဝန် တိုင်းအသုံးပြုခွင့်မရှိ၊ အထူးသင်တန်းတက်ပြီးသူများသာ သုံးစွဲ ခွင့်ရှိပါသည်။ တိုးတက်ဆဲနိုင်ငံတွေမှာ လူသားများအတွက် ဒေါ်လာ ၂ဝဝဝ မှ ဒေါ်လာ ၄ဝဝဝ တန် ဗဇဤ သုံးရန် လက်မလှမ်းနိုင်သေး။ ရောဂါမဖြစ်ရအောင် နေထိုင်0x100ကခြင်း သည်သာ အဓိက ဖြစ်ပါသည်။ ဗဇဤ နှင့် ဆေးသဘောချင်းတူပြီး ဈေးနှုန်းချိုသာစွာ ထုတ်လုပ်နိုင်မည့် ဆေးနှစ်လက်ကိုတော့ သုတေသနပြုနေ0x100က ဆဲ။ မ0x100ကာခင် အများပြည်သူသုံးစွဲနိုင်သော အဆင့်ကို ရောက်တော့မည်ဖြစ်၏။

ပထမဆေးက ီီူ (ီငိညေသျငညန)၊ ဘရစ်စတိုစကွစ် ကုမ0x053ဏီမှ ထုတ်လုပ်၍ နိုင်ငံပေါင်း ၂ဝ တွင် အသုံးပြုခွင့် ရထားပြီး ဖြစ်သည်။ ဒုတိယ ဆေးက ီီဂ0x035 ( ဇေူခငအဘေငညန) အမည်ရှိဆေး ဖြစ်၏။ ဟော့လင်းလာရို့ချ် ကုမ0x053ဏီက ထုတ်လုပ်ပြီး၊ နိုင်ငံ ၁၃ နိုင်ငံတွင် သုံးစွဲနေ0x100ကပြီဖြစ်သည်။ အထက်ဖော်ပြပါ ဗ0x1150x050ဤယီီဂ0x035 နှင့် ီီူ ဆေးသုံးမျိုးကို စုပေါင်းသုံးစွဲခြင်းဖြင့်ရမည့် စွမ်းပကားကိုလညး် သုတေသနပြု နေ0x100ကဆဲ။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)