ဂျာမနီနိုင်ငံ
| ဂျာမနီ ဖက်ဒရယ် သမ္မတ နိုင်ငံ | |||||
| ဂျာမနီ | |||||
|
|||||
| ပထဝီ |
|||||
| မြို့တော် | ဘာလင်မြို့ | ||||
| အကြီးဆုံးမြို့ | မြို့တော် | ||||
ဧရိယာ
|
|||||
| စံတော်ချိန်ဇုန် | UTC +၁ | ||||
| လူနေမှု | |||||
| ရုံးသုံးဘာသာများ | ဂျာမန် | ||||
လူဦးရေ
|
|||||
| နိုင်ငံရေး | |||||
| အမျိုးအစား | သမ္မတ ဦးစီးသော ဖက်ဒရယ် ပါလီမန် စနစ် | ||||
အစိုးရခေါင်းဆောင်များ
|
|||||
ထူထောင်မှု
|
|||||
| စီးပွားရေး | |||||
| GDP(PPP) | ၂.၈၀၆ ထရီလီယံ (အဆင့် - ) | ||||
| GDP(PPP) | US $၃၄,၂၁၂ (အဆင့် - ) | ||||
| HDI | ၀.၈၈၅ (အမြင့်) (အဆင့် - ၁၀) | ||||
| ငွေ | ယူရို (€) | ||||
| နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ | |||||
| ISO 3166-1 | DE | ||||
| CCLTD | .de | ||||
| Calling code | +၄၉ | ||||
ဂျာမနီနိုင်ငံသည် ဥရောပတိုက်အလယ်ပိုင်းတွင် ရှိသောနိုင်ငံတခုဖြစ်ပြီး အကျယ်အဝန်းအားဖြင့် ၃၅၇၀၂၁ စတုရန်း ကီလိုမီတာရှိသည်။ အိမ်နီးချင်းနိုင်ငံပေါင်း ကိုးနိုင်ငံရှိပြီး ၎င်းတို့မှာ ဩစတြီးယား၊ဘယ်လ်ဂျီယန်၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ပြင်သစ်၊ လူဇင်ဘတ်၊ နယ်သာလန်၊ ပိုလန် နှင့် ဆွစ်ဇာလန် တို့ဖြစ်ကြသည်။ ပြည်နယ်ပေါင်း ၁၆ ခုဖြင့်ဖွဲ့စည်းထားသော ပြည်ထောင်စုနိုင်ငံဖြစ်၍ မြို့တော်မှာ ဘာလင် ဖြစ်သည်။ မိုးလေဝသအခြေအနေမှာ မကြာခဏပြောင်းလဲလေ့ရှိပြီး အဓိကအားဖြင့် အနောက်လေများတိုက်ခိုက်သည့် မျှတသော သမုဒ္ဒရာပိုင်း ရာသီဥတုဖြစ်သည်။
၁၉၄၉ ခုနှစ်မှစ၍ ဒီမိုကရက်တစ် ပါလီမန်ပြည်ထောင်စု ဒီမိုကရေစီ နိုင်ငံဖြစ်သည်။ ပြည်နယ်တစ်ခုစီတွင် ကိုယ်ပိုင်ဖွဲ့စည်းပုံ၊ပါလီမန်နှင့် အစိုးရအဖွဲ့တို့ရှိသည်။ ပြည်ထောင်စု အစိုးရက နိုင်ငံတော်၏ အမြင့်ဆုံးအာဏာကို ကိုင်တွယ်ကျင့်သုံးသည့် ဘွန်းဒတ်စ်ရတ်ခေါ် ပြည်သူ့လွှတ်တော်မှ တဆင့်ပြည်နယ်များသည် ပြည်ထောင်စုအဆင့်တွင်ကိုယ်စားပြုပြီး ပြည်ထောင်စုဥပဒေ ပြုအဖွဲ့တွင်ပါဝင်သည်။ ပါတီစုံစနစ် နိုင်ငံရေးဖြစ်ပြီး ပါတီတိုင်းတွင်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲမှုတွင်ပါဝင်ခွင့်ရှိသည်။
အဓိကနေထိုင်သောလူမျိုးများမှာ ဂျာမန်လူမျိုးများဖြစ်ကြသည်။ ရုံးသုံးဘာသာစကား အဖြစ်ဂျာမန်ဘာသာစကားကို အသုံးပြုသည်။ ဥရောပသမဂ္ဂ ဝင်နိုင်ငံများတွင်လည်း မကြာခဏသုံးနှုန်းပြောဆိုသော ဘာသာစကားဖြစ်သည်။ လက်ရှိလူဦးရေမှာ ၈၂.၃ သန်းနေထိုင်ပြီး တစ်စတုရန်းကီလိုမီတာတွင် ပျဉ်းမျှလူဦးရေ ၂၃၁ ဦးနေထိုင်သောကြောင့် ဥရောပနိုင်ငံများတွင် လူဦးရေ သိပ်သည်းမှုအများဆုံးနိုင်ငံလည်းဖြစ်သည်။ အမျိုးသားများ၏ ပျဉ်းမျှသက်တမ်းမှာ ၇၆ နှစ်ဖြစ်ပြီး၊ အမျိုးသမီးများမှာ ၈၁ နှစ်ဖြစ်သည်။ ခရစ်ယာန်ဘာသာဝင် ၅၃ သန်းနီးပါးရှိ၍ မွတ်စလင် ၃.၃ သန်း၊ ဗုဒ္ဓဘာသာ ဝင်၂၃၀၀၀၀၊ ဂျူးဘာသာဝင် ၁၀၀၀၀၀ နှင့် ဟိန္ဒူ ဘာသာဝင် ၉၀၀၀၀ အသီးသီးနေထိုင်ကြသည်။ လူဦးရေ၏ ၈၈% မှာမြို့ကြီးများနှင့် ယင်းတို့၏ တိုးချဲ့ဧရိယာများတွင် နေထိုင်ကြသည်။
ဂျာမနီသည် လက်ရှိ ဥရောပသမဂ္ဂတွင် စီးပွားရေးအင်အားအကြီးမားဆုံးဖြစ်ပြီး၊ ကမ္ဘာပေါ်တွင် စီးပွားရေးအရ တတိယအင်အား အကြီးမားဆုံးနိုင်ငံဖြစ်သည်။ စုစုပေါင်းပြည်တွင်း အသားတင်ထုတ်လုပ်မူ့တန်ဖိုးမှာ ၂၀၀၄ ခုနှစ်စာရင်းအရ ၂၂၁၆ ဘီလျံ ရှိသည်။ကမ္ဘာ့ ထိပ်တန်းကုန်တင်ပို့ရောင်းချသည့် နိုင်ငံဖြစ်ပြီး ပြည်ပတင်ပို့သည့် ကုန်ပစ္စည်းတန်ဖိုးစုစုပေါင်းမှာ ၂၀၀၇ ခုနှစ်တွင်ယူရို ၉၆၉ ဘီလျံထိရှိလာခဲ့သည် ။ အဓိက ကုန်သွယ်ဘက်နိုင်ငံများမှာ ပြင်သစ်၊ အမေရိကန်၊ ဗြိတိန် နှင့် အီတလီနိုင်ငံတို့ ဖြစ်ကြသည်။ အဓိကစီးပွားရေး ကဏ္ဍများမှာ မော်တော်ကားထုတ်လုပ်ခြင်း၊ စက်မှု လုပ်ငန်း၊ လျှပ်စစ်နှင့် စံညွှန်းကိုက်အင်ဂျင်နီယာလုပ်ငန်း၊ ဓာတုပစ္စည်းများ၊ ပတ်ဝန်းကျင်ဆိုင်ရာနည်းပညာ၊ မျက်မှန်ပစ္စည်းများ၊ ဆေးကုသမှုနည်းပညာ၊ ဇီဝနည်းပညာနှင့် မျိုးရိုးဗီဇသုတေသနပညာ၊ နာနိုနည်းပညာ၊ လေကြောင်းနှင့် အကာသပညာထောက်ပံ့ရေးလုပ်ငန်းများ စသည်တို့ဖြစ်ကြသည်။
သမိုင်း [ပြင်ဆင်ရန်]
ဂျာမန်မျိုးနွယ်များသည် ရောမအင်ပါရာအင်အားနည်းလာချိန်တွင် အရှေ့ဖက်မှဝင်ရောက်လာကြသည်။ ရောမအင်ပါယာသည်အင်အားနည်းပါးနေပြီဖြစ်ရာ ဝင်ရောက်လာသော ဂျာမန်များကိုတွန်းလှန်နိုင်ခြင်းမရှိတော့ပေ။ သို့ဖြင့်ဂျာမန်နယ်များပေါ်ပေါက်လာပြီး မြို့ပြနိုင်ငံများထူထောင်ကြသည်။ အလယ်ခေတ်တွင်ပရပ်ရှားနယ်များဟုအမည်တွင်သည်။ နပိုလီယန်ကျဆုံးပြီးနောက်ပိုင်းတွင် ပရပ်ရှားနယ်များပိုမိုစည်းလုံးမိလာကြသည်။ စက်မှုလုပ်ငန်းများလည်းဖွံ့ဖြိုးလာသည်။ ပြင်သစ်နှင့်စစ်ဖြစ်ပွားရာအနိုင်ရသည်။ ပထမကိုင်ဇာဘုရင်သည် နန်းရင်းဝန် ဘစ္စမတ်၏အကူအညီဖြင့် ပရပ်ရှားနယ်များကို စုစည်းပြီးနောက် ဂျာမနီနိုင်ငံအဖြစ်ထူထောင်လိုက်သည်။ ဂျာမနီ၏အင်အားသည် ဒုတိယကိုင်ဇာဘုရင်လက်ထက်တွင် ပိုမိုအင်အားကြီးမားလာပြီး ပတ်ဝန်းကျင်နိုင်ငံများအားမထေမဲ့မြင်ပြုလာသဖြင့် အင်္ဂလိပ်၊ ပြင်သစ်တို့နှင့်မသင့်မသင့်ဖြစ်လာသည်။ ထွန်းကားလာသော စက်မှုလုပ်ငန်းများအတွက် ကမ္ဘာ့ဈေးကွက်ရှာဖွေရာ ဈေးကွက်ကိုယခင်ကတည်းကအုပ်စီးထားသော အင်္ဂလိပ်၊ ပြင်သစ်ကထိတ်လန့်လာကြသည်။ ပထမကမ္ဘာစစ်တွင် ဂျာမနီသည် ဩစတြီးယားဟန်ဂေရီ၊ တူရကီတို့နှင့်မဟာမိတ်ဖွဲ့ပြီး အင်္ဂလိပ်၊ ပြင်သစ်၊ ရုရှားတို့နှင့်စစ်ပြိုင်ရာ ရှုံးနိမ့်သဖြင့် အမျိုးမျိုးဖိနှိပ်ခံရသည်။ စစ်ပြီးခေတ်တွင်ဝိုင်မာသမ္မတနိုင်ငံဟုအမည်တွင်သည်။ ထို့နောက်ဟစ်တလာတက်လာပြီး စစ်ရေးအားထုတ်ကြိုပမ်းလာကာ ပတ်ဝန်းကျင်နိုင်ငံများအားတိုက်ခိုက်သိမ်းယူသဖြင့် ဒုတိယကမ္ဘာစစ်ဖြစ်ပွားသည်။ ဒုတိယကမ္ဘာစစ်တွင် ဂျာမနီ ၊ အီတလီ၊ ဂျပန်တို့ကတစ်ဖက်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှားနှင့်အမေရိကန်တို့ကတစ်ဖက် တိုက်ခိုက်ကြရာ ဂျာမန်တို့ရှုံးနိမ့်သည်။ စစ်ပြီးခေတ်တွင် ဂျာမနီအား အရင်းရှင်နိုင်ငံများကတစ်ခြမ်း၊ ကွန်မြူနစ်နိုင်ငံများကတစ်ခြမ်းသိမ်းပိုက်လိုက်ကြပြီး အရှေ့ဂျာမနီနှင့်အနောက်ဂျာမနီဟူ၍ပေါ်ပေါက်လာကာ စစ်အေးတိုက်ပွဲဆင်နွဲကြသည်။ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် အရှေ့ဂျာမနီမှာ သီးခြားရပ်တည်နိုင်ခြင်းမရှိတော့ပဲ ဂျာမနီနှစ်နိုင်ငံပေါင်းစည်းလိုက်ကြသည်။