နတ်မောက်မြို့
နတ်မောက်မြို့ | |
---|---|
မြန်မာနိုင်ငံရှိ မြို့များ | |
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ | |
ကိုဩဒိနိတ်: 20°21′N 95°24′E / 20.350°N 95.400°E | |
နိုင်ငံအမည် | မြန်မာ |
တိုင်းဒေသကြီး | မကွေး |
ခရိုင် | မကွေး |
မြို့နယ် | နတ်မောက်မြို့နယ် |
လတ္တီကျု | (၂၀)ဒီဂရီ၊ (၂၁)မိနစ် |
လောင်ဂျီကျု | (၉၅)ဒီဂရီ၊ (၂၄)မိနစ် |
မြို့နယ်ရုံးစိုက်ရာမြို့ | နတ်မောက်မြို့ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်) |
နတ်မောက်မြို့ သည် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၏ ရုံးစိုက်မြို့ ဖြစ်သည်။ မကွေးမြို့မှ (၃၆)မိုင် ကွာဝေးသည်။ ပျဉ်းမနား - ကျောက်ပန်းတောင်း မီးရထားလမ်းပေါ်တွင် တည်ရှိ၍ ပျဉ်းမနားမှ (၉၂)မိုင်ဝေးသည်။ ဧရာဝတီမြစ်ရိုးတွင် တည်ရှိသော မကွေးမြို့၊ အောင်လံမြို့များနှင့်လည်း ကားလမ်း အဆက်အသွယ်ရှိ၏။ နတ်မောက်မြို့နယ်မှ အဓိက ထွက်သော အသီးအနှံများမှာ နှမ်း၊ မြေပဲ၊ ပြောင်း တို့ဖြစ်သည်။ ဆန်စပါးကို ယင်းချောင်းတစ်လျှောက်တွင် ဆည်မြောင်းများဖြင့် စိုက်ပျိုးကြသည်။ နတ်မောက်မြို့ပေါ်ရှိ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၁၄,၇၃၇ ယောက် ဖြစ်လေသည်။[၁]
နတ်မောက်မြို့သည် မြန်မာစာပေလောကတွင် ထင်ရှားကျော်ကြားသော စုံနံ့သာမြိုင်ရှာပုံတော်ကြီး သီချင်း ကို ရေးသားပြုစုသူ ဦးကြော့ နှင့် မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း တို့၏ ဇာတိမြို့ ဖြစ်သည်။ [၂]
ကိုးကား
[ပြင်ဆင်ရန်]