မာတိကာသို့ ခုန်သွားရန်

၂၀၂၄ အမျိုးသားအားကစားပွဲတော်

ဝီကီပီးဒီးယား မှ
၂၀၂၄ အမျိုးသားအားကစားပွဲတော်
2024 National Sports Festival
ကျင်းပရာမြို့ နေပြည်တော်မြို့
ပါဝင်သောအသင်းများTBA
ကစားပွဲအမျိုးအစား၂၃
၄ (မသန်စွမ်း)
ဖွင့်ပွဲအခမ်းအနား၉ ဒီဇင်ဘာ
ပိတ်ပွဲအခမ်းအနား၂၀ ဒီဇင်ဘာ
တရားဝင်ဖွင့်လှစ်ပေးခဲ့သူဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
တရားဝင်ပိတ်သိမ်းပေးခဲ့သူဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
အဓိကအားကစားကွင်းဝဏ္ဏသိဒ္ဓိ မိုးလုံလေလုံအားကစားရုံ
၂၀၁၅ ၂၀၂၆  >

၂၀၂၄ အမျိုးသားအားကစားပွဲတော်သည် နေပြည်တော်မြို့တွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၉ ရက်မှ ၂၀ ရက်နေ့အထိ ကျင်းပခဲ့သော ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ဖြစ်သည်။

ပြည်ထောင်စုနယ်မြေ ၁ ခု၊ ပြည်နယ်နှင့်တိုင်း ၁၄ ခု နှင့် ဝန်ကြီးဌာနအသီးသီး တို့မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ ယခုပြိုင်ပွဲသည် ၂၀၁၅ တွင် ကျင်းပခဲ့သော စတုတ္ထအကြိမ် အမျိုးသားအားကစားပွဲတော် ပြီးနောက် တဖန်ပြန်လည်ကျင်းပသော ပြိုင်ပွဲဖြစ်သည်။

ပြိုင်ပွဲကျင်းပခြင်း

[ပြင်ဆင်ရန်]

ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ် အမျိုးသားအားကစားပွဲတော်များမှာ ၁၉၉၂၊ ၁၉၉၄၊ ၁၉၉၇ ခုနှစ်တို့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ ထိုနောက် စတုတ္ထအကြိမ် အမျိုးသားအားကစားပြိုင်ပွဲ ကို ၁၈နှစ်အကြာ ၂၀၁၅ ခုနှစ်တွင်မှ ပြန်လည်ကျင်းပနိုင်ခဲ့သည်။ ယခု ၂၀၂၄ အမျိုးသားအားကစားပွဲတော်သည် ပဉ္စမအကြိမ်မြောက် ထပ်မံကျင်းပသောပြိုင်ပွဲဖြစ်သည်။

ပွဲများနှင့်အားကစား

[ပြင်ဆင်ရန်]

ပါဝင်​သော အားကစားနည်းများ

[ပြင်ဆင်ရန်]

၂၀၂၄ အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာနအဆင့်၌ အားကစားနည်း ၆မျိုး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်၌ အားကစားနည်း ၃၂မျိုး နှင့် မသန်မစွမ်းအားကစားနည်း ၄မျိုး စုစုပေါင်း အားကစားနည်း ၄၂မျိုး ထည့်သွင်းကျင်းပသွားမည်။

၂၀၂၄ အမျိုးသားအားကစားပွဲတော် တွင်ပါဝင်​သော အားကစားနည်းများ
ဝန်ကြီးဌာနအဆင့် အားကစားနည်းများ
  • ​ပြေးခုန်ပစ်
  • ​ ဘောလုံး
  • ဖူဆယ်
  • ​ ဂေါက်သီး
  • ပိုက်​ကျော်ခြင်း
  • ​ဘော်လီ​ဘော
ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အားကစားနည်းများ
  • ရေကူး
  • ​ပြေးခုန်ပစ်
  • ကြက်တောင်
  • ကာယကြံ့ခိုင်မှု
  • ဘတ်စကက်ဘော
  • ဘီလိယက်နှင့် စနူကာ
  • ​ ဘောလုံး
  • ဖူဆယ်
  • ​ဂေါက်သီး
  • လက်​ဝှေ့
  • ခရစ်ကတ်
  • ​ဂျူဒို
  • ​ ကရာ​တေး
  • ပိုက်​ကျော်ခြင်း
  • စားပွဲတင်တင်းနစ်
  • တိုက်ကွမ်ဒို
  • တင်းနစ်
  • ​ခြင်းလုံး
  • မြန်မာ့သိုင်း
  • ​ဘော်လီ​ဘော
  • ဗိုဗီနမ်
  • အ​လေးမ
  • ဝူရှုး
မသန်မစွမ်းအားကစားနည်းများ
  • ရေကူး
  • ပြေးခုန်ပစ်
  • ထိုင်လျက်ဘောလီဘော
  • မျက်မမြင်စစ်တုရင်

ပါဝင်သည့်အသင်းများ

[ပြင်ဆင်ရန်]

၂၀၂၄ အမျိုးသားအားကစားပွဲတော် တွင် ပြည်ထောင်စုနယ်မြေ ၁ ခု၊ ပြည်နယ်နှင့်တိုင်း ၁၄ ခု နှင့် ဝန်ကြီးဌာနအသီးသီး တို့မှဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

၂၀၂၄ အမျိုးသားအားကစားပွဲတော် တွင်ပါဝင်ယှဉ်ပြိုင်သော ဝန်ကြီးဌာနအသင်းများ
၂၀၂၄ အမျိုးသားအားကစားပွဲတော် တွင်ပါဝင်ယှဉ်ပြိုင်သော ပြည်နယ်နှင့်တိုင်းအသင်းများ

ဆုတံဆိပ်ဇယား

[ပြင်ဆင်ရန်]
၂၀၂၄ အမျိုးသားအားကစားပွဲတော် တွင်ဝန်ကြီးဌာနအလိုက် ဆုတံဆိပ်ဇယား
 အဆင့်  ဝန်ကြီးဌာန ရွှေ ငွေ ကြေး စုစုပေါင်း
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန
ကာကွယ်ရေးဝန်ကြီးဌာန
စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန
ပြည်ထဲရေး ဝန်ကြီးဌာန
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန
အလုပ်သမားဝန်ကြီးဌာန
စုစုပေါင်း ၁၂
Key

  *   အိမ်ရှင်

၂၀၂၄ အမျိုးသားအားကစားပွဲတော် တွင်ပြည်နယ်/တိုင်းအလိုက် ဆုတံဆိပ်ဇယား
 အဆင့်  ပြည်နယ်/တိုင်း ရွှေ ငွေ ကြေး စုစုပေါင်း
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တိုင်းဒေသကြီး
ရှမ်းပြည်နယ် ရှမ်းပြည်နယ်
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီတိုင်းဒေသကြီး
နေပြည်တော်*
မန္တလေးတိုင်းဒေသကြီး မန္တလေးတိုင်းဒေသကြီး
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းတိုင်းဒေသကြီး
မွန်ပြည်နယ် မွန်ပြည်နယ်
ကရင်ပြည်နယ် ကရင်ပြည်နယ်
ရခိုင်ပြည်နယ် ရခိုင်ပြည်နယ်
၁၀ ပဲခူးတိုင်းဒေသကြီး ပဲခူးတိုင်းဒေသကြီး
၁၀ ကချင်ပြည်နယ် ကချင်ပြည်နယ်
စုစုပေါင်း ၁၂ ၃၀
Key

  *   အိမ်ရှင်

၂၀၂၄ အမျိုးသားအားကစားပွဲတော် တွင်ပြည်နယ်/တိုင်းအလိုက် ဆုတံဆိပ်ဇယား (မသန်စွမ်းအားကစား)
 အဆင့်  ပြည်နယ်/တိုင်း ရွှေ ငွေ ကြေး စုစုပေါင်း
ဧရာဝတီတိုင်းဒေသကြီး ဧရာဝတီတိုင်းဒေသကြီး ၁၃ ၂၇
ပဲခူးတိုင်းဒေသကြီး ပဲခူးတိုင်းဒေသကြီး ၁၂ ၂၈
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တိုင်းဒေသကြီး ၂၄
မွန်ပြည်နယ် မွန်ပြည်နယ် ၁၁ ၁၂ ၃၀
မန္တလေးတိုင်းဒေသကြီး မန္တလေးတိုင်းဒေသကြီး ၁၁ ၂၁
နေပြည်တော်* ၁၉
စုစုပေါင်း ၅၀ ၅၀ ၄၉ ၁၄၉


ကိုးကား

[ပြင်ဆင်ရန်]