၂၀၁၅ အမျိုးသားအားကစားပွဲတော်
ကျင်းပရာမြို့ | ![]() | ||
---|---|---|---|
ပါဝင်သောအသင်းများ | ၁၅ | ||
ကစားပွဲအမျိုးအစား | ၃၄ (၂၇နည်း) | ||
ဖွင့်ပွဲအခမ်းအနား | ၂၁ ဖေဖော်ဝါရီ | ||
ပိတ်ပွဲအခမ်းအနား | ၂၈ ဖေဖော်ဝါရီ | ||
တရားဝင်ဖွင့်လှစ်ပေးခဲ့သူ | ဦးဉာဏ်ထွန်း ဒုတိယသမ္မတ | ||
တရားဝင်ပိတ်သိမ်းပေးခဲ့သူ | ဦးဉာဏ်ထွန်း ဒုတိယသမ္မတ | ||
အဓိကအားကစားကွင်း |
| ||
|
၂၀၁၅ အမျိုးသားအားကစားပွဲတော်သည် နေပြည်တော်မြို့တွင် ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ ၂၁ရက်မှ ၂၈ရက်နေ့အထိ ကျင်းပခဲ့သော စတုတ္ထအကြိမ် အမျိုးသားအားကစားပွဲတော် ဖြစ်သည်။ ပြည်ထောင်စုနယ်မြေ ၁ ခု၊ ပြည်နယ်နှင့်တိုင်း ၁၄ ခုတို့မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ ၁၉၉၇ ခုနှစ်တွင် ရန်ကုန်မြို့၌ တတိယအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပပြီး ၁၈ နှစ်အကြာမှ ပြန်လည်ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။
ဤပွဲတော်သည် ၂၀၁၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် မျိုးဆက်သစ်များ ထွက်ပေါ်လာစေရန် ရည်ရွယ်သည်။[၁]ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့က ပထမ၊ ဒုတိယ၊ တတိယ ရရှိခဲ့သည်။
ပြိုင်ပွဲကျင်းပခြင်း
[ပြင်ဆင်ရန်]ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ် အမျိုးသားအားကစားပွဲတော်များမှာ ၁၉၉၂၊ ၁၉၉၄၊ ၁၉၉၇ ခုနှစ်တို့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ ထို့နောက် ကျင်းပရန်အခက်အခဲများကြောင့် ဆက်လက်ကျင်းပခြင်းမရှိခဲ့ပေ။[၂]၂၀၁၅ခုနှစ်ရောက်မှသာ ပြန်လည်ကျင်းပနိုင်ခဲ့သည်။ ပြိုင်ပွဲကို နေပြည်တော်တွင် ကျင်းပခဲ့သည်။ ပြိုင်ပွဲ၏ပွဲစဉ်အချို့ကို ဇန်နဝါရီ (၈)ရက်နေ့ကတည်းကပင် စတင်ကျင်းပခဲ့သည်။[၃]
ပွဲများနှင့်အားကစား
[ပြင်ဆင်ရန်]ဖွင့်ပွဲအခမ်းအနား
[ပြင်ဆင်ရန်]၂၀၁၅ အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲကို ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ (၂၁) ရက်နေ့ နံနက် (၈) နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ (ဘီ) ၌ ကျင်းပခဲ့သည်။ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း က အားကစာယပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။
ပိတ်ပွဲအခမ်းအနား
[ပြင်ဆင်ရန်]၂၀၁၅ အမျိုးသားအားကစားပွဲတော် ပိတ်ပွဲကို ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ (၂၈) ရက်နေ့ ညနေ (၆) နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ကျင်းပခဲ့သည်။ ပိတ်ပွဲမစမီတွင် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ကျင်းပခဲ့သည်။ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက ပွဲတော်ကို ပိတ်သိမ်းပေးခဲ့သည်။
ပါဝင်သည့်အသင်းများ
[ပြင်ဆင်ရန်]- ကချင်ပြည်နယ်
ကယားပြည်နယ်
ကရင်ပြည်နယ်
ချင်းပြည်နယ်
စစ်ကိုင်းတိုင်းဒေသကြီး
- တနင်္သာရီတိုင်းဒေသကြီး
ပဲခူးတိုင်းဒေသကြီး
- မကွေးတိုင်းဒေသကြီး
မန္တလေးတိုင်းဒေသကြီး
မွန်ပြည်နယ်
ရခိုင်ပြည်နယ်
ရန်ကုန်တိုင်းဒေသကြီး
ရှမ်းပြည်နယ်
ဧရာဝတီတိုင်းဒေသကြီး
နေပြည်တော်ပြည်ထောင်စုနယ်မြေ
အားကစားနည်းများ
[ပြင်ဆင်ရန်]ပြေးခုန်ပစ်
ကြက်တောင်ရိုက်
ဘတ်စကက်ဘော
ဘီလိယက်နှင့် စနူကာ
ကာယကြံ့ခိုင်မှု
လက်ဝှေ့
စစ်တုရင်
- ခြင်းလုံး
စက်ဘီးစီး
ဘောလုံး
ဖူဆယ်
ဂေါက်သီး
ဂျူဒို
ကရာတေး
ပိုက်ကျော်ခြင်း
ရေကူး/ဒိုင်ဗင်
ရိုးရာလက်ဝှေ့
စားပွဲတင်တင်းနစ်
တိုက်ကွမ်ဒို
တင်းနစ်
- မြန်မာ့သိုင်း
ဘော်လီဘော
အလေးမ
ဝူရှုး
၃မျိုးဆင့် အားကစား
ခရစ်ကတ်
အာရှအားကစားပြိုင်ပွဲတွင် အသုံးပြုခဲ့သော အားကစားကွင်း/ရုံများတွင် ကျင်းပခဲ့သည်။ ထို့အပြင် လယ်ဝေးနှင့် ပျဉ်းမနားမြို့များရှိ အားကစားကွင်းများကိုလည်း အသုံးပြုခဲ့သည်။ အားကစားနည်းပေါင်း (၂၇)နည်းတွင် အမျိုးသား (၂,၈၉၅)ဦး၊ အမျိုးသမီး (၁,၄၆၆)ဦးတို့ ပါဝင်ယီဉ်ပြိုင်ကြသည်။ ထို့အပြင် အားကစားနည်း (၇)နည်းဖြင့် မသန်စွမ်းအားကစားပြိုင်ပွဲလည်း ပါဝင်သည်။[၄]
ကိုးကား
[ပြင်ဆင်ရန်]- ↑ 4th NSF။
- ↑ 4th NSF will be brocasted။
- ↑ ထူးချွန်အားကစား သမားများ ရွေးထုတ်ပေးမည့် အမျိုးသား အားကစားပွဲတော်။
- ↑ အမျိုးသားအားကစားပွဲတော် ရန်ကုန်တိုင်းဦးဆောင်။ 21 September 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 April 2022 တွင် ပြန်စစ်ပြီး။